Monday, October 4, 2010

ကျေးရွာပြည်သူ့စစ်အတွက် ဗမာတပ်ထွက်များကို တစ်လငါးသောင်းပေးငှါးရ

ကောင်းဝါ


မွန်ပြည်နယ် ရေးမြို့နယ် အင်ဒင်းကျေးရွာအုပ်စု၌ ဒေသခံခလရ(၆၁)တပ်ရင်းမှ ဖိအားပေးခဲ့သည့်အတွက်ကြောင့် ယ္ခုရက်ပိုင်းအတွင်း ဗမာ့တပ်ထွက်များကို တလငါးသောင်းပေးပြီး ကျေးရွာပြည်သူ့စစ်ဖွဲ့စည်းခဲ့ရသည်ဟုဒေသခံ ရွာသား တစ်ဦးကပြောပါသည်။

ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် ကျေးရွာသားများနှင့် ရဟန်းသံဃာတော်များကန့်ကွက် နေသည့် ကြား၌ ကျေးရွာအုပ်စုဥက္ကဌနိုင်သာနိုးသည် ခလရ(၆၁)တပ်ရင်းမှ လက်နက်များယူဆောင်လာပြီး ကျေးရွာပြည်သူ့စစ် ဖွဲ့စည်း ခဲ့သည်ဟု ကျေးရွာရပ်မိရပ်ဖတစ်ဦးက ပြောပါသည်။

ဤဒေသ၌ ကျေးရွာပြည်သူ့စစ်လုပ်ချင်မည့်သူ မရှိသည့်အတွက် ခလရ(၆၁)မှ ရဲဘော်ဟောင်း(၆)ယောက်ကို တစ်လငါးသောင်းဆီပေးပြီး ငှားရမ်းခဲ့ရသည်ဟု လည်းပြောပါသည်။

အယင်းအတွက်ကြောင့် ကျေးရွာအုပ်စုထဲရှိ ရွာသား များမှ တစ်လလျှင် ငွေကြေးရှစ်သိန်းကောက်ခံသွားမည်ဟု ကျေးရွာရယကအဖွဲ့ဝင်တစ်ဦးကပြောပါသည်။

ရေးမြို့နယ်အင်ဒင်းကျေးရွာအုပ်စုသည် ခြံလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်း ပြုနေကြရပါသည်။

ပြီးခဲ့သည့်နှစ် နွေပိုင်း၌ အပူရှိန်ရိုက်ခတ်ခဲ့သည့်အတွက်ကြောင့် ကွမ်းသီးပင်တွေအသေအပျောက်များပြီး ကွမ်းအထွက်နှုန်းလဲ ထက်ဝက် ကျော် လျော့ကျခဲ့ပါသည်။

ယ္ခုကဲ့သို့ ကျေးရွာပြည်သူ့စစ်များအတွက် ငွေကြေးလစဉ်ပေးဆောင်ရမည်ဆိုလျှင် ဒေသခံပြည် သူများအတွက် အခက်အခဲများနှင့် တွေ့ကြုံနေရမည်ဟု ခြံလုပ်ငန်းရှင်တစ်ဦးကပြောပါသည်။

ဤကဲ့သို့ ကျေးရွာပြည်သူ့စစ်ဖွဲ့စည်းလိုက်သည့်အတွက် ထိုဒေသများ၌ မွန်ပြည်သစ်ပါတီ၏သြဇာအရှိန်အဝါ ကျဆင်းသွားရန်နှင့် နယ်မြေခံသတင်းပေးများ မွေးထုတ်သွားရန်အစီအစဉ်ရှိသည်ဟု မွန်ပြည်သစ်ပါတီမှအမည် မဖေါ်လိုသူ ဗိုလ်မှူးတစ်ဦးကပြောပါသည်။

No comments:

Post a Comment