Saturday, October 2, 2010

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအချက်များပါဝင်တဲ့ ချင်းအမျိုးသားပါတီ စာမူတချို့ ပယ်ချခံရ

ခိုနူမ်းထုန်သတင်း၊

နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုမှ တဆင့် မဲဆွယ်စည်းရုံးဟောပြောရန် ရွေးကောက်ပွဲကော်မီရှင်ထံ တင်ပြထားတဲ့ ချင်းအမျိုး သားပါတီရဲ့ စာမူကို ရွေးကောက်ပွဲကော်မီရှင်က ခွင့်ပြုလိုက်ပြီမဲ့ တိုင်းရင်းသားအခွင့် အရေးဆိုင်ရာ အရေးကြီး အချက်အလက်တွေကို ပြည်ထောင်စုရွေး ကောက် ပွဲကော်မီ ရှင်က ပယ်ချလိုက် တယ်လို့ သိရသည်။

ရွေးကောက်ပွဲကော်မီရှင်က ပယ်ချလိုက်တဲ့ အချက်များမှာ ချင်းပြည် နယ် တွင် လွတ်လပ်စွာဘုရား ကျောင်း တည် ဆောက်ခွင့်၊ ယုံကြည်ကိုယ်းကွယ်ခွင့်ရရှိရေး၊ ချင်းပြည်နယ်အစိုးရမူ လတန်း ကျောင်းတွင် ချင်းဘာသာ စကားသင်ကြား ခွင့်ရရှိရေး၊ အစိုးရမဟုတ်သည့် အဖွဲ့ အစည်းများ ချင်းပြည်နယ်အတွင်း ပိုမို များ ပြားလာ အောင်လုပ်ဆောင်ရေးဆိုသည့် အချက်များပါဝင်ကြောင်းချင်းအမျိုးသားပါတီဥက္ကဌဦးဇိုးဇမ်ကပြောသည်။

ဘာကြောင့်ခုလိုပယ်ချရတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်က အကြောင်းပြ ချက် တစုံတရာပေးတာမရှိဘူးလို့  ဦးဇိုးဇမ်ကဆက်ပြောသည်။

အစိုးရပိုင်ရုပ်မြင်သံကြားမှတဆင့်ဟောပြောမည့် နိုင်ငံရေးပါတီများသည် ၄င်းတို့ ဟောပြောမည့် စာမူများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်ထံ အရင်ထင်ပြရပြီး ထို့ နောက် ရွေးကောက်ပွဲကော်မီရှင်က ခွင့်ပြုပြီးမှ သာ ရုပ်မြင်သံကြားအစီစဉ်တွင်ဟောပြောခွင့်ရရှိမှာဖြစ်သည်။

ချင်းအမျိုးသားပါတီက လာမည့်အောက်တိုဘာလ ၃ ရက် နှင့် ၂၁ နေ့ တွေမှာ နိုင်ငံပိုင်ရုပ်မြင် သံကြားမှတ ဆင့် မဲဆွယ်ဟောပြောခွင့်ရရှိမှာဖြစ်သည်။

ချင်းအမျိုးသား ပါတီ မတိုင်ခင်က ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) တို့ ဟောပြောမည့် စာမူတွေကိုတော့ ရွေးကောက်ပွဲကော်မီရှင်က ပယ်ချခဲ့တယ်လို့ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မီရှင်က နိုင်ငံရေးပါတီများကို ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ၁၅ မိနစ် စာမဲဆွယ် ဟောပြောခွင့် ပြထားခဲ့ပြီး ပြီးခဲ့သည့် ၂၀ ရက်နေ့ က နိုင်ငံရေးပါတီများ အလှည့်ကျ ဟောပြော တင်ပြမှု အချိန်ဇယားကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပေးလိုက်ပြီးဖြစ်သည်။

No comments:

Post a Comment