သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့တွင် မီတာဘောက်စ် လဲလှယ်ကြေးအတွက် လျှပ်စစ်ဌာန၏ ကောက်ခံရရှိငွေ မှာ အမေရိကန် ဒေါ်လာ ၄ သန်းကျော်ခန့် ရှိနိုင်ကြောင်း မူစယ်မြို့မျက်နှာဖုံး အသိုင်းအ၀ိုင်းက ခန့်မှန်းပြောဆို သည်။
တရုတ်နိုင်ငံမှ ၀ယ်ယူနေသည့် လျှပ်စစ်မီးအစား ရွှေလီရေအား လျှပ်စစ်မီးဖြင့် အစားထိုး ဖြန့်ဝေရန်အတွက်မူ ဆယ်မြို့ခံများထံမှ မီတာပုံး တစ်လုံးလျှင် ကျပ် ၆၅,၀၀၀ နှုန်းဖြင့် မတ်လ ၃၁ ရက်နေ့က ကောက်ခံခဲ့ရာ မြို့ပေါ်ရှိ
မီတာပုံး အလုံး ၇၅၀၀၀ ကျော် အတွက် အဆိုပါ ငွေပမာဏရရှိဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုခြင်း ဖြစ်သည်။
မီတာပုံး အလုံး ရ၅၀၀၀ အတွက် မြန်မာကျပ်သန်း ၄,၈၇၅ ( ၄,၈၇၅,၀၀၀,၀၀၀) အထိ ရရှိပြီး လက်ရှိ အမေရိကန် ဒေါ်လာနှင့်မြန်မာကျပ်ငွေ ပြင်ပပေါက်ဈေးနှင့်တွက်လျှင် ဒေါ်လာ ၄ သန်းကျော်နှင့် ညီမျှသည့် ငွေ ကို လျှပ်စစ် ဌာန က ရရှိခဲ့သည်ဟု ဆိုသည်။
တပ်ဆင်သည့် မီတာပုံးများသည် စက်မှု (၂) ထုတ်များ ဖြစ်သဖြင့် အမှန်တကယ် ကုန်ကျတန်ဘိုးမှာ ကျပ် ၁,၀၀၀ ၀န်းကျင်သာ ရှိကြောင်း ဆိုသည်။
၎င်းအပြင် မူစယ်မြို့ စက်မှုဇုံအတွင်း မီတာပုံးတစ်လုံး လဲလှယ်တပ်ဆင်ခမှာ ကျပ် ၂၅,၀၀၀ ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့်နှစ် ၂၀ ခန့်ကစ၍ မူစယ် နမ့်ခမ်း ဒေသခံများသည် တရုတ်နိုင်ငံဘက်မှ လျှပ်စစ်မီးကို ဈေးကြီးပေး၍ ၀ယ်ယူသုံးစွဲခဲ့ရာ မူဆယ်တွင် မီးတစ်ယူနစ် အတွက် မြန်မာကျပ်ငွေ ၄၀၀ ခန့်နှင့်ညီမျှသော တရုတ်ငွေ ၂ ဒဿမ ၄ ယွမ်ပေးဆောင်ရကြောင်း သိရသည်။
နမ့်ခမ်းမြို့ မန်တပ်ရွာအနီးရှိ ရွှေလီရေအားလျှပ်စစ်စီမံကိန်းကို လွန်ခဲ့သည့်နှစ်မေလက ဖွင့်လှစ်ခဲ့ပြီး ယခုလဆန်းမှစပြီး ဒေသခံများကို မီးစတင်ဖြန့်နေရာ မကြာခဏမီးပျက်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment