Tuesday, June 21, 2011

မြဝတီတောင်ကြောလမ်းပစ်ခတ်မှု နှစ်ဦး သေဆုံး

နော်နိုရင်း

ကရင်ပြည်နယ် မြဝတီ​တောင်​ကြောလမ်း​အတွင်း​ အမည်မသိ​သေနတ်သမား​တဦး​ ပစ်ခတ်မှု​ကြောင့်​ အစိုး​ရတပ်ရဲ​ဘော်တဦး​နဲ့​ အရပ်သား​ဆိုင်ကယ်သမား​တဦး​ ​သေဆုံး​သွား​ပါတယ်။

မြဝတီ-​ ​ကော့​ကရိတ် ​တောင်​ကြေား​လမ်း​က ​အောက်ဗိုလ်တဲနဲ့​ အလယ် ဗိုလ်တဲအကြား​မှာ အမည်မသိ ​သေနတ်သမား​တ​ယောက်က ဆိုင်ကယ်သမား​တဦး​နဲ့​ အစိုး​ရတပ်ရဲ​ဘော်တဦး​ကို ပစ်ခတ်မှုခဲ့​ပွား​တာပါ။

ဒီပစ်ခတ်မှုအတွင်း​ အဲဒီ ရဲ​ဘော်နဲ့​ ဆိုင်ကယ်သမား​ နှစ်ဦး​စလုံး​ ဒဏ်ရာပြင်​ထန်ပြီး​ ​သေဆုံး​သွား​တယ်လို့​ ဒီ​နေ့​ ဘား​အံက​နေ မြဝတီကို ပြန်လာတဲ့​ ခရီး​သည်တဦး​က ​ပြောပါတယ်။

“ကျ​နော်တို့​ မြဝတီ​တောင်​ပေါ်လမ်း​ ​အောက်ဗိုလ်တဲအ​ကျော် ​ကွေ့​အ​ကျော်​လေး​မှာ အလယ်ဗိုလ်တဲ မ​ရောက်ခင်​လေး​မှာ ဘယ်သူလဲ​တော့​ အတိအကျ ​ပြောမရဘူး​။ လုံချည်​လေး​ခြုံပြီး​တော့​ အသာ​လေး​ တက်သွား​ချိန်မှာ ဆိုင်ကယ်သမား​တ​ယောက်နဲ့​ စစ်သား​တ​ယောက်ကို လှည့်​ပြီး​ပစ်သွား​လိုက်တာ။ တိုက်ပွဲပုံစံမဟုတ်ဘူး​။ လုပ်ကြံလိုက်တဲ့​ပုံစံ​ပေါ့​။ ခရီး​သွား​ဟန်လွဲပုံစံနဲ့​ ပစ်သွား​တာ။ ဝါး​နဲ့​တား​တဲ့​ ဝါး​တား​ဂိတ်ကို ​ကျော်သွား​ပြီး​တော့​မှ အဲဒီ​နောက်မှာမှ ဆိုင်ကယ်တစီး​က ​ရောက်လာတယ်။ အဲဒီအချိန်မှာ စစ်သား​က ထွက်တား​တယ်။ အဲဒီစစ်သား​က ဆိုင်ကယ်မှာ အာရုံ​ရောက်​နေချိန်မှာ အဲဒီလုံချည်ခြုံထား​တဲ့​လူက လှည့်​ပစ်လိုက်တာ။ ဆိုင်ကယ်သမား​တ​ယောက်​ကော ​သေသွား​တယ်။ အခု​တော့​ ​အေး​အေး​ဆေး​ဆေး​ ပြန်တက်လို့​ရပြီ။”

နေ့​ခင်း​ ၁၂ နာရီ​လောက်မှာ ပစ်ခတ်မှုဖြစ်ပွား​ခဲ့​တာဖြစ်ပြီး​ ​သေနတ်ကိုင်​ဆောင် ပစ်သတ်သူဟာ မည်သူမည်ဝါဆိုတာကိုလည်း​ မသိရသလို ပစ်ခတ်ပြီး​ ထွက်​ပြေး​သွား​တာ​ကြောင့်​ ဖမ်း​ဆီး​ရမိခြင်း​ မရှိဘူး​လို့​ အဲဒီခရီး​သည်က ​ပြောပါတယ်။

ဒီ​နေ့​ဟာ ဘား​အံ-​ကောကရိတ်က​နေ မြဝတီကို တက်တဲ့​နေ့​ဖြစ်တာ​ကြောင့်​ ဒီလိုပစ်ခတ်မှုဖြစ်ပွား​ခဲ့​တဲ့​အတွက် ​အောက်ဗိုလ်တဲမှာ ကား​အစီး​ပေါင်း​ ၅၀ ​ကျော် ​ခေတ္တာ ရပ်ဆိုင်း​ မှု ဖြစ်ပွား​ခဲ့​ပါတယ်။ ဒါ​ပေမယ့်​ ည​နေပိုင်း​မှာ​တော့​ ကား​တွေကိုမြဝတီဘက် ပြန်တက်ခွင့်​ ​ပေး​ခဲ့​တယ်လို့​ အဲဒီ ခရီး​သည်ကပဲ ​ပြောပါတယ်။

မ​နေ့​ကလည်း​ ဒီ​ကေဘီ​အေ ဗိုလ်​ကျော်သက်ဦး​ဆောင်တဲ့​အဖွဲ့​က ​ကောကရိတ်မြို့​အဝင် တဲသုံး​လုံး​အနီး​မှာ ဆက်​ကြေး​ငွေ​ကောက်ခံတဲ့​အတွက် အစိုး​ရတပ်ဘက်က သူတို့​ကို လက်နက်ကြီး​တွေနဲ့​လှမ်ပြီး​ ပစ်ခတ်ခဲ့​လို့​ အပြန်လှန် လက်နက်ကြီး​နဲ့​ ပစ်ခတ်မှု ဖြစ်ပွား​ခဲ့​ပါတယ်။

မ​နေ့​က ဖြစ်တဲ့​တိုက်ပွဲအတွင်း​ ထိခိုက်ကျဆုံး​မှု အ​သေး​စိတ်ကို မသိရ​သေး​ပေမယ့်​ မြဝတီမြို့​ခံ​တွေရဲ့​ ​ပြောဆိုချက်အရ တိုက်ပွဲအတွင်း​ ဗိုလ်မှူး​ကြီး​ကျော်သက်တို့​အဖွဲ့​က ၄ ဦး​ ကျဆုံး​ခဲ့​လို့​ သိရပါတယ်။

No comments:

Post a Comment