Monday, May 2, 2011

အိုဆာမာဘင်လာဒင် သေဆုံးသွားပြီ ဖြစ်ကြောင်း အမေရိကန် သမ္မတ ကျေညာ

အမေရိကန်မှ အထူးလိုလားသော အိုဆာမာဘင်လာဒင်ကို စစ်ဆင်ရေး တစ်ခု အတွင်း ယမန်နေ့ (တနင်္ဂနွေနေ့) က အသေဖမ်းဆီးရမိခဲ့ကြောင်း အမေရိကန် သမ္မတ အိုးဘားမားက ကျေညာသည်။

ဘင်လာဒင်အား ပါကိစ္စတန်နိုင်ငံမှ အိမ်တစ်ခုအတွင်း အမေရိကန် တပ်ဖွဲ့တစ်ခုရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် သူ့ အလောင်းကို အမေရိကန် အစိုးရမှ ရရှိထားကြောင်း သမ္မတက ကျေညာရာမှာ ပြောကြားသွားသည်။

အမေရိကန် တပ်ဖွဲ့မှ စစ်ဆင်ရေးကို လွန်ခဲ့တဲ့ အပတ်က ပြုလုပ်ခဲ့ပြီး တနင်္ဂနွေနေ့မှာတွင် အစ္စလာမ်မာဘတ် အပြင်ဘက်မှ နေအိမ်တစ်ခုအတွင်း အမေရိကန် တပ်ဖွဲ့၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့တာ ဖြစ်ကြောင်း သိရသည်။

အိုဆာမာဘင်လာဒင်မှာ ၂၀၀၁ ခုနှစ် စက်တင်္ဘာလ ၁၁ ရက်နေ့က နယူးယောက်မြို့ရှိသော Twin Towers ကမ္ဘာ ကုန်သွယ်ရေး အဆောက်အဦးတွေ အပါအ၀င် နေရာလေးခုကို တိုက်ခိုက်ရာတွင် အဓိက ကြိုးကိုင်ခဲ့သူ တာဝန်ရှိသူ အဖြစ် အမေရိကန် အစိုးရမှ ထုတ်ဖေါ်ပြေကြားထားပြီး အထူး လိုလားခံနေသူ ဖြစ်သည်။

ယခုအခါ ရာပေါင်းများစွာသော အမေရိကန်များက အိမ်ဖြူတော်ဝန်းကျင်တွင် အလံများ ဝှေ့ရမ်းကာ အောင်ပွဲခံနေကြကြောင်း သိရသည်။

အိုဆာမာဘင်လာဒင်မှာ အယ်လ်ကိုင်းဒါး ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး ကမ္ဘာ့ အကြမ်းဖက်သမား ခေါင်းဆောင် တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သဖြင့် သူသေဆုံးမူမှာ ကမ္ဘာ အကြမ်းဖက်မူ၏ နိဂုံး ဟုတ်မဟုတ်ကိုတော့ ဆက်လက် ရှု့စားကြရတော့မည် ဖြစ်သည်။

No comments:

Post a Comment