Wednesday, December 21, 2011

မဲ​ခေါင်ထိပ်သီး​ အစည်း​အ​ဝေး​တွင် သ​ဘောတူညီချက် ၃ ခု လက်မှတ်​ရေထိုး

ပီတာအောင်

မြန်မာ နိုင်ငံ ​နေပြည်​တော် မှာကျင်း​ပတဲ့​ ဂျီအမ် အက်စ်​ခေါ် မဟာ မဲ​ခေါင်​ ဒေသခွဲ နိုင်ငံ​တွေရဲ့​ ထိပ်သီး ​အစည်း​အ​ဝေး​ မ​နေ့​က ပြီး​စီး ​သွား​ပြီဖြစ်ပြီး​ အ​ရေး ​ပါတဲ့​ သ​ဘောတူ ညီချက် ၃ ခု လက်မှတ် ​ရေး​ထိုး​ နိုင်ခဲ့​ ပါတယ်။

သ​ဘောတူညီချက်​တွေက​တော့​ လူ​တွေ​ရွှေ့​ပြောင်း​သွား​လာမှု​ကြောင့်​ ဖြစ်ရတဲ့​ အိပ်ခ်ျအိုင်ဗွီကူး​စက်မှု​လျှော့​ချ​ရေး​ဆိုင်ရာ သ​ဘောတူ ညီချက်၊​ သတင်း​အချက်အလက်အမြန်ဆက်​ကြောင်း​ ကွန်ရက်တည်​ဆောက်မှု ဖွံ့​ဖြိုး​တိုး​တက်မှုဆိုင်ရာ သ​ဘောတူညီချက်နဲ့​ သယ်ယူပို့​ဆောင်သူများ​အသင်း​ ဖွဲ့​စည်း​ခြင်း​ဆိုင်ရာ သ​ဘောတူညီချက်​တွေပဲဖြစ်ပါတယ်။

အိပ်ခ်ျအိုင်ဗွီဆိုင်ရာ သ​ဘောတူညီချက်က​တော့​ မဲ​ခေါင်​ဒေသနိုင်ငံ​တွေက ​ရွှေ့​ပြောင်း​သွား​လာသူ​တွေအကြား​ ​ရောဂါကူး​စက်မှု​လျှော့​ချ​ရေး​၊​ ကာကွယ်တား​ဆီး​ရေး​၊​ ကုသ​ရေး​နဲ့​ ​စောင့်​ရှောက်ကူညီပံ့​ပိုး​ပေး​မှုတို့​တိုး​မြှင့်​ဆောင်ရွက်ဖို့​ရည်ရွယ်ပါတယ်။

သတင်း​အချက်အလက် အမြန်ဆက်​ကြောင်း​ကွန်ရက်ဆိုင်ရာ သ​ဘောတူညီချက်က​တော့​ အသံ သတင်း​အချက်အလက်နဲ့​ အင်တာနက်ကို အသုံး​ပြုပြီး​ ဖွံ့​ဖြိုး​ရေး​စီမံကိန်း​ ​ကျေး​လက်​ဒေသ ပညာသင်ကြား​ရေး​ ကျန်း​မာ​ရေး​နဲ့​ အခြား​ဝန်​ဆောင်မှု ကိစ္စ​တွေ​ဆောင်ရွက်ရာမှာ ပိုမို လွယ်ကူ​စေဖို့​ရည်ရွယ်တာဖြစ်ပါတယ်။

မဲ​ခေါင်​ဒေသ ၆ နိုင်ငံ သယ်ယူပို့​ဆောင်သူများ​အသင်း​ဖွဲ့​စည်း​ရခြင်း​နဲ့​ပတ်သက်ပြီး​ ရရှိလာနိုင်တဲ့​ အကျိုး​ကျေး​ဇူး​တွေကို​တော့​ အစည်း​အ​ဝေး​မှာ ပါဝင်တက်​ရောက်ခဲ့​တဲ့​ မြန်မာနိုင်ငံကုန်သည်များ​နှင့်​ စက်မှုလုပ်ငန်း​ရှင်များ​ အသင်း​ချုပ် တွဲဖက်အတွင်း​ရေး​မှူး​ ဦး​အောင်ခင်မြင့်​က ခုလို​ပြောပါတယ်။

