Thursday, October 20, 2011

ပိုင်ရှင် အလိုရှိသည်

ကျော်သူ


လွန်ခဲ့သော ၂၀၀၉ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် ကျွန်ုပ်၏ လုပ်ဖော် ကိုင်ဖက်၊ ရဲဘော် ရဲဖက်၊ လက်တွဲဖော် လက်တွဲဖက် ထူးခြားသော မိတ်ဆွေကြီး တဦး၏ မိခင်ဖြစ်သူ ဒေါ်လှကြည် (ခ) စာရေး ဆရာမ ဒေါ်ကြည်ဦး အသက် ၈၄ နှစ်သည် ကမ္ဘာ မြေပြင်မှ ထွက်ခွာသွား ပါသဖြင့် ကျွန်ုပ်တို့ နာရေး ကူညီမှု အသင်း(ရန်ကုန်)မှ အင်တိုက် အားတိုက် စည်းလုံး ညီညွတ် စွာဖြင့် နောက်ဆုံး ခရီးအား အဆင်ပြေ ချော မွေ့စွာ၊ စည်ကား သိုက်မြိုက်စွာ ပို့ဆောင် ကူညီ သဂြုင်္ိဟ်ပေးခဲ့ရသည်။

အမေ ဒေါ်ကြည်ဦး၏ သားဖြစ်သူ ကျွန်ုပ်၏ ထူးခြားသော မိတ်ဆွေကြီးမှာ ပြင်ပ လောကနှင့် ဝေးကွာ အဆက်ပြတ်နေကာ မြစ်ကြီးနား အကျဉ်း ထောင်တွင် လူမှုရေး လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် ပေးမှုကြောင့် ပြစ်ဒဏ် ၃၅နှစ် အကျဉ်း ကျခံ နေရသူ ဖြစ်သည်။ ထို့ကြောင့် ထူးခြားသော မိတ်ဆွေကြီးမှာ မိခင်ဖြစ် သူ၏ နောက်ဆုံး ခရီးအား လိုက်ပါပို့ဆောင်ခွင့် မရခဲ့ချေ။

ဤတွင် မိခင်ကြီး ဒေါ်ကြည်ဦး၏ ဈာပန အခမ်းအနားသို့ ကျွန်ုပ်ကိုယ်တိုင် နိဗ္ဗာန် မော်တော်ယာဉ်ပေါ် တင်ဆောင်၍
ရေဝေးသုဿန်တွင် ဈာပန အခမ်းအနား ပြီးဆုံးသည့် အချိန်အထိ ကျွန်ုပ်၏ လက်မှ အောက်သို့မချဘဲ ကိုင်ဆောင် ထားခဲ့သည်။ အခမ်းအနား ပြီးဆုံးသည်နှင့် ကျွန်ုပ်သည် ဤလွမ်းသူ ပန်းခြင်းအား ကျွန်ုပ်၏ နေအိမ်သို့ သယ်ဆောင် ထားခဲ့သည်မှာ ယခုဆိုလျှင် နှစ်နှစ်နှင့် ခုနှစ်လခန့် ရှိခဲ့ပြီ ဖြစ်သည်။

ယခု အချိန်တွင် ထူးခြားသော မိတ်ဆွေကြီးသည်လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြင်ပသို့ လွတ်မြောက်လာပြီ ဖြစ် သည်။ သို့သော် ယခုအချိန်အထိ ထူးခြားသော မိတ်ဆွေကြီးနှင့် တွေ့ဆုံခွင့် မရသေး။ ကျွန်ုပ် တယ်လီဖုန်းဖြင့် အကြိမ် ကြိမ် ဆက်သွယ်ခဲ့သော်လည်း နှစ်ကြိမ်ခန့် လေလှိုင်းထဲမှ စကားပြောခွင့်သာ ရခဲ့သည်။ လူကိုယ်တိုင် တွေ့ဆုံခွင့် ကား မရသေးချေ။

ကျွန်ုပ်တို့၏ နာရေးကူညီမှု အသင်း(ရန်ကုန်)သည် တရားဝင်မှတ်ပုံတင် မကျသေး၍ ကျွန်ုပ်တို့၏အသင်းသို့ ထူးခြား
သော မိတ်ဆွေကြီး မလာရောက်ခြင်းတော့ မဖြစ်နိုင်။ ထူးခြားသော မိတ်ဆွေကြီးမှာ အလုပ်အလွန် များပြားလွန်း လှသောကြောင့်ပင် ဖြစ်မည်ဟု ကျွန်ုပ်ယုံကြည်သည်။ ထို့ကြောင့် ဤစာကို ထူးခြားသော မိတ်ဆွေကြီး ဖတ်မိသည့် အချိန်၌ ကျွန်ုပ်ထံသို့ အလျင်အမြန် ရောက်ရှိလာမည်ဟု မျှော်လင့် မိပါသည်။

* ယင်း လွမ်းသူ့ပန်းခြင်း၏ ထူးခြားချက် *

၂ဝဝ၉ ခုနှစ်၊ မတ်လ ၂ဝ ရက်နေ့မှစ၍ ကိုးရက်တိုင်တိုင် မတ်လ ၂၉ ရက်နေ့ အထိ
နှင်းဆီပန်း ပွင့်များသည် ညှိုးနွမ်းသွားခြင်း လုံးဝမရှိ။ ယနေ့တိုင် ညှိုးနွမ်း သွားသော
နှင်းဆီပန်းခြောက်များသည် ကြွေကျသွားခြင်း လုံးဝမရှိ။


(ယခုစာကို နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဥက္ကဋ္ဌဖြစ်သူရုပ်ရှင်သရုပ်ဆောင် ကျော်သူမှ ရေးသားပေးပို့ ခဲ့ခြင်း ဖြစ်သည်။)

No comments:

Post a Comment