Saturday, November 28, 2009

ကေအန်ယူတပ်နှင့် စစ်အစိုးရတပ်တို့ ဖြစ်ပွါးခဲ့သောတိုက်ပွဲအကြား ရွာသားတစ်ဦးသေဆုံး

Kaowao

ကရင် ပြည်နယ် ကြာအင်း ဆိပ်ကြီး မြို့နယ် အနန်းကွင်း ရွာနှင့် ဘုရား သုံးမြို့နယ် အကြား တောင်စွန်း ကျေးရွာရှိ ဘုန်းကြီးကျောင်း အနီးတွင် ယနေ့ နံနက်(၈) နာရီ အချိန်ခန့် ကေအန်ယူ တပ်နှင့် စစ်အစိုးရ တပ်တို့ တိုက်ပွဲဖြစ်ပွါး ခဲ့ကြောင်း ဒေသခံ တစ်ဦးမှ ပြောပါ သည်။

အဆိုပါတိုက်ပွဲသည် နအဖစစ်ကြောင်း(၁) ခမရ(၃၅၆)တပ်ရင်း တပ်ခွဲ(၁) ဗိုလ်ကြီးကျော်မင်းလှိုင်ဦးစီးတပ်ဖွဲ့ကို ကေအန်ယူတပ်ရင်း(၁၆) တပ်ခွဲ(၂)တို့၏ ခြုံခိုတိုက်ခိုက်မှုကိုခံရပြီး စစ်အစိုးရတပ်ဘက်မှ တပ်ကြပ်ကြီး အောင်မင်းသန်းက ထိခိုက်ဒါဏ်ရာ ရရှိသွားသည်ဟု အဆိုပါဒေသခံက ဆိုပါသည်။

ဤတိုက်ပွဲ၌ နအဖ တပ်မှလက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက်(၄ဝ)ကျော်အမျိုးသမီး(၁)ဦး လည်း လက်နက်ကြီး ထိမှန်သဖြင့် သေဆုံးသွားသည်ဟု တောင်စွန်းရွာသားတစ်ဦးမှ ပြောပါသည်။

၎င်းဒေသသည် ကေအာန်ယူတပ်ဖွဲ့များမကြာခဏဆိုသလို စစ်ရေးအရ လှုပ်ရှားမှုပြုလုပ်နေပြီး ခြုံခိုတိုက်ပွဲများ မကြာခဏဖြစ်ပွါးခဲ့ပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် မိုင်းတိုက်ပွဲနှင့်ခြုံခိုတိုက်ပွဲပေါင်း (၅)ကြိမ်ဖြစ်ပွါးခဲ့ပြီး နအဖတပ်ဘက်မှ ထိခိုက် သေဆုံးဒါဏ်ရာမှု အများအပြားရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

No comments:

Post a Comment