Thursday, October 20, 2011

မြန်မာတပ် အချင်းချင်း မှားပစ် ၆ ယောက်ထက် မနည်းသေ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့ နယ်အတွင်း လှုပ်ရှား နေသည့် မြန်မာ စစ်တပ် စစ်ကြောင်း တကြောင်းလူစု ခွဲပြီး ကျေးရွာ အတွင်း ဝင်ရာ အချင်းချင်း ပြန်လည် တိုက်ခိုက် မှုဖြစ်ပွား ခဲ့ကြောင်း ဒေသခံ သတင်း ရပ်ကွက် မှ သိရပါသည်။

“သူတို့တွေ နှစ်ဖွဲ ခွဲပြီး ရွာထဲ ဝင်တယ်။ တဖွဲ့ကမြောက် ဘက်က တဖွဲ့ကတောင် ဘက်က ဝင်ကြတယ်။မြောက်ဖက် က ဝင်လာတဲ့ တဖွဲ့က ရွာထဲ အရင် ရောက်တယ်၊ ရွာက ဘုန်းကြီးကျောင်း မှာလဲ သီတင်း ကျွတ်ပွဲ လုပ်နေ တာလေ။ တောင် ဖက်ကဝင် လာတဲ့အဖွဲ့ မိုင်းဆိန် ချောင်းကူး တံတား နားရောက်တော့ ကေအိုင်အေ ထောင်ထားတဲ့ မိုင်း နင်းမိတာ။ နှစ်ဖွဲ့လုံးလှန့်ပြီး အချင်းချင်း ပြန်တိုက်တာ။ ကချင်တပ် တော့ ရွာထဲမှာ မရှိပါဘူး” - ဟု ဒေသခံ စိုင်းခွန် ကပြောပါသည်။

အောက်တိုဘာ ၁၂ ရက် သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြို့နယ် မိုင်းတတ်ကျေးရွာအုပ်စုဝင် မိုင်းဆိန်ရွာဘက် (နမ္မတူမြို့ နှင့် ၄ မိုင်အကွာ) နယ်လှည့်သည့် ခလရ ၁၄၇ လက်အောက်ခံ စစ်ကြောင်းမြန်မာ့စစ် ကြောင်း တကြောင်း က နှစ်ဖွဲ့ခွဲပြီးရွာ အတွင်း ဝင်ကြောင်း၊ တဖွဲ့က မိုင်းဆိန်ချောင်းကူး တံတားအနီး KIA တပ်ဖွဲ့ ထောင်ထားသော မှိုင်း ၂ လုံးကို နင်းမိ ရာမှရွာအတွင်း အရင်ရောက်သည့်အဖွဲ့နှင့်အပြန်အလှန်မှား ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း၊ ထိုတိုက်ပွဲကြောင့် ၆ ယောက် ပွဲချင်းပြီးသေဆုံးပြီး အရာရှိနှစ်ဦးအပါဝင် ၇ ဦး ဒဏ်ရာ ရှိကြောင်း - အမည် မဖေါ် လိုသူ ရပ်မိရပ်ဖတဦးကပြော ပါ သည်။

“တနာရီ နီးနီးပစ်ခတ်တယ်။ ရွာပြင်မှာ ရှိတဲ့အဖွဲ့က ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တယ်။ ၃ လုံးက ဘုန်းကြီး ကျောင်းဝင်း အတွင်းကျတယ်။ ကျန် ၄ လုံးက ဒေသခံရဲ့ အိမ်တွေထိမှန်တယ်။ လူထုတော့ ထိခိုက်ဒဏ် ရာရ တာမရှိဘူး၊ ဒါပေမယ့် အဲကတည်းက စပြီး ဘယ်သူမှ ရွာအတွင်းမနေရဲတော့ဘူး။ နမ္မတူမြို့ပေါ် ရှောင် တိမ်းတာနဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားခိုကပ်ပြီးနေရကြရတယ်” - ဟု ဒေသခံဝန်ထမ်းတဦးကလည်း ပြောပြပါသည်။

ထို့နေ့ (၁၂/၁၀/၁၁) ရက်၌ပင် မန်တုံမြို့နယ် ပန်ဝါ လုရွာဘက် လှုပ်ရှား သော ခမရ ၃၂၄ ဒုတပ်ရင်းမှူး ဇော်မျိုးအောင် နှင့် ဗိုလ်ကြီး ဇင်မြတ်လင်းတို့ ဦးဆောင်သော စစ်ကြောင်း တကြောင်းက ပန်ဝါလု ရွာသူရွာသား ၇၀ ကျော်အားဖမ်းဆီး ချုပ်နှောင်ကြောင်း၊ ပန်ဝါ ရွာသူကြီး နှင့် ဆိုင်ရှင် ဦးမာထွန်းအား ၎င်း၏ဆိုင်ရှေ့၌ တနေကုန် ကြိုးတုပ်နေ လှန်းထား ပြီးရိုက်နှက် စစ်ဆေးကြောင်း၊ အဆိုပါ ပုဂ္ဂိုလ် နှစ်ယောက် စလုံး မျက်နှာများ ကွဲအက်ပြီး ဒဏ်ရာ အပြင်း အထန် ရရှိကြောင်း၊ ဒေသခံ ရွာသား အချို့အားလည်း စစ်ကြောင်း ကြားညှပ် ၍ ခရီး ဆက်ကြောင်း - ဒေသခံ ကချင် အမျိုးသား တဦးက ပြောပါ သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်နေ့ကလည်း အဆိုပါ ခမယ ၃၂၄ အား ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ က ၁၅ မိနစ်ကြာ ခြုံခိုတိုက်ခိုက်ရာ နှစ်ဦးပွဲချင်းပြီးသေဆုံးကြောင်း၊ ဒဏ်ရာရသူ ၄ ဦးအနက် တဦးက နမ္မတူမြို့ မန်တတ် ကျေးရွာ အုပ်စု တိုက်နယ် ဆေးရုံ၌သေဆုံးသွားကြောင်း၊ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ခြင်း ခံရသည့် ရွာသားနှစ်ယောက်လည်း ပေါင်၊ ခြေ ထောက်၊ ဝမ်းဗိုက်တို့၌ အသီးသီးဒဏ်ရာ ရရှိကြောင်းဒေသခံ များပြောပြချက် အရသိရပါသည်။

No comments:

Post a Comment