Wednesday, January 27, 2010

ပလောင်တောင်သူများ ရိုးရာလက်ဖက်အစား ဘိန်းစိုက်ပျိုးမှုပိုများလာ

သျှမ်းသံတော်ဆင့်

ဘိုးစဉ်ဘောင်ဆက် ရိုးရာ လက်ဖက် စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်လာခဲ့သည့် ပလောင်တိုင်းရင်းသားများ ယခု အခါ ဘိန်းအစားထိုး စိုက်ပျိုးမှုပိုများလာကြောင်း ပလောင် အမျိုးသမီး အဖွဲ့က Poisoned Hills အမည်ရှိ အစီရင်ခံ စာနှင့်အတူ သတင်းစာရှင်းလင်းပွဲ တရပ်ြုပလုပ်ခဲ့ပါသည်။

“ပလောင်တိုင်းရင်းသားတွေ လက်ဘက်လုပ်ငန်းလုပ်ကိုင်လာတာ နှစ်ပေါင်းရာချီပါပြီ။ စစ်အစိုးရခေတ်မှာ လက် ဘက်တွေ ဈေးနှိမ် ခံရ တယ်။ ၄ နှစ်လောက် ရင်းနှီးပြီးမှ ခူးလို့ရတာ ဆိုတော့ ၄ လလောက်နဲ့ အလုပ်ဖြစ်တဲ့ ဘိန်းကိုလုပ်ကိုင် လာကြတယ်။ ဘိန်းမလုပ်ရင်လဲ ၀မ်ရေးက မဖူလုံတော့ဘူး”- ပလောင်အမျိုးသမီးအဖွဲ့ လွေးအေးနန်း က ပြော၏။

ဇန်န၀ါရီ ၂၆ ရက် ညနေပိုင်း ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်ရှိ FCCT (Foreign Correspondents Club of Thailand) ၌ကျင်းပသည့် ပလောင်အမျိုးသမီးအဖွဲ့ PWO ၏ Poisoned Hills အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင် -

၁။ နမ့်ခမ်းမြို့နယ် နှင့် မန်တုံ မြို့နယ်အတွင်း ၂၀၀၆ မှ ၂၀၀၉ ခုနှစ်အထိ ဘိန်းစိုက်ဟက်တာ ၅ ဆ တိုး လာကြောင်း၊ ၂၀၀၆-၀၇ တွင် ဘိန်းစိုက်ဟက်တာ ၉၆၄ သာရှိပြီး ၂၀၀၉ တွင် ၄၅၄၉ ဟက်တာအထိ တိုးလာ ကြောင်း၊

၂။ ယခင် အပစ်ရပ် PSLO ပလောင်အဖွဲ့ အတင်းလက်နက်ချမခံရမီ ကာလများနှင့် နှိုင်းစာလျှင် စစ် အစိုးရစစ်တပ် အောက်ခြေအဆင့် တပ်ရင်းဝင်ငွေအတွက် ဘိန်းခြံ ခွန်ကောက်၍ ဒေသခံများအား ဘိန်းစိုက် ပျိုးခွင့်ပြုထားကြောင်း၊ ၂၀၀၆-၂၀၀၇ အတွင်း ကျေးရွာ ၂၈ ရွာမှ ဘိန်းခြံခွန် ကျပ် ၃၇ သန်း ပေးသွင်းခဲ့ရ ကြောင်း၊

၃။ ဗိုလ်ချုပ်ခင်ညွန့်ဖယ်ရှားဖြုတ်ချ ခံရပြီးနောက်ပိုင်း အပစ်ရပ်ထက် ပြည်သူ့စစ်များက မူးယစ်/ ဘိန်းစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ခွင့် လွတ်လပ်မှုပိုရှိလာကြောင်း၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ပန်းဆေးကျော်မြင့် (ယူနန် တရုတ်) အဖွဲ့မှာ လွတ်လပ် စွာကူးသန်းရောင်းဝယ်ခွင့်ရနေကြောင်း။

၎။ ပလောင်တိုင်းရင်းသားများသည် ဘိုးစဉ်ဘောင်ဆက် ရှေးပဝေသဏီကတည်းက လက်ဘက်စိုက် ပျိုးရေးလုပ်ငန်း ရိုးရာသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်လာခဲ့သော်လည်း၊ ယခုအခါအဆိုပါလုပ်ငန်း စွန့်လွတ်ပြီးအချိန်တို အတွင်း စိုက်ပျိုးရလွယ် ပိုက်ဆံများများရသည့် ဘိန်းလုပ်ငန်းကိုပြောင်းလဲလုပ်ကိုင်လာကြ ကြောင်း။

