Sunday, September 20, 2009

စဉ်းစားဆင်ချင်ကြစေချင်သည် မိတ်ဆွေတို့ ( ဒုတိယအပိုင်း )

လေးငယ်

၎၊၊ အရှိန်မြှင့်ဆောင်ရွက်ခြင်း၊၊
- အစည်းအဝေးများလုပ်ပြရုံသက်သက်နှင့် အလုပ်ဖြစ်မှာမဟုတ်သလို အလုပ်အပေါ် တာဝန်ယူမှု မရှိလျှင် လည်းအလုပ်မဖြစ်ပေ၊၊ အလုပ်ကိုလုပ်ပြတိုင်းလည်း၊ အလုပ်ဖြစ်ရုံ၊ မြင်သာရုံ၊ ကြွားစရာဖြစ်ရုံနှင့် လုပ်နေ၍လည်းမဖြစ် မြောက်ပြန်ပါ၊၊ ဤသို့ကြောင့် အလုပ်ကိုဘယ်လိုမျိုး၊ အရှိန်မြှင့်လုပ်ဆောင်ကြမှာလဲ -

(က) မည်သည့်လုပ်ငန်းမျိုးကို ဆောင်ရွက်မှာပါလဲ၊ (ပါတီရေးလား၊ ကုမ္ပဏီရေးလား၊ နိုင်ငံရေးလား) ဆိုသည်ကိုသေ ချာစွာသိပါ၊၊

(ခ) မိမိကြံဆောင်လုပ်လိုသည့်လုပ်ငန်းအပေါ် တတ်သိပညာရှင်များ၊ မိမိလုပ်လိုသည့်လုပ်ငန်း၌အတွေ့အ ကြုံရှိခဲ့သူ များနှင့်တိုင်ပင်ညှိနှိုင်းရပါ၊

(ဂ) မိမိနှင့်လက်တွဲလုပ်ကိုင်ရမည့် သူများ၌လည်း မိမိလုပ်လိုသည့် လုပ်ငန်းကိုသေချာစွာသိပြီးလား၊၊ လိုအပ်သည့်လူ အရေအတွက်ခန့်မှန်း (ထောက်ခံသည့်အင်အား) အနေအထားကိုရရှိနိုင်မလား၊၊ လုပ်နည်းကိုင်နည်းများလည်း သေချာ နားလည်လောက်သည့် အခြေအနေမျိုးရှိနေပြီးလား၊ စသည့်အခြေအနေမှန်ကို သုံးသပ်နိုင်ရမည်၊၊

(ဃ) ရည်ရွယ်ချက်၊ လမ်းစဉ်၊ လုပ်နည်းကိုင်နည်း၊ စည်းမျဉ်းစည်းကမ်း၊ စသည့်အခင်းအကျင်းများ ပီပီပြင်ပြင်ခင်းကျင်း ထားခဲ့ရပေလိမ့်မည်၊ ဆန္ဒလည်းရှိပြီး တက်ကြွစွာပါဝင်ချင်စိတ်ရှိရမည်၊ ဝေဝါးမှုမရှိစေရ၊၊

- လူအဖြစ်ရပ်တည်ရှင်သန်နိုင်ဖို့အတွက် အစားအစာဟာ မရှိကိုမဖြစ်သည့်အရာဖြစ်ပါသည်၊၊ ဤကဲ့သို့ပင်လုပ်ငန်းတခု အကောင်အထည်ဖေါ်ရာ၌ မပြီးရင်မဖြစ်သည့် စိတ်မျိုးထားရှိမှ ပိုပြီးထိရောက်ပေလိမ့်မည်၊ အနီးဆုံးမှာ ဇွဲကောင်းရမှာ ဖြစ်ပြီး လုပ်ငန်းအောင်မြင်မှု မရသေးသမျှ လုံပမ်းသွားမည့်စိတ်မျိုး ရှင်သန်နေရမည်၊၊ ဤလိုစိတ်မျိုးနှင့် ကျရာတာဝန် ကို ဦးလည်မသုံအရှိန်အဟုန်ဖြင့် ဆောင်ရွက်ရပေမည်၊၊

