Monday, June 20, 2011

၆၆ နှစ်မြောက် ဒေါ်စုမွေးနေ့ အခမ်းနား WLB က ဘင်္ဂလားဒေ့ခ်ျတွင် ကျင်းပ

ထွန်းထွန်း


၂၀၁၁-ခု ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ် မြောက်မွေးနေ့ပွဲ အခမ်းအနားကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်စပ်တနေရာတွင် အမျိုးသမီး အဖွဲ့ချုပ် - မြန်မာနိုင်ငံ (ဘင်္ဂလာဒေခ်ျ့ဌာနခွဲ)က ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းနားပြုလုပ်စဉ်အတွင်း တက်ရောက်လာသူများမှ ဒေါ်အောင်ဆန်းစုကြည်အား ဆုတောင်းခြင်း၊ ဂုဏ်ပြု ခြင်းများကို ပြုလုပ်ခဲ့သည့် အပြင် ဒေါ်စု၏ လုံခြုံရေး၊ တိုင်းရင်းသား အခွင့်အရေး ရရှိရေး၊ ဒီမိုကရေစီ ဖေါ်ဆောင် ပေးရေး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး စသည့် အရေးကိစ္စ များကိုပါ ထည့်သွင်း ပြောကြားခဲ့သည် ဟုသိရသည်။

အခမ်းအနားတွင် အခမ်းအနားမှူးးအဖြစ် RWU အဖွဲ့ဝင်စောမိပန်းရံနှင့် ကိုခိုင်ကျော်မင်းစိုး တို့က တာဝန်ယူ ဆောင်ရွက်သည်။ ၎င်းနောက်ပိုင်း WLB မှထုတ်ပြန်သည့် ကျေညာချက်ကို WLB ဘင်္ဂလားဒေ့ခ်ျ တာဝန်ခံ စောလှမြသူကဖတ်ကြားသည်။

အခမ်းနားကို ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့် သီချင်းတပုဒ်ဖြင့် သီဆိုကာ စတင်ဖွင့်လှစ်ကြောင်းသိရသည်။

အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်ကို WLB သဘာပတိ အဖွဲ့ဝင် မစောမီမီသန်းက နိရဉ္စရာကို ယခုကဲ့သို့ ပြောသည်။

"ကျွန်မတို့ အနေနဲ့ ဒေါ်စုမွေးနေ့ပွဲကို နှစ်စဉ် နှစ်တိုင်း ဒေါ်စု ထောင်ထဲမှာ ရှိနေတဲ့ အခါမှာရော ပြုလုပ်ခဲ့ပါတယ်။ အခု အပြင်ကို လွတ်လာတဲ့အချိန်မှာလည်း သူမကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပ ခဲ့တာဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်မတို့ကတော့ စစ်ပွဲတွေကို မလိုလားဘူး။ ငြိမ်းချမ်းရေးကိုပဲ လိုလားတယ်။ အခု လက်ရှိ အစိုးရက ငြိမ်းချမ်းရေးကို ဦးဆောင် မပေးနိုင်ဘူး။ အမေစုက ငြိမ်းချမ်းရေး လမ်းကြောင်းကို ဦးဆောင်နိုင်သူ ဖြစ်တယ်။ အဲဒါကြောင့် မြန်မာပြည် ငြိမ်းချမ်းရေး ရအောင် အမေစု ဦးဆောင် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

အဆိုပါအခမ်းအနားကို ကော့စ်ဘာဇားခရိုင် နွားရုပ်တောင်ရှိ RDF ရုံးခန်းမတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပရိသတ် ၃၀ ကျော် တက်ရောက်ခဲ့သည်။ အခမ်းအနားကို နေ့လည် ၁နာရီမှစတင်ခဲ့ပြီး ညနေ ၄ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

No comments:

Post a Comment