“ကျ​နော်တို့​ရဲ့​ သယ်ယူပို့​ဆောင်​ရေး​မှာ အထူး​သဖြင့်​ နယ်စပ်ဖြတ်​ကျော်ပို့​ဆောင်ရာမှာ ကုန်ကား​တွေကို တနိုင်ငံနဲ့​ တနိုင်ငံ ဖြတ်သန်း​မောင်း​နှင်ဖို့​ အတွက်ကို လျင်လျင်မြန်မြန် လွယ်လွယ်ကူကူ ​မောင်း​နှင်လို့​ ရ​အောင်လို့​၊​ အဲဒီလို​မောင်း​နှင်နိုင်ခြင်း​အား​ဖြင့်​ ကုန်စည်ကူး​သန်း​မှု​တွေ ပိုပြီး​တော့​ လွယ်ကူလျင်မြန်လာပြီး​တော့​ ကုန်သွယ်မှု ​တွေ တိုး​တက်မယ်လို့​ သူတို့​က ယူဆတာ​ပေါ့​နော်။

“ဘာပဲ​ပြော​ပြော နယ်စပ်ဖြတ်​ကျော်တဲ့​နေရာမှာ နိုင်ငံ တနိုင်ငံနဲ့​ တနိုင်ငံ ဖြတ်​ကျော်ပြီး​တော့​ ကုန်စည်ဖြတ်​ကျော်ပြီး​ သွား​ဖို့​အတွက်ကို အထူး​သဖြင့်​ ​မော်​တော်ကား​နဲ့​ပေါ့​နော် နယ်စပ်ဖြတ်​ကျော် သွား​တယ်ဆိုရင် နယ်စပ်​တွေမှာ အမြဲတမ်း​ ကြန့်​ကြာတတ်တယ်ခင်ဗျ။ နှစ်ဖက် အ​ကောက်ခွန်။ တဘက်ကစစ် ဟိုဘက်ကစစ်၊​ တဖက်အဝင်အထွက်ရဲ့​ သွင်း​ကုန်ထုတ်ကုန်နည်း​လမ်း​တွေကလည်း​ ညှိနှိုင်း​ရနဲ့​ အဲဒီလို ကြာတဲ့​အတွက် ကျ​နော်တို့​က ကုန်စည်​တွေကို မြန်မြန်ဆန်ဆန် မကူး​ပြောင်း​ဆက်သွယ်နိုင်ဘူး​လို့​ သူတို့​က ယူဆတာ​လေ။ အဲဒီ​တော့​ အဲဒါကိုသာ အကယ်၍ ကျ​နော်တို့​က တနိုင်ငံနဲ့​ တနိုင်ငံ ၂ နိုင်ငံတည်း​ဖြစ်ပါ​စေ ညှိနှိုင်း​ဆောင်ရွက် နိုင်မယ်ဆိုရင် နယ်စပ်မှာ ကုန်ကား​တွေက လွယ်လွယ်ကူကူ ဖြတ်​ကျော်သွား​နိုင်တဲ့​အတွက် ကုန်စည်ကူး​သန်း​မှု မြန်ဆန်လိမ့်​မယ်လို့​ပဲ ကျ​နော်က ယူဆပါတယ်ခင်ဗျ။”

ထိပ်သီး​အစည်း​အ​ဝေး​ကို ​နေပြည်​တော်မှာ ဒီဇင်ဘာ ၁၉နဲ့​ ၂ဝရက်​တွေမှာ ကျင်း​ပရာမှာ မြန်မာသမ္မတ ဦး​သိန်း​စိန် တက်​ရောက်ပြီး​ က​မ္ဘောဒီး​ယား​၊​ လာအို၊​ ထိုင်း​၊​ ဗီယက်နမ် နိုင်ငံတို့​က ဝန်ကြီး​ချုပ်​တွေနဲ့​ တရုတ်နိုင်ငံ​တော် ​ကောင်စီဝင်အဆင့်​ ပုဂ္ဂိုလ်တဦး​ တက်​ရောက်ခဲ့​ကြပါတယ်။

No comments:

Post a Comment