သျှမ်းသံတော်ဆင့်
နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကိစ္စ ကေအိုင်အို (ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ) ကိုယ်စားလှယ်များနှင့် မြောက် ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းတို့သည် မြစ်ကြီးနားတွင် ယနေ့ ထပ်မံတွေ့ဆုံကြောင်း သိရသည်။ မတ်လ ၁ ရက်မှ ၈ ရက်နေ့အထိ ကေအိုင်အို ဗဟိုကော်မတီ အစည်းအဝေးကို ဋ္ဌာနချုပ် လိုင်ဇာမြို့တွင် ကျင်းပခဲ့အပြီး နယ်ခြား စောင့်တပ် ကိစ္စဆွေးနွေးရန် တွေ့ဆုံခြင်း ဖြစ်ကြောင်း ကေအိုင်အိုနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံ တော် ဆင့် သို့ပြောသည်။
ဒီနေ့ ကေအိုင်အိုက ၈ ဦးပါ ကော်မတီအဖွဲ့နဲ့ တိုင်းမှူးစိုးဝင်းတို့ နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးဖို့ မြစ်ကြီးနား မှာတွေ့တယ် သူတို့ ဗဟိုကော်မတီအစည်းအဝေး ဆုံးဖြတ်ချက် အကြောင်းပြန်တာပါ အချက် ၃ ချက်ပါတယ် အဓိက ကတော့ နယ်ခြားစောင့်တပ်ကို လက်မခံဘူး ဆိုတဲ့အကြောင်းပေါ့ ” ဟု သူက ပြောသည်။
ကေအိုင်အိုက နအဖထံတောင်းဆိုမည့် အချက်များမှာ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံ ၊ ပြည်ထောင်စု တပ်မတော်ဖွဲ့စည်း ပါက ကေအိုင်အို အနေဖြင့် ကချင်တပ်ရင်းများဖွဲ့စည်းမည်၊ ၂၀၁၀ ခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲကို လေ့လာနေဆဲ စသည်တို့ ပါဝင်ကြောင်း သိရသည်။
ဖေဖေါ်ဝါရီလပိုင်းက ကေအိုင်အိုနှင့်နအဖတို့နောက်ဆုံး တစ်ခေါက်တွေ့ဆုံခဲ့အပြီး ယခုတွေ့ဆုံမှုသည် ၁၂ ကြိမ် မြောက် တွေ့ဆုံခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment