Sunday, March 21, 2010

စစ်တပ်မှ ခင်ပွန်းသည်အားသတ်ဖြတ်၊ ရင်သွေးငယ်မှာ ပြေးလွှားရင်းသေဆုံး

ကို(၂)

ကရင်နီပြည် ရှားတော့မြို့နယ် လဲဒူခေါကျေးရွာသားများသည် စစ်အစိုးရ၏ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုဓါဏ်မှ လွတ်မြောက်ရန် တောတွင်းထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ထွက်ပြေးနေသည့် အတောအတွင်း ခရီးကြမ်းတန်းမှုဓါဏ်ကြောင့် မွေးကင်းစ ကလေးငယ် တဦး အသက်ဆုံးရှုံးသွားခဲ့ရသည်။

အိမ်ခြေ ၂၀ ကျော်ရှိသော လဲဒူခေါ ကျေးရွာအတွင်းသို့ စစ်တပ်မှ မကြာခဏ၀င်ရောက်ပြီး ရွာသားများအား သူပုန်ထောက်ခံမှုဖြင့် စွပ်စွဲကာ နှိပ်စက်သတ်ဖြတ်သောကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ကြရသည်။

“ ကျမယောက်ျားက အရင်နှစ်က ဗမာစစ်သားတွေက သူ့နဲ့ တခြားရွာသားတွေနဲ့အတူ အသတ်ခံလိုက်ရတယ်။ အဲမှာဆက်နေရင် အလုပ်မလုပ်နိုင်တော့လို့ ဒီဖက်ကို ထွက်ပြေးလာဖို့ ဆုံးဖြတ်ခဲ့ရတာပါ။ ပြေးလွားလာရင်းနဲ့ ဒီကိုမရောက်ခင်မှာ ကျမရဲ့ မွေးခါစ ၂ လအရွယ်ခလေး ဆုံးရှုံးလိုက်ရတယ်။” ဟု ရင်သွေးငယ်ဆုံးရှုံးသွားသော မိခင်ကပြောပါသည်။

၂၀၀၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ဖယ်ခုံအခြေစိုက် စကခ ၇ လက်အောက်ခံ တပ်ရင်းမှူး ရဲထဏ်ဦးဆောင်သည့် ခမရ ၄၂၁ စစ်ကြောင်းမှ လဲဒူခေါကျေးရွာနေ ရွာသား ၆ ဦးကို ခေါ်ဆောင်သွားပြီး ပွန်ချောင်းတနေရာတွင် သတ်ဖြတ်လိုက်ကြသည်။ ထိုရွာသား ခြောက်ဦးထဲတွင် မိမိ၏ခင်ပွန်းသည်ပါဝင်ကြောင်း ကျန်ရစ်သူဇနီးကပြောသည်။

ခွင်ပွန်းသည်နှင့် ရင်သွေးငယ်ဆုံးရှုံးသွားခဲ့သော အဆိုပါအမျိုးသမီးသည် လဲဒူခေါကျေးရွာသူဖြစ်ပြီး ယခုလအစောပိုင်းက ရွာသူရွာသား ၁၀၀ ခန့်ဖြင့် ထိုင်းနိုင်ငံနယ်စပ်ဒုက္ခသည်စခန်းသို့ ထွက်ပြေးလာခဲ့သည်။

No comments:

Post a Comment