Tuesday, March 2, 2010

လိုင်စင်မဲ့ကား ဖမ်းနေစဉ် မသမာမှု ရှိနေ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ် နမ့်ခမ်းနှင့် လားရှိုးမြို့များ၌ လိုင်စင်မဲ့ကားများ ဖမ်းနေချိန်တွင် လားရှိုးမြို့ တာ ၀န်ကျ ပုလိပ် အရာ ရှိတစ်ဦးက မသမာမှုပြုလုပ်နေကြောင်း ၀န်ထမ်းနှင့်နီးစပ်သည့် မူစယ်ဒေသခံတစ်ဦးက သျှမ်း သံတော်ဆင့်သို့ ပြောသည် ။


ဒုရဲအုပ် ဇော်နိုင်ဦးပေါ့နော် လားရှိုးမှာ တာဝန်ကျနေတဲ့ ပြည်နယ် (ဒန) ဒုစရိုက်နှိမ်နှင်းရေး ပေါ့ဗျာ ၀စ်သောက် ကားတွေ ဖမ်းနေတဲ့ အချိန်မှာ သူကိုယ်တိုင် နေ့တိုင်းထည်လဲစီးတာဗျ၊ နောက်မြို့ထဲမှာခိုးကြောင်ခိုးဝှက်စီးတဲ့ ၀စ်သောက် ကားသမားတွေဆီက ငွေညှစ်တယ် ဥပဒေထိန်းသိမ်းရတဲ့ ရဲက ဥပဒေနဲ့မညီဘူး သူစီးတဲ့ကားတွေ က ကားတစ်စီးလုံး စတေကာကဒ်ထားတယ် ” လို့ သူက ပြောသည်။

ထို့အပြင် လိုင်စင်မဲ့ကားတစ်စီး ၁၅ သိန်းယူ၍ မူစယ်မှ လားရှိုးအထိ အဆိုပါ ပုလိပ်အရာရှိက သယ်ဆောင်နေ ကြောင်း ဆိုသည်။

“ဖမ်းနေတဲ့ရက်ပိုင်းမှာ မူစယ်ကနေ လားရှိုးအထိ ၀စ်သောက်ကားပို့ချင်တဲ့သူကို လက်ခံတယ်ပေါ့ဗျာ တစ်စီးကို ၁၅ သိန်းယူပြီး တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်သယ်ပေးတယ် တာဝန်ယူပြီးပို့ပေးတာ ရဲချုပ်ရဲ့စာနဲ့ပို့သလို ဘာလို လိုပေါ့နော် လားရှိုးမှာ တာဝန်ကျတယ်။ မူစယ်ကိုလာတယ်။ မူစယ်မှာ တာဝန်ကျတဲ့ ဋ္ဌာနဆိုင်ရာတွေ အာဏာ ပိုင်တွေကို ဂရုမစိုက်ဘူး” လို့ ဆိုသည်။

လားရှိုးတွင် တာဝန်ကျသော်လည်း မူစယ်မြို့ စွမ်စော်ရပ်ကွက်ရှိ မူးယစ်အမှုဖြင့် ဖမ်းဆီးထားသည့် အိမ်တွင်နေထိုင်လေ့ရှိ ကြောင်း သိရသည်။

“ပုလိပ်တစ်ယောက်က ဒီဘက်မှာတာဝန်ကျရင် ၃ နှစ်ပဲကျတယ် ဒီမြောက်ပိုင်း လာရှိုးမှာ သူတာဝန်ကျနေတာ ၉ နှစ်ရှိပြီ ” လို့ စောစောက မြို့ခံက ဆက်ပြောသည်။

မူစယ် နမ့်ခမ်းနှင့် လားရှိုးမြို့များတွင် လိုင်စင်မဲ့ကား ကင်းမဲ့ဇုန်သတ်မှတ်ရေး စီမံချက်ဖြင့် ယခုလ ၇ ရက်နေ့က စ၍ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဋ္ဌာန (ကညန) အပါအ၀င် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးနေခြင်း ဖြစ်သည်။

အဆိုပါ အဖမ်းအဆီးကြောင့် မူစယ် နှင့် လားရှိုးမြို့ပေါ်တွင် လိုင်စင်မဲ့ကား အသုံးပြုသူ မရှိသလောက် ဖြစ်နေ ကြောင်း သိရသည်။

No comments:

Post a Comment