Saturday, December 5, 2009

နအဖတပ်တွင်း သတင်း လုံခြုံရေး တင်းကြပ်ထား ဟု ဆို

သျှမ်းသံတော်ဆင့်

၂၀၀၉ ခုနှစ်ဆန်းပိုင်းက အင်တာနက်များပေါ်တွင် ဟိုးလေးတကျော် ဖြစ်သွားသော နိုင်ငံတော်အဆင့် ထိပ်တန်း လျှို့ဝှက် စီမံကိန်းများ ပေါက်ကြားမှုနောက်ပိုင်း နအဖစစ်တပ်အတွင်း သတင်းများ လုံခြုံမှုကို တင်းကြပ်စွာ ထိန်း ချုပ်ထားကြောင်း သိရသည်။


ထိုစဉ်က နအဖစစ်ဘက် ထိပ်တန်း ခေါင်းဆောင်များ၏ မြောက်ကိုးရီးယားနှင့် ရုရှားနိုင်ငံလျှို့ဝှက် ခရီးစဉ်များ ညူးကလီးယားဗုံးနှင့် မြေအောက်လှိုင်ခေါင်း အစရှိသော လျှို့ဝှက်စီမံကိန်းကြီးများ ပေါက်ကြားခဲ့ရခြင်းဖြစ်သည်။

နိုဝင်ဘာလ ၂ရ ရက်နေ့က ကြပ်ပြေးနေပြည်တော်တွင် ကျင်းပခဲ့သော မြန်မာနအဖ စစ်ခေါင်းဆောင်များ၏ လေးလပတ် အစည်းအဝေးနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်က မေးမြန်းရာတွင် နအဖစစ်ဘက်နှင့် နီးစပ်သူ တစ်ဦးက ထိုသို့ ပြောသည်။

“လေးလပတ်နဲ့ပတ်သက်လို့တော့ တိတိကျကျ တော့ဘာမှမသိရသေးဘူး ဒီနှစ်ဆန်းပိုင်းက ပေါက်ကြားသွားတဲ့ မြောက်ကိုးရီးယားကိစ္စတို့ မြေအောက်လှိုင်ခေါင်းကိစ္စတို့နဲ့ ပါတ်သက်ပြီး တပ်ထဲမှာလည်း အသေးစိတ်ချ မပြဘူး ” လို့ သူက ပြောသည်။

ယခုအခါ အဆိုပါထိပ်တန်းလျှို့ဝှက် ပေါက်ကြားစေမှုဖြင့် ဗိုလ်မှူးဝင်းနိုင်ကျော်နှင့် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း တို့အား အရေးယူထားကြောင်း ဆိုသည်။

ယခု လေးလပတ် အစည်းအဝေးတွင် စစ်တိုင်းမှူးများထဲမှ အနည်းဆုံး ၃ ၊ ၄ ယောက်ခန့် ရာထူးပြောင်းလဲမှု ရှိကြောင်း ပြောဆိုသော်လည်း အခြားအရေးကြီးသည့် ဆုံးဖြတ်ချက်များကို ယနေ့အထိ တိကျခိုင်မာစွာ မသိ ရသေးကြောင်း တရုတ်နယ်စပ်မှ ဦးအောင်ကျော်ဇောကလည်း ပြောသည်။

“အနည်းဆုံး တိုင်းမှူး ၃ ၊ ၄ ယောက်တော့ပြောင်းတယ် အခုထွက်နေတာကတော့ လားရှိုးတိုင်းမှူးပေါ့ ဧရာဝတီတိုင်းတိုင်းမှူး နောက်မွန်ပြည်နယ် ဗျူဟာမှူးတွေပြောင်းရင် တပ်ရင်းမှူးတွေလည်း လိုက်ပြောင်းမှာပဲ အရေးကြီးဆုံးဖြတ်ချက်တွေလည်း ရှိနိုင်တယ် ဒေါ်စုကို လွတ်ပေးမလား ဆိုတဲ့ကိစ္စတွေ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်မဲ့ ကိစ္စတွေ ဘာမှခိုင်ခိုင်မာမာ မသိရသေးဘူး ” လို့ သူကပြောသည်။

နအဖစစ်အာဏာပိုင်များက လေးလပတ်အစည်းအဝေးကဲ့သို့သော အရေးပါသော တပ်တွင်းသတင်းများကို အများပြည်သူ သိစေရန် ထုတ်ပြန်ပြောဆိုလေ့ မရှိသည့် အပြင် ထိပ်တန်းလျှို့ဝှက်အဆင့်ပင် သတ်မှတ်ထား ခြင်းဖြစ်သည်။

ပြည်ပမီဒီယာများက စစ်ဘက်ဆိုင်ရာသတင်းများကို အချိန်နှင့် တစ်ပြေးညီ မဟုတ်သည့် တိုင်အောင် အားထား ရသည့် သတင်းအချက်အလက်များကို မရှေးမနှောင်း၌ပင် ရှာဖွေစုစည်းကာ ရေးသား ဖေါ်ပြနိုင်ခဲ့ကြသည်။

သို့သော် ယခု လေးလပတ်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အဆင့်မြင့်စစ်အရာရှိအပြောင်းအလဲ သတင်း များ ယနေ့အထိ မသိရသေးခြင်းမှာ စစ်တပ်အတွင်း သတင်းလုံခြုံမှုနှင့်ပတ်သက်၍ တင်းကြပ်ထားခြင်းဖြစ်နိုင် ကြောင်း အကဲခတ်များက ပြောဆိုနေခြင်း ဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းက နိုင်ငံတော်အဆင့် သတ်မှတ်ထားသော လျှို့ဝှက်စီမံကိန်းကြီးများ အကြောင်းကို ပြည်ပ သတင်း ဌာနများက ဓါတ်ပုံ အထောက်အထားများနှင့်တကွ ဝေေ၀ဆာဆာ ဖေါ်ပြခဲ့ကြရာ ကမ္ဘာတ၀ှမ်းမှ ကြည့် ရှု့သူများ အထူး စိတ်လှုပ်ရှားသွားရသည်။

No comments:

Post a Comment