နောက်ဆုံး ရခိုင် မင်းနေပြည်တော် ဖြစ်ခဲ့သော မြောက်ဦးမြို့တွင် ယခုနှစ် သင်္ကြန် စည်ကားရန် အခြေအနေ မရှိကြောင်း မြို့ခံ အမျိုးသမီး တဦးက ပြောသည်။
“မြောက်ဦးမှာ သင်္ကြန်ကို ဧပြီလ ၁၅ ရက်နေ့မှ စတင်မှာ ဖြစ်ပါတယ်။ တောင်ရပ် အပါအ၀င် အဓိက ရပ်ကွက်ကြီးတွေမှာ မဏ္ဍပ်တွေ ဆောက်တာ တွေလည်း မတွေ့ရသေးဘူး။ ဒါပေမယ့် မြို့ဆင်ခြေဖုံး ဆန်ချဈေး၊ ကြက်ဈေး တွေမှာတော့ ဆောက်နေတယ်လို့ ကြားရတယ်။ သင်္ကြန်က စည်မယ့် အနေအထား မရှိပါဘူး” ဟု သူမက ပြောသည်။
သင်္ကြန်ရောက်လာသော်လည်း အများစု ပြည်သူလူထုမှာ သင်္ကြန်အပေါ် စိတ်မ၀င်စားဘဲ ဖြစ်နေကြောင်းကို သူမက ယခုကဲ့သို့ ပြောသည်။
“လူတိုင်းက စီးပွားရေး ကျပ်တည်းနေပါတယ်။ သင်္ကြန်ကို အများစုက စိတ်မ၀င်စား နိုင်အောင်ထိပါဘဲ။ ဒါကြောင့် မြောက်ဦး သင်္ကြန်ကတော့ ခါတိုင်း နှစ်တွေလို စည်ကားနိုင်မှာ မဟုတ်ပါဘူး။”
မြောက်ဦးမြို့တွင် နံ့သာသွေးပွဲ၊ ဘုရားရေသပ္ပာယ်မူများကို ပြုလုပ် ခဲ့သော်လည်း ခါတိုင်း နှစ်တွေကလို စည်ကားမူ မရှိကြောင်း သူမက ပြောခဲ့သည်။
No comments:
Post a Comment