Saturday, April 16, 2011

မလေးရှားတွင် ပြုလုပ်သော မြန်မာ့ ဥယျာဉ်ကုမ္ပဏီ ၏ ပဉ္စမအကြိမ်မြောက် သင်္ကြန်အထူး စည်ကား

နိရဉ္စရာ

မြန်မာ့ဥယျာဉ်ကုမ္ပဏီ(မလေးရှား) ၏ ပဉ္စမအကြိမ်မြောက် မြန်မာရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မလေးရှားနိုင် Port Dickson ပင်လယ်ကမ်းခြေ တွင် ဧပြီးလ ၁၄ ရက်နေ့က ကျင်းပခဲ့ရာ အထူး စည်ကားခဲ့ကြောင်း သတင်း ရရှိသည်။

သင်္ကြန်ပွဲတော်သို့ တက်ရောက်ခဲ့သူ လူငယ် တစ်ဦးက “ ပွဲတော်က အထူး စည်ကားပါတယ်။ မြန်မာ တိုင်းရင်းသားပေါင်းစုံ တစ်ထောင်ကျော် ပါဝင်ဆင်နွဲ့ခဲ့ကြပါတယ်” ဟု ပြောသည်။

သင်္ကြန်ပွဲတော်တွင် ရခိုင်ရိုးရာ နံ့သာသွေးခြင်း-ဘုရားရေသပ္ပါယ်ခြင်း နှင့် ရခိုင်ရေလောင်း မဏ္ဍပ်တွင် အပျိုလူပျို ရေလောင်းကစားခြင်း၊ မြန်မာ့ရိုးရာ ရေကစားခြင်းအပြင် သဲသောင်ပြင် ဘောလုံးပြိုင်ပွဲ ပြုလပ်ကျင်းပခြင်း၊ မလေးရှားရောက် မြန်မာသမီးပျို များရဲ့ မြန်မာ့ရိုးရာ သင်္ကြန်အကအလှ များဖြင့် ဖျော်ဖြေခြင်းနှင့် မြန်မာလူငယ်များ သံချပ်ထိုးခြင်း စသည့် အစီအစဉ်များကို စည်ကားသိုက်မြိုက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာ့ဥယျာဉ်ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးမှလည်း “ မြန်မာ့ ဥယျာဉ် ကုမ္ပဏီသည် မလေးရှားရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများ ရိုးရာမပျက် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသကြန် ပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပနိုင်ရေးအတွက် အခက်အခဲ အမျိုးမျိုးကြားမှ ကြိုးပမ်း ကျင်းပပေးလာခဲ့ရာ ယခုအခါ ပဉ္စမအကြိမ် မြောက်ကျင်းပနိုင်ခြင်း ဖြစ်ပြီး နောက်ကိုလည်း နှစ်စဉ်နှစ်တိုင်းကြိုးပမ်းပေး သွားမည်ဖြစ်ကြောင်း” ပြောကြားသည်။

No comments:

Post a Comment