Wednesday, July 1, 2009

စစ်ဗိုလ်တစ်ဦး ရွာသားထံမှ ဆိုင်ကယ်လုယူ

ကန္တာ ရ၀တီတိုင်း(မ်)/ဇူလှိုင် ၁၊ ၂၀၀၉

ကရင် နီပြည်နယ်၊ ဒီမောဆို မြို့တွင် အခြေ စိုက်သော မြန်မာ စစ်အစိုးရ တပ်ရင်း ခလရ (၄၂၇) မှ စစ်ဗိုလ် တစ်ဦး သည် ရွာသား တစ်ဦး ထံမှ ဆိုင်ကယ် တစ်စီး အကြောင်း မရှိ အကြောင်း ရှာ၍ သိမ်းယူ လိုက်သည် ဟု အသိမ်း ဆည်းခံ ရသော ရွာသား နှင့် နီးစပ် သူက ပြော သည်။

ဒီမောဆိုမြို့နယ်၊ ဒေါ်စဲရွာသားတဦးထံမှ သိမ်းယူသွားသော ဆိုင်ကယ်အား ငွေတောင်ဆိုင်ကယ် ၀ပ်ရှော့ဆိုင်တဆိုင်တွင် ဆိုင်ကယ် ပိုင်ရှင်မှ တွေ့ရှိ၍ ၀ပ်ရှော့ဆိုင်ပိုင်ရှင်အား အကျိုးအကြောင်းရှင်းပြပြီး မိမိဆိုင်ကယ်အား ပြန်လှည်ရရှိသွားသည်။

ဆိုင်ကယ်ပိုင်ရှင်မှ မိမိပိုင်သော ဆိုင်ကယ်အား ပြန်လည်ရရှိသောကြောင့် (၄၂၇)တပ်ရင်းမှ ဗိုလ်တစ်ယောက်က မကျေမနပ်နှင့် ဒေါသ ထွက်ကာ ဆိုင်ကယ်ပိုင်ရှင်အား အမှုဖွင့်မည်ဟု အမျိုးမျိုးခြိမ်းခြောက် ပြောဆိုသောကြောင့် ဆိုင်ကယ်ပိုင်ရှင်သည် ကြောက်လန့် သွား ခြင်း ကြောင့်လည်းကောင်း၊ အမှုတက်ရလျှင် ကုန်ကျမည့် ငွေကြေးသည် ဆိုင်ကယ်တန်ဖိုးထက် သုံးဆလောက် ကုန်မည် ဖြစ်ခြင်း ကြောင့် လည်းကောင်း၊ ဆိုင်ကယ်ကို အလာဟသ ပေးလိုက်ရသည်ဟု ဆိုသည်။

No comments:

Post a Comment