Sunday, October 16, 2011

မြစ်ကြီးနားအနီး တိုက်ပွဲတွင် မြန်မာစစ်သား တစ်ဒါဇင် ကျော် ကျ

KNG


အောက်တိုဘာ ၁၃၊ ယမန်နေ့က ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားအနီး မြန်မာအစိုးရ စစ်ကြောင်း နှင့် KIA ကြား ဖြစ်ပွားသောတိုက်ပွဲတွင် အစိုးရစစ်သား တစ်ဒါဇင် ကျော် ကျဆုံးကြောင်း မြစ်ကြီးဒေသခံများ ပြောသည်။

တိုက်ပွဲမှာ မြစ်ကြီးနားမြို့၏ အနောက်တောင်ဘက် ၁၂ မိုင်ကျော်အကွာ ဖရော်ရွာ အနီးတွင် ဖြစ်ပွားသည်။

အင်အား ၃၀ ကျော်ရှိသော အစိုးရစစ်ကြောင်းသည် KIA တပ်ရင်း ၁၁ နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်သား ၁၀ ဦးခန့်နှင့်သာ မြစ်ကြီးနားဘက် ပြန်ခေါက်သွားကြောင်း မျက်မြင်သက်သေများ ပြောပါသည်။

သို့သော် ယင်းအစိုးရစစ်ကြောင်းတွင် မည်သည့်တပ်ရင်းများပါကြောင်း မသိရသေးပါ။

တိုက်ပွဲတွင် KIA ဘက်မှ ထိခိုက်မှု မရှိကြောင်း လိုင်ဇာဌာနချုပ်မှ အရာရှိများ ပြောသည်။

No comments:

Post a Comment