Saturday, March 13, 2010

တိုင်းရင်းသားဗိုလ်ချုပ်များဖြင့် ကြံဖွတ်ကိုမဲထည့်ရန် ဗိုလ်သိန်းစိန် စည်းရုံးရေးဆင်း

သျှမ်းသံတော်ဆင့်

ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်နေချိန် နအဖ ၀န်ကြီးချုပ်က သျှမ်းပြည်မြောက်ပိုင်း ခရီးစဉ်တွင် တိုင်းရင်းသား အမည်ခံ ဗိုလ်ချုပ်များအား ရှေ့တန်းတင်ပြီး စည်းရုံးရေးဆင်းသည်ဟု စုံစမ်းသိရှိရပါသည်။

“အဖျက်အမှောင့်သမားတွေက မြန်မာ့တပ်မတော်မှာ တိုင်းရင်းသားတွေ ဗိုလ်မှူးကြီးရာထူး အဆင့်ထက် မပေးဘူးလို့ပြော တယ်။ အခု ဒီမှာထိုင်နေတာက တိုင်းရင်းသား ဗိုလ်ချုပ်တွေ၊ နိုင်ငံတော်ဦး ဆောင်ဦးရွက် တဲ့ အထဲမှာ ပါဝင်ကြတယ်။ အဲဒါကြောင့် နားမယောင်ကြပါနဲ့၊ နိုင်ငံတော် တိုးတက်ရာတိုးတက်ကြောင်း အဘက်ဘက်ကနေ အစဉ်အဆက်ကူညီလာ ခဲ့တဲ့ (နိုင်ငံရေးပါတီဖြစ်လာမဲ့) ကြံ/ဖွံ့အသင်းကို မဲပေးကြပါ” - ဟု ၀န်ကြီးချုပ်သိန်းစိန်က မူစယ် - နမ့်ခမ်း ခရီးစဉ်တွင် ပြောကြားခဲ့ကြောင်း အခမ်းအနားသို့တက်ရောက်ရန် ဆင့်ခေါ်ခံရသူ တဦးကပြောပါသည်။

ဖေဖေါ်ဝါရီလ ၉ ရက်နေ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ၊ ဗိုလ်ချုပ်လွန်းမောင် နှင့် အခြား စစ်ဗိုလ်ချုပ်များ ပါဝင်သည့် အဖွဲ့ ၁၀ ယောက်ကျော်က ရဟတ်ယာဉ်နှစ်စီးဖြင့် နမ့်ခမ်းမြို့သို့ရောက်ရှိကြောင်း၊ကျားဖြူခန်းမ ၌ ဒေသခံလူထု နှင့် တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးဟောပြောခဲ့ကြောင်း၊ မိန့်ခွန်းတွင်နိုင်ငံတော် အကြီး အကဲများထဲတွင် တိုင်းရင်းသားဗိုလ်ချုပ် အများအပြားပါဝင်ကြောင်း၊ တပ်မတော်နှင့်လက်တွဲပြီး အစဉ်အဆက် ၀ိုင်းဝန်းကူညီခဲ့သည့် ကြံခိုင်ဖွံ့ဖြိုးရေးအသင်းအား မဲပေးစေလိုကြောင်းစသဖြင့်ဟောပြော ခဲ့သည်ဟု ဆိုသည်။

“သူလာတာက ၁ နာရီ လောက်ဘဲကြာတယ်၊ စကားအများဆုံးပြောတာက ဗိုလ်သိန်းစိန်၊ ပြီးတော့ သျှမ်းလူမျိုး လို့ဆိုတဲ့ ဗိုလ်ချုပ်လွန်းမောင် က သျှမ်းလို ဗမာလို နှစ်ဘာသာနဲ့စကားပြောတယ်။ နှစ်ပေါင်း ၄၀ ကျော် ဗမာ ပြည်မှာသွားနေလဲ သျှမ်းစကားမမေ့ဘူး စသဖြင့်ပြောတယ်။ နောက် ပလောင်အမျိုးသား ဗိုလ်ချုပ်ဆိုသူတဦးက တော့ ပလောင်စကား မပြောတတ်တော့ဘူးတဲ့” - ဟု တက်ရောက် နားထောင်သူ နမ့်ခမ်းမြို့ခံတဦးကပြောပါ သည်။

ပြည်သူအနေဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းအား မဲပေးကြရန် တိုက်တွန်းချက်အပေါ် - ကြံဖွံ့ အသင်းအား နိုင်ငံ ရေးပါတီ အဖြစ်သို့ပြောင်းလဲမည့် အစီအစဉ်ရှိနေကြောင်း၊ ပြောင်းလဲလျှင် သျှမ်းအမျိုးသားဟုဆိုသည့် ဗိုလ်ချုပ် လွန်းမောင်ကလည်း ပါတီအကြီးအကဲဖြစ်လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်နမ့်ခမ်းမြို့ခံများက သုံးသပ်ကြပါသည်။

၂၀၀၈ နှစ်ဦးပိုင်း ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲစည်းရုံးရေးဆင်းစဉ် နမ့်ခမ်းမြ့နယ် ကြံ့/ဖွံ့ ဥက္ကဌစိုင်းကျော်မြင့် အသတ်ခံ လိုက်ရသည့် နောက်ပိုင်း နမ့်ခမ်းမြ့ ကြံ့ဖွံ့အကြီးအကဲများ အသွားအလာဆင်ခြင်နေကြကြောင်း၊ ညဘက်အပြင်မထွက်ဝံ့ တော့ကြောင်း၊ နမ့်ခမ်းမြ့ ရွှေလီမြစ် တာ့နောင်တိန်း ကူးတို့ဆိပ်အား အခွန်ကောက်စားခွင့် ပေးထားကြောင်း - ဒေသခံများ ပြောဆိုနေကြပါသည်။

ဗိုလ်ချုပ်လွန်းမောင် အသက် ၅၀ ကျော်သည် ကချင်ပြည် ဗန်းမော်မြို့ ဇာတိဖြစ်ပြီး ဗမာပြည်သို့သွားရောက်နေထိုင် သည်မှာ နှစ်ပေါင်း ၄၀ ကျော်၊ သျှမ်းစကားအတော် အတန်ပြောဆိုတတ်သေးသော်လည်း သျှမ်းတိုင်းရင်းသား အစစ် ဟုတ်မဟုတ် ပြည်သူများစိတ်ဝင်တစားမေးမြန်းခြင်းမရှိဟု ဒေသခံတဦးက ပြောပါသည်။

No comments:

Post a Comment