Wednesday, September 15, 2010

ကယန်းအမျိုးသားပါတီစည်းရုံးရေးခရီး ကြံ့ဖွတ်ချုပ်ချယ်ကန့်သတ်

မွေခေါဝ်

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ကယန်း အမျိုးသား ပါတီ (KNP) စည်းရုံးရေး ဆင်းခရီး စဉ်အား ၀န်ကြီးချုပ် ဦးသိန်းစိန်၏ကြံ့ဖွတ် ပါတီက ကန့်သတ် ချုပ်ချယ် နေကြောင်း စုံစမ်း သိရှိရ ပါသည်။

ဒီမောဆိုးမှာစည်းရုံးရေးဆင်းလို့မရဘူးလေ။ ကြံ့ဖွတ်ပါတီက ဘာကြောင့်ကန့်သတ်နေသလဲဆိုတာ ဘာအကြောင်းပြ ချက်မှမပေးဘူး။ ဒါမတရားဘူးဆိုတာထင်ရှားနေပါတယ်” ဟု ခွန်းဘိုဘိုကပြောပါသည်။

ကယန်းအမျိုးသားပါတီရုံးချုပ်ကို သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့၌ ဖွင့်လှစ်ထားပြီး ကယန်းစာပေနှင့်ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးယူကျင်း (ဖယ်ခုံဇာတိ) က ဦးဆောင်သည်။ ပါတီဥက္ကဋ္ဌဖြစ်သူ ဦးယူကျင်းကိုယ်တိုင် ပြည်သူ့ လွှတ်တော်အဆင့် နှင့် ဒီမောဆိုးမှ ခွန်းနားလီက ပြည်နယ်လွှတ်တော်အဆင့် အသီးသီးယှဉ်ပြိုင်မည်ဟုဆို၏။

ကယန်းလူမျိုးနေထိုင်သော သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ ကရင်ပြည် သံတောင်မြို့နယ်၊ ကရင်နီပြည်(ကယားပြည်) ဒီမောဆိုးမြို့နယ် နှင့် မန္တလေးတိုင်း ပျဉ်းမနားမြို့နယ်တို့၌ ယှဉ်ပြိုင်မည်ဟု သိရှိရသည်။

“ဒီမောဆိုးမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်တွေမှာ ကယန်းလူမျိုး ၄၀၂,၀၀၀ ခန့်ရှိပြီး လူဦးရေအများဆုံးဖြစ်တယ်” ဟု Kayan New Generation Youth (KNGY) ခေါင်းဆောင်ခွန်းလိုပင်ဆန်ကပြောပါသည်။

ကယန်းပါတီအဓိကယှဉ်ပြိုင်ရမည့်ပါတီမှာ တစညနှင့်ကြံ့ဖွတ်ပါတီတို့ဖြစ်၏။ ငွေကြေးမလုံလောက်မှုသည်လည်းပါတီ ၏စိန်ခေါ်မှုတစ်ခုဖြစ်သည်ဟု ၎င်းကဆက်၍ပြောပြပါသည်။

“ပါတီအခြေအနေကသိပ်မကောင်းဘူး။ စည်းရုံးဆင်းခွင့်ရတဲ့ပျဉ်းမနားနဲ့ သံတောင်တွေမှာ ကယန်းလူမျိုးတွေသိပ်မရှိ တော့ဘူး။ အဓမ္မရွေ့ပြောင်းခိုင်းတဲ့အထဲမှာ ကယန်းလူထု အများစုဘဲ” ဟုခွန်းဘိုဘိုကပြောပါသည်။

အချို့ကယန်းရွာသူရွာသားများက မည်သည့်ပါတီမျှမရှိသည်နှင့်နှိုင်းယှဉ်လျှင် ကိုယ့်လူမျိုးကိုယ်စားပြု ပါတီတခုရှိပါက ပိုကောင်းသည်ဟု ပြောဆိုသူများရှိသကဲ့သို့ ရွေးကောက်ပွဲသည်တိုင်းရင်းသားများအတွက်အကျိုးမရှိသောကြောင့် ဘယ်ပါတီမှအလိုမရှိဟု ပြောဆိုသူများလည်းရှိပါသည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် သံတောင်မြို့နယ်၌ ကယန်းပါတီအမတ်နေရာအများဆုံးရရှိခဲ့သည်။

No comments:

Post a Comment