Wednesday, May 18, 2011

ဘုရားသုံးဆူဒေသတွင် အလုပ်သမား (၁၀၀၀)ကျော်ကြုံရာကျဘမ်းအလုပ် လုပ်ကိုင်နေရ

နော်ဆာဂေးဖေါ်၊ ကောင်းဝါသတင်းဌာန

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကေအဲန်ယူဘက်မှ သစ်တောပိတ်ပင်မှုကြောင့် ထိုင်းမြန်မာ နယ်စပ်ရှိ ဘုရားသုံးဆူမြို့ပရိဘောဂအလုပ်ရုံပေါင်း(၁၀၀)ရှိသည့်အနက် အနည်းငယ်မျှသာအလုပ်လည်ပတ်နိုင်ပြီး ပရိဘောဂအလုပ်သမား (၁၀၀၀) ကျော် အလုပ်လက်မဲ့ဖြစ်နေပြီး ကြုံရာကျဘမ်းအလုပ်များကိုလုပ်နေရကြောင်း အလုပ် သမားခေါင်းဆောင် တစ်ဦးမှပြောပါသည်။

အဆိုပါလည်ပတ်နိုင်သော စက်ရုံအချို‹သည် ခြံသမားတွေဆီမှရလာသည့် ကုန်ကြမ်းအနည်းငယ်ဖြင့် ယွန်းပစ္စည်းအနည်းအကျဉ်းမျှသာထုတ်လုပ်နိုင်တော့ကြောင်း ပရိဘောဂလုပ်ငန်းရှင်တစ်ဦးမှပြောသည်။ လုပ်ငန်းမလည် ပတ်နိုင်သည့်အခါ လုပ်ငန်းရှင်များအနေနှင့် တစ်ခြားလုပ်ငန်းကိုပြောင်းဖို့ဆိုတာလည်း မလွယ်ကူသလို ၄င်းတို့ရင်းနှီး မြုပ်နှံထားမှုများပြီး ဆုံးရှုံးမှုတွေလည်းရှိသည်ဟုပြောပါသည်။

အလုပ်သမားများအနေနှင့် မိမိတို့မိသားစုစားဝတ်နေရေးအတွက် တွေ့သမျှလုပ်ငန်းကို ကြုံသလိုလုပ်ကိုင်နေရ သည်ဟု သုံးဆူမြို့နေအလုပ်သမားတစ်ဦးမှပြောပါသည်။

“အလုပ်ကမမှန်ဘူး ဒီနေ့အလုပ်ရရင် မနက်ဖြန်အလုပ်မရပြန်ဘူး။ ရိုးရိုးပရိဘောဂသမားက တစ်ရက်ကို ၁၅၀၊ ၁၆၀ ဘတ် ရပါတယ်။ တခါတလေ တလမှာ အလုပ် ၅ ရက်ပဲရတယ် တချို့ကလည်း မြို့ထဲမှာပဲ ဟိုနည်းနည်း ဒီနည်းနည်း ရှာကြံပြီးလုပ်စားရတယ်၊ တချို့ကသပြု ခနောက်စိမ်းမိုင်းသွားတူး တာရှိပါတယ် အလုပ်ရုံမှာ အခုက တလကိုမှ ဒီတချို့ က သစ်လေးနည်းနည်းရရင် တလလုံးမှ ၄၊ ၅ ရက် အဲသလောက်ပဲ လည်နေရတယ်။”

တချို့အလုပ်သမားများသည် တောင်ယာ ခြံထဲတွင်ပေါင်းမြက်ရှင်းသည့်အလုပ်ကိုရှာဖွေလုပ်ကိုင်နေရကြောင်း အဆိုပါအလုပ်သမားမှပြောပါသည်။

ဘုရားသုံးဆူမြို့သည် ပရိဘောဂလုပ်ငန်းကိုတွင်တွင်ကျယ်ကျယ်လုပ်ကိုင်ပြီး ထိုင်းနိုင်ငံဘက်ကို တင်ပို့ရောင်းချ နေသည်။ ယခုအခါကေအာန်ယူဘက်မှ သစ်တောပိတ်ပင်ထားမှုကြောင့် ပရိဘောဂနှင့်ယွန်းထည်လုပ်ငန်း ရပ်ဆိုင်းထား ရသည်ဟု လုပ်ငန်းရှင်တစ်ဦးမှဆိုသည်။ ဤဖြစ်စဉ်နှင့်ပတ်သက်ပြီး ကေအဲန်ယူ သစ်တောဆိုင်ရာတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာ ယခုလိုပြောပါသည်။

“တနှစ်နဲ့တစ်နှစ် သစ်ထုတ်လုပ်ရောင်းချမှုတွေ ပိုပိုပြီးများလာတဲ့အတွက်ကြောင့် သစ်တောပြုန်းတီးမှုတွေ များလာတယ်။ သစ်တောပြုန်းတီးမှုများလာတော့ ရှားပါးသတ္တ၀ါတွေလည်းမနေရဲ တော့တဲ့အခါ မျိုးတုံးလာတယ်။ အခုလိုသစ်တောပိတ်ပင်ရတာကတော့ သစ်တောပြုန်းတီးမှုမရှိရအောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေနဲ့ ပြည်သူလူထုတွေလည်းအကျိုးခံစားခွင့်ရအောင် ပိတ်ရတာပါ ပြီးတော့ ဒီနှစ်အတွင်းမှာ သစ်ထုတ်လုပ်ရောင်းချမှု မရှိတော့ဘူး။”

အရင်နှစ်များတွင် သစ်ထုတ်လုပ်ရောင်းချမှုရှိသော်လည်း ယခုနှစ်တွင် သစ်ထုတ်လုပ်ရောင်းချမှုမရှိတော့ဟု အဆိုပါ ကေအာန်ယူသစ်တောအရာရှိမှပြောသည်။

ယခင်က ကရင်ပြည်နယ်သစ်တောတခုလုံး သစ်တော(၈၅)ရာခိုင်နှုန်းရှိပြီး(၁၅)ရာခိုင်နှုန်းမှာ ကွင်းပြင်ဒေသ များဖြစ်သည့် လယ်ကွင်းနှင့်ကျေးရွာများတွင်သာရှိသည်။ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ ခန့်မှန်းခြေအရ သစ်တော ပြုန်းတီးမှု (၅၀) ရာခိုင်နှုန်းရှိပြီး (၃၅) ရာခိုင်နှုန်းခန့်ကျန်ရှိနေသေးကြောင်း သိရသည်။

No comments:

Post a Comment