Monday, June 6, 2011

ဒေသခံများကန့်ကွက်ခဲ့သဖြင့် ရွှေအတိရှေးဟောင်းဘုရားနှင့် ဌာပနာတော်များအား မြောက်ဦးတွင် ပူဇော်ထားရှိ

ရိုးမ ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဘုရားပြန်လည်ပြုပြင်နေစဉ် ထူးဖော်ရရှိသည့် ရှေးဟောင်းဘုရားရုပ်ထုအား နေပြည်တော်သို့ ပင်ဆောင်မည်ကို ဒေသခံများကန့်ကွက်ခဲ့သည့်အတွက် ရတနာမာန်အောင်ကျောင်းတိုက်တွင် အပူဇော်ခံ ထားရှိလိုက်သည်။

မေလ (၃၀) ရက်နေ့က မြောက်ဦးမြို့ လောကမဉ္ဇူရှေးဟောင်းဘုရားအား ပြုပြင်နေစဉ် တူးဖော်ရရှိသည့် ရွှေသား ဆင်းတုတော်နှင့် ဌာပနာများအား ရှေးဟောင်းသုတေသနဌာနက နေပြည်တော်သို့ ပင့်ဆောင်ရန် စီစဉ်သည်ကို ဒေသခံ မြို့သူမြို့သားများ ဝိုင်းဝန်းကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“သူတို့က နေပြည်တော်ကို ယူမလို့၊ ဆင်းတုတော်က ရွှေဘုရားဆိုတော့ကျနော်က မြို့လူထုကိုအပ်လိုက်တာ၊ အခုနေပြည်တော်က ရွှေစစ်မစစ် စမ်းသပ်ဖို့ ယူမယ်၊ အဲဒါ မြို့လူထုနဲ့ ရှေးဟောင်းသုတေသနတို့ ပဋိပက္ခဖြစ်တာ၊ အခုတော့ ဒေသခံတွေက သူတို့ကိုးကွယ်တဲ့ ရတနာမာန်အောင် ဆရာတော်ကျောင်းကို ပို့ဆောင်ပူဇော်ထားလိုက်တယ်”ဟု ရခိုင်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင်က ပြောသည်။

တူးဖော်ရရှိသည့် အဆိုပါ ဆင်းတုတော်မှာ ရွှေသားအလေးချိန် လေးပိဿာ ခြောက်ဆယ့်လေးကျပ်သားရှိပြီး ကြေးဆင်းတုက အလေးချိန် ၂၀ ကျော်ရှိသည့် ကြေးဆင်းတု တဆူ၊ ဓါတ်တော်ကြုပ် (၁) ခုနှင့် ရှေးဘုရား ဌာပနာတော်အပါး ၁၀၀ ကျော်နှင့် အခြား ဓါတ်တော်များလဲ ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ ရှေးဟောင်း ဆင်းတုတော်များမှ လေးမြို့ခေတ်၊ ဓညဝတီခေတ်နှင့် မြောက်ဦးခေတ် လက်ရာများဖြစ်ပြီး ရခိုင်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ဟောင်းနေရသည် ရှေးဟောင်း ဘုရားရုပ်တုများ၊ ဌာပနတော်များ၊ အခြား ဆင်းတုရုပ်ပွားတော်များစွာ တူးဖော်ရရှိခဲ့သည့်နေရာ ဖြစ်သည်။

No comments:

Post a Comment