Saturday, October 2, 2010

ပယက ရုံးကို ပြည်နယ် ၀န်ကြီးရုံးအဖြစ်ပြောင်းလဲအသုံးပြုမည်ဖြစ်

Khonumthung News.

အောက်တိုဘာ ၂ ရက်နေ့မှ စပြီး မြန်မာနိုင်ငံ၊ ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင် စီရုံးကို ပြည်နယ်ဝန်ကြီးရုံးအဖြစ် အသုံးပြုတော့မည်ဟု သိရသည်။

“နောက်မှာ ၀န်ကြီးရုံး သီးသန့်ဆောက်မလားတော့ မသိဘူး၊ အခု ရုံးခန်းကို ပြန်လည်ဖွဲ့စည်းနေရတယ်၊ ပယကရုံးနဲ့ တွဲရမယ်” ဟု ပယက ၀န်ထမ်းတဦးက ပြောသည်။

ဝန်ကြီးများရုံးတွင် အရာရှိအဆင့် ၀န်ထမ်း ၂၀ ဦးကို နေပြည်တော်မှ တိုက်ရိုက် စေလွှတ် မည်ဖြစ်ပြီး ၀န်ထမ်း အသစ်(၄၀)ဦးနှင့် အတူ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ အဆိုပါ ၀န်ထမ်း တွေ ကို ပယက ရုံးမှ ဇွန်လတုန်းက ရွေးချယ်ခန့်ထားပြီးဖြစ်ကြောင်း သိရသည်။

“ ၀န်ကြီးရုံး ၀န်ထမ်း အသစ်တွေနှင့် အရာရှိ (၂၀)လောက် ပြောင်းလာကြမှာ….အဲဒါ သူ တို့နေဖို့အတွက် နေရာ ဖယ်ခိုင်းနေရတယ်”ဟုအဆိုပါ ပယကရုံး ၀န်ထမ်းတစ်ဦးကပြော သည်။

ဝန်ကြီးရုံးဝန်ထမ်းများ နေထိုင်ဖို့အတွက် ဟားခါးမြို့အစိုးရ အိုးအိမ်တွင် နေထိုင်သူ ၀န်ထမ်း မိသားစု ၆၀ ခန့်ကို ဗျူဟာမှူးမှ ယခုလ အောက်တိုဘာ ၁၅ ရက်နောက်ဆုံးထားပြီး နေရာမှ ဖယ်ခိုင်းကြောင်း၊ မလိုက်နာသူကို တရက် ကျပ်ငွေ ၁၀၀၀၀ ပေးဆောင်ရမည်ဖြစ် ကြောင်း သိရသည်။

ချင်းပြည်နယ် ဟားခါးမြို့တွင် အစိုးရအိုးအိမ်လိုင်းခန်းနေ ၀န်ထမ်းမိသားစု(၆၀)အား ပြည်နယ် အေးချမ်းသာယာရေးနင့် ဖွံ့ဖြိုးရေးကေင်စီ(ပယက)ရုံးက ပြောင်းရွေ့ခိုင်းခြင်းကြောင်း သိရှိရ သည်။

အဆိုပါ ၀န်ထမ်း ၆၀ အနက် ၄၂ ဦးသာ အိုးအိမ်မှ ပြောင်းရွှေ့နိုင်ကြသော်လည်း ကျန် မိသားစု များသည် ငွေကြေး၊ အိမ်ခန်းရှားပါးမှုကြောင့် ယခုထိ မပြောင်းနိုင်ကြသေးကြောင်း ထပ်မံ သိရသည်။

“ပိုက်ဆံရှိယင်လည်း အိမ်ငှားဖို့အိမ်ခန်းက ရှားတယ်ဗျ ၊ အထောက်အပံ့လည်း တစုံတရာမရှိဘူး” ဟု အမည်မဖော်လိုသူ ၀န်ထမ်းတဦးက ခိုနူမ်းထုန်သတင်းဌာနကို ပြောပြခဲ့သည်။

ချင်းပြည်နယ်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီရုံးကို ဟားခါးမြို့ ချင်းဦးစီးရပ်ကွက် တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ယခင် မဆလခေတ်ကတည်းက ယနေ့အထိ စစ်အစိုးရအဆက် ဆက်က အစိုးရ၀န်ထမ်းများ နေသည့် အဆောက်အဦးအဖြစ် အသုံးပြုနေခြင်းဖြစ်သည်
အခုကဲ့သို့  အဆောက်အဦးများကို ပြည်နယ်ဝန်ကြီးရုံးအဖြစ် ပြောင်းလဲခြင်းသည် စစ်အစိုးရက နိုဝင်ဘာလ (၇)ရက်နေ့ တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ၀န်ထမ်းများကြိုတင်ချထားခြင်းဖြစ်နိုင်ကြောင်းဒေသခံ ပြည်သူများက သုံးသပ်ကြသည်။

သို့ လာမည့်ရွေးကောက်ပွဲတွင် စစ်အစိုးရနှင့်သက်ဆိုင်သည့် မည်သည့် ပါတီ ကိုမဆို ဟားခါးဒေသခံအများစု မဲပေးမည်မဟုတ်ကြောင်း၊ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် က စစ်အစိုးရရဲ့ ယခုကျင်းပမည့်ရွေးကောက်ပွဲ ကန့် ကွတ်သည်နှင့်အညီ ချင်းပြညနယ် အမျိုးသားဒီမိုကရေစီအ ဖွဲ့ ချုပ်ကလည်း ခန့် ကွတ်သောကြောင့် USDP အနေဖြင့် ချင်းပြည်သူရဲ့ ထောက်ခံမဲ ရမည်မထင်ကြောင်း ချင်း နိုင်ငံရေးသုံးသပ်သူများက ဆိုသည်။

No comments:

Post a Comment