Wednesday, December 21, 2011

ကေအန်ယူနှင့်​အစိုး​ရ ဇန်နဝါရီ ၁၂ ရက်​နေ့​ အပစ်ရပ်​ရေး​ ​ဆွေး​နွေး​မည်

နော်နိုရင်း

ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ရဲ့​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ ​ကော်မတီအဖွဲ့​ဝင်တချို့​နဲ့​ အစိုး​ရကိုယ်စား​လှယ် မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​အဖွဲ့​တို့​ ဒီ​နေ့​ မနက်ပိုင်း​ မဲ​ဆောက်မြို့​မှာ ​တွေ့​ဆုံခဲ့​ကြပါတယ်။

ကေအန်ယူအ​နေနဲ့​ လာမယ့်​ ဇန်နဝါရီလ ဒုတိယအပတ်မှာ အစိုး​ရနဲ့​ အပစ်အခတ် ရပ်စဲ​ရေး​ဆွေး​နွေး​ဖို့​ ဘား​အံမြို့​ကိုသွား​ရောက်မှာဖြစ်ပြီး​ အဲဒီကိစ္စနဲ့​ပတ်သက်ပြီး​ အလွတ်သ​ဘော ထပ်မံ​တွေ့​ဆုံတာလို့​ ​ကေအန်ယူငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ ​ကော်မတီအတွင်း​ရေး​မှူး ပဒို​စော​ဒေး​ဗစ်​ထောက ​ပြောပါတယ်။

မနက် ၉ နာရီက​နေ ၁၁ နာရီခွဲအထိ ​တွေ့​ဆုံပွဲမှာ အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​မယ့်​ရက်ကို ဇန်ဝါရီ ၁၂ ရက်​နေ့​အဖြစ် သတ်မှတ်ခဲ့​ပြီး​ အခြား​ အလွတ်သဘာ​ဆွေး​နွေး​မှု​တွေနဲ့​ ပတ်သက်ပြီး​ ပဒို​စော​ဒေး​ဗစ်​ထောက အခုလို ​ပြောပါတယ်။

အပစ်ခတ်ရပ်စဲ​ရေး​ ကိစ္စဖြစ်​တော့​ တချို့​ တပ်ကိစ္စ​တွေကိုလည်း​ ကျ​နော်တို့​ ​ပြောဖြစ်ပါတယ်။ အဲဒါကျ​တော့​ အတည်ပြုချက်​တော့​ မဟုတ်​ပေမယ့်​ တဦး​နဲ့​တဦး​ သိထား​ဖို့​အတွက်​တော့​ ကျ​နော်တို့​ အလွတ်သ​ဘောမှာ ​ဆွေး​နွေး​ပြောဆိုတာ​တွေ ရှိပါတယ်။ အပစ်ခတ်ရပ်စဲ​ရေး​ ဖြစ်နိုင်ဖို့​၊​ ​နောက်ပြီး​တော့​ ဆက်သွယ်​ရေး​ရုံး​တွေ ထား​ရှိနိုင်ဖို့​ ဆိုတဲ့​ဟာက​တော့​ ပါတာ​ပေါ့​ဗျာ။ ဒါ​ပေမယ့်​ အပစ်ခတ်ရပ်စဲ​ရေး​ကို ကျ​နော်တို့​ သွား​တဲ့​အခါမှာ သိပ်ပြီး​တော့​လည်း​ မ​လောဖို့​ပေါ့​နော်။ ​နောက်တခုကလည်း​ သိပ်ပြီး​တော့​လည်း​ မ​နှေး​ကြဖို့​ပေါ့​။”

ဝန်ကြီး​ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ အစိုး​ရကိုယ်စား​လှယ်အဖွဲ့​နဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​တို့​ ​တွေ့​ဆုံမှုဟာ တတိယအကြိမ်ဖြစ်ပြီး​ ပြီး​ခဲ့​တဲ့​ ​အောက်တိုဘာ ၉ ရက်​နေ့​က ထိုင်း​-မြန်မာ နယ်စပ် မဲ​ဆောက်မြို့​မှာ အလွတ်သ​ဘော ​တွေ့​ဆုံခဲ့​ပါတယ်။

တွေ့​ဆုံမှုအပြီး​ နိုဝင်ဘာလ ၈ ရက်က​နေ ၁၁ ရက်​နေ့​အထိ ​ကေအန်ယူက အ​ရေး​ပေါ် အစည်း​အ​ဝေး​တခု ပြုလုပ်ပြီး​ အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ကိစ္စ​ဆွေး​နွေး​ဖို့​ အဖွဲ့​ဝင် ၇ ဦး​ပါဝင်တဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​ကော်မတီကို ဖွဲ့​စည်း​ခဲ့​ပါတယ်။

ဇန်နဝါရီလ ၁၂ ရက် အပစ်ခတ်ရပ်စဲ​ရေး​ဆွေး​နွေး​မှုမှာ အ​ကောင်း​ဆုံး​ ရလဒ်​တွေထွက်လာမယ်လို့​ ယူဆ​ကြောင်း​လည်း​ ပဒို​ဒေး​ဗစ်​ထောက ​ပြောပါတယ်။

“နှစ်ဖက်သ​ဘောက​တော့​ ဒီအပစ်အခတ်ရပ်စဲ​ရေး​က ငြိမ်း​ချမ်း​ရေး​ကို သွား​မယ့်​ ပထမ ​လှေကား​ပေါ့​လေ။ အုတ်မြစ် ဖြစ်တဲ့​အတွက်​သေ​သေချာချာ တ​ယောက်နဲ့​တ​ယောက် ​ဆွေး​နွေး​ပြောဆိုပြီး​တော့​ လက်မှတ်ထိုး​နိုင်တဲ့​အဆင့်​ကို​တော့​ ​ရောက်မယ်လို့​တော့​ ကျ​နော်တို့​တော့​ ယုံပါတယ်။ မထိုး​ဖြစ်​သေး​တောင်မှ နား​လည်မှု အများ​ကြီး​ ရနိုင်ဖို့​အတွက် ကျ​နော်တို့​ ​ပြောဆိုကြမယ်လို့​လည်း​ ရည်ရွယ်ထား​ပါတယ်။

ငြိမ်း​ချမ်း​ရေး​ကို နှစ်ဖက်စလုံး​က မြတ်နိုး​တယ်၊​ ​နောက် လိုလည်း​ လိုလား​ကြတဲ့​အချိန်မှာ တ​ယောက်နဲ့​တ​ယောက် နား​လည်မှု ယုံကြည်မှု​တွေ များ​များ​ တည်​ဆောက်နိုင်ရင် ငြိမ်း​ချမ်း​ရေး​က အ​ကောင်အထည်​ပေါ်လာမယ်လို့​ပဲ ကျ​နော်တို့​ ယုံပါတယ်။ တရား​ဝင် နိုင်ငံ​တော်အစိုး​ရက ဖိတ်​ခေါ်ထား​တဲ့​အ​ပေါ်မှာ ကျ​နော်တို့​က သွား​ပြီး​တော့​ ​တွေ့​ဆုံ​ပြောဆိုမှာ ဖြစ်တယ်။ အဲဒီအတွက်​ကြောင့်​ ကျ​နော်တို့​ကလည်း​ ​ကောင်း​တဲ့​အလား​လာကိုပဲ ကျ​နော်တို့​က ​မျှော်လင့်​ပါတယ်လို့​ ​ပြောချင်ပါတယ်။”

No comments:

Post a Comment