Tuesday, September 14, 2010

NLD တရားမဝင် ကြေညာခံရ

မဇ္ဈိမသတင်းဌာန

ချင်းမိုင် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီသည် ယနေ့မှစ၍ တရားမဝင်တော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ညနေ ၆ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ကြေညာသွားသည်။

“မြန်မာ့အသံ ၆ နာရီသတင်းမှာ ပြောသွားတယ်။ NLD နဲ့ တခြားပါတီ ၅ ခုဟာ ဒီနေ့က စပြီး တရားမဝင်တော့ဘူး ဆိုပြီးတော့ ကော်မရှင်က ကြေငြာတယ်လို့ ဆိုတယ်” ဟု NLD ပါတီဝင်တဦးက တယ်လီဖုန်းမှတဆင့် ပြောကြားသည်။

“နောက်ပြီးတော့ ရွေးကောက်ပွဲ ဝင်မယ့် ပါတီတွေကို မြန်မာ့အသံတို့ မြဝတီတို့၊ နိုင်ငံပိုင် သတင်းစာတွေက နေပြီးတော့ တရားဝင် မဲဆွယ်ခွင့်ပေးမယ်။ ဒါပေမဲ့ မဲဆွယ်ခွင့် ပေးတဲ့နေရာမှာလဲ ကန့်သတ်ချက်တွေ အများကြီးဘဲ” ဟု သူက ထပ်ပြောသည်။

မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့သည့် NLD ပါတီဝင်များကမူ ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ခဲ့သော ပါတီကို ဖျက်သိမ်းမှာ ကြိုတင် တွက်ထားခဲ့ကြောင်း ဆိုသည်။

အသေးစိတ် ဆက်လက်စုံစမ်းလျှက်ရှိပြီး ထပ်မံ သတင်းပေးပို့မည်။

No comments:

Post a Comment