၅၊၊ ရလာဒ်ကောင်းများကိုထိမ်းသိမ်းခြင်း၊
- ပလိုင်းပေါက်နှင့်ဖါးကောက်၍မဖြစ်ပေ၊၊ ရရှိလာသည့်လုပ်ငန်း (အသီးအပွင့်များ)ကို အကျိုးရှိစေရန် အလို့ငှာ ထိမ်းသိမ်းတတ်ရပေမည်၊၊ သို့မဟုတ်ပါက ခဲလေသမျှ သဲရေကျပြီး၊ သဲထဲရေသွန်ဖြစ်သွား နိုင်ပါသည်၊၊ ရရှိထားသည့် အတွေ့အကြုံများ၊ နည်းပညာများ၊ အောင်မြင်မှုများ၊ ရုပ်ဒြပ်ဂုဏ်ဒြပ်များကို ပိုမိုအကျိုးရှိလာစေရန် ဖြစ်ပါသည်၊၊ ဤသို့ မှသာ နောက်တလှမ်းကို တက်လှန်းလေတိုင်း အကျိုးဖြစ်ထွန်းလာ နိုင်စရာရှိပါသည်၊၊ (တရုပ်လိုရှာ ကုလားလိုစု ဆို သည့် စကားမျိုးပေါ့ဗျာ)

၆၊၊ တူညီမှုများကိုတိုးချဲ့ခြင်း၊
- အမြူတေခေါင်းရှိရာ အမြူတေစု ဆိုသည့်အတိုင်း၊ အမြင်တူသူများ၊ လုပ်ဟန်တူသူများနှင့် စည်းကမ်းတူသူ များကို စည်းရုံးသိမ်းသွင်းရပေမည်၊၊ ဤနေရာ၌လည်း ဟန်ဆောင်မှုတရားထက် တကယ့်လက်တွေ့ကျမှုကို စံထားရ ပေမည်၊၊ ဆွေမျိုး၊ မိတ်ဆွေ၊ သားသမီးများကို ဦးစားပေးသည့်စနစ်သည်၊ ကိုယ်ပိုင် ပုဂ္ဂလိလုပ်ငန်းမျိုးတွင် အဆင်ပြေ နိုင်သော်လည်း၊ အများနှင့်ပတ်သက်သောအလုပ်၊ သို့မဟုတ် လူမျိုးနှင့် ဆိုင်သောလုပ်ငန်းမျိုးမှာ မသင့်တော်ပေ၊၊စုဝေး သင်းပင်းထားသည့် အင်အားများစုကိုလည်း၊ တော်သူရှေ့ဆောင်ခန်းလိုနည်းမျိုးကို ကျင့်အပ်ပေသည်၊၊ ဤသို့မှသာတူ ညီမှုရှိသည့် အင်အားများသည်၊ တိုးတက်အောင်မြင်မှာ ဖြစ်ပေသည်၊၊

၇၊၊ အောင်မြင်ခြင်း၊၊
- လူတိုင်း၌လောကဓံ ရှစ်ပါးတရားတော်နှင့်မကင်းကြပေ၊၊ အောင်မြင်ခြင်း၊ ကျဆုံးခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ချီးမြှောက် ခံရခြင်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ စသဖြင့်ရှိပါသည်၊၊ အောင်မြင်မှုရရှိလေတိုင်း၊ အောက်ခြေမ လွတ်ရန်အရေးကြီး သလို၊ ဆုံးရှုံးလေတိုင်း ဘဝကိုမဖျက်ဆီးပစ်ရန် အရေးကြီးပါသည်၊၊ မိမိရသည့်အောင် မြင်မှု၏ အတိမ်အနက်ကိုလည်း သတိရှိရန် လိုအပ်ပါသည်၊ သို့မဟုတ်ပါက သွေးနထင်ရောက်ပြီး၊ လမ်းလွဲတတ်ပါသည်၊၊ မိမိ၏အောင်မြင်မှုကို မိမိအသိ အမှတ်ပြုသင့်ပါသည်၊ သို့မှသာ ရှေ့ဆက်နိုင်သည့် တွန်းအားမျိုးကို ပေါ်ပေါက်လာစေနိုင်သည်၊၊ ဤသို့မဖြစ်ဘဲ အောင် မြင်မှုနေရာ၌ နစ်မြှုပ်နေပေလိမ့်မည်ဖြစ်သည်၊၊

No comments:

Post a Comment