Monday, April 19, 2010

သင်္ကြန်အတွင်း မြစ်ကြီးနားမြို့တွင် မီးလောင်မှုတစ်ခုဖြစ်ပွား

KNG

မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား၊ ဈေးကြီးအနီးရှိ ဓါတ်ဆီသိုလှောင် ထားသော ကုန်စုံဆိုင်တစ်ဆိုင်၌ မနေ့ကမီးလောင်မှုဖြစ်ပွားခဲ့ရာ ကုန်စုံဆိုင်ကြီးတခုလုံး လောင်ကျွမ်းသွားပါတယ်။

မီးလောင်မှု၌ လူများထိခိုက်ဒဏ်ရာရှိမှုမရှိခဲ့သော်လည်း ဆီတိုင်ကီတစ်ချို့ပေါက်ကွဲကာ ငြိမ်းသတ်ရခက်စေခဲ့တယ်။

ဆိုင်ခန်းတိုက်ခန်းများ ကြပ်ညပ်နေပြီး ဆီများ သိုလှောင်ထားသည့်အတွက် စိုးရိမ်ဖွယ် ဖြစ်ခဲ့သည်ဟု မီးသတ်တပ်သား တဦးက ပြောတယ်။

'ဒီဆီတိုင်ကီတွေသာအကုန်ပေါက်ကွဲသွားမယ်ဆိုရင်တော့ ဒီနေရာတစ်ဝိုက် အကုန်ပြာကျ သွားမှာပဲ'

ဆိုင်တွင်းမှ ဆီတိုင်ကီ(၃၀)ခန့်မှာ အောက်ထပ်နေဆိုင်ခန်းငှားများမှ သိုလှောင် ရောင်းချခြင်း ဖြစ်ကြောင်းနှင့် အခြား နေရာများ၌လည်း ဆီတိုင်ကီများ သိုလှောင်ထားရှိမှု ရှိကြောင်းကိုလည်း အိမ်ရှင်နှင့် သိကျွမ်းသူ စီးပွားဖက်တဦးက ပြောတယ်။

'သူတို့က ဆီတွေကိုလိုင်ဇာက၀ယ်ကြတယ်၊ ဒီမှာထားပြီးရောင်းကြတယ်။ အိမ်ရှင်တွေက ဒီမှာမထားဘူး၊ မြို့ပြင်ရပ်ကွက်မှာသိုလှောင်ထားကြတယ်၊ ‘ဒီဆီတွေကို သူတို့က ဆွမ်ပရာဘွမ်ဖက်ကိုကားနဲ့ပို့တယ်'

မြစ်ကြီးနားမှ မီးသတ်ကားများ အပြင် မြစ်တစ်ဖက်ကမ်းဝိုင်းမော်မြို့ရှိ မီးသတ်ကားများပင်လာရောက် မီးငြိမ်းသတ်ခဲ့ရတယ်။

မီးလောင်ကျွမ်းမှုမှာ ညနေ(၄)နာရီမှ (၆)နာရီကျော်ထိ နှစ်နာရီကျော်မျှကြာမြင့်ခဲ့ပါတယ်။

မီးသတ်ဌာနနှင့် မျက်စောင်းထိုးအရပ်တွင်ဖြစ်ပြီး ရှေ့တစ်လမ်းသာခြားသော်လည်း နောက်ကျပြီးမှသိခဲ့ရတယ်။

'မီးက (၄)နာရီလောက်ကစလောင်တာ၊ ကျနော်တို့ (၂၀)မိနစ်လောက် နောက်ကျပြီးမှ ရောက်တယ်၊ တောင်သေးတယ် အဆင်သင့်ဖြစ်နေလို့' ဟု သင်္ကြန်တွင်းဖြစ်သောကြောင့် အဆင်သင့်ဖြစ်သွားခြင်းကိုပါ အထက်ကမီးသတ်သမားကပင် ပြောပြခဲ့တယ်။

ဤကဲ့သို့လောင်စာဆိုင်များ မီးလောင်ကျွမ်းမှုမှာ ယခုလတွင်း၌ပင် နှစ်ကြိမ်ရှိပြီဖြစ်ပြီး၊ ပထမတစ်ကြိမ်မှာ အထပ်(၃)ထပ်ရှိ ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်ဖြစ်ပြီး၊ အိမ်ရှင်အမျိုး သမီးတစ်ဦး မီးလောင်ကျွမ်း သေဆုံးသွားခဲ့တယ်။

No comments:

Post a Comment