၅။ ဘိန်းစိုက်ပျိုးရေးလုပ်ငန်း လွတ်လပ်ခွင့်ပေးခြင်း/တိုးချဲ့စိုက်ပျိုးခွင့်ပေးခြင်းသည် စစ်အာဏာချဲ့ထွင်ခြင်းသာဖြစ် ကြောင်းလည်း အဆိုပါအစီရင်ခံ၌ ဖေါ်ပြထားပါသည်။

“ပလောင်အမျိုးသမီးအဖွဲ့ပြောတဲ့ နမ့်ခမ်း နဲ့ မန်တုံ မြို့နယ်နှစ်ခုထဲ မကပါဘူး၊ စစ်အစိုးရ ထိန်းချုပ်တဲ့သျှမ်းပြည် မြို့နယ်တော်တော်များမှာ ဘိန်းစိုက်ပျိုးမှုတိုးလာတယ်။ ရာသီဥတုအခြေနေကြောင့် အထွက်မတိုး တာဘဲ ရှိရင်ရှိမယ်။ ဥပမာ ၀ တို့ မိုင်းလားတို့ ထိန်းချုပ်တဲ့နယ်မြေထဲ ဆိုရင် ဘိန်းစိုက်ပျိုးမှုလုံးဝ မရှိတော့ဘူး၊ ဒါပေမယ့် နအဖထိန်းချုပ် ထားတဲ့ သံလွင်အရှေ့ခြမ်းက မော်ဖှဒေသ မက်မန်းမြို့နယ်၊ သျှမ်းပြည်တောင်ပိုင်း ပင်လုံ လွိုင်လင် နဲ့ အခြားပြည်သူ့ စစ်တွေ ထိန်းချုပ်တဲ့ ဒေသတော်များများမှာ ဘိန်းစိုက်ပျိုးမှုများလာတယ်။ ပလောင်အဖွဲ့ရဲ့ အချက် ၅ချက်ပါအစီရင် ခံစာကို ထောက်ခံတယ်”- ဟု သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့် ရေးအဖွဲ့ခေါင်းဆောင်ဦးခွန်စိုင်းက ပြောပါသည်။

ပလောင်အမျိုးသမီးများ၏ အစီရင်ခံစာပါဖေါ်ပြချက်သာဓကတခုတွင် နအဖ စစ်တပ်သည် ကျေးရွာတရွာ၌ ဘိန်းစိုက်ဧက ၁့၅ မှ ၂ ဧက သာဖျက်ဆီးသော်လည်းအထက်သို့ ၄-၅ အထိ ဖျက်ဆီးပစ်သည်ဟု လိပ်လည် တင်ပြကြောင်း အမှန်မှာ ၎င်းရွာတရွာတည်း ဧက ၃၀ ထက်မနည်းရှိနေကြောင်း UNODC အားလည်း ဘိန်းစိုက် ဧက ၇၀%ကျော်ဖျက်ဆီး ပစ်သည်ဟု လိမ်လည်အချက်အလက်ပေးခဲ့ကြောင်း၊ နှစ်မြို့နယ် အတွင်းတွင် ၂၀% ခန့် သာဖျက်ဆီးကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။

ပလောင်အမျိုးသမီးအဖွဲ့ PWO သည် ၂၀၀၀ ပြည့်နှစ်တွင် စတင်တည်ထောင်ပြီး ၂၀၀၇ တွင် ယခု အစီရင်ခံစာ ကဲ့သို့ ‘အဆိပ်သင့်ပန်း’ အမည်ရ အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး၊ ထိုအစီရင်ခံစာထုတ်ပြန်သော်လည်း ဘိန်းစိုက် ပျိုးထုတ်လုပ်မှု လျော့ပါးခြင်း၊ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးခြင်း - မရှိသောကြောင့် Poisoned hills ‘အဆိပ် သင့် တောင်ကုန်း’ အစီရင်ခံစာ ထပ်မံထုတ်ပြန်ရခြင်းဖြစ်သည်ဟု တာဝန်ရှိ ပလောင်အမျိုးသမီးများက ပြော ကြားပါသည်။

No comments:

Post a Comment