Sunday, February 26, 2012

ပြောင်း​လဲ​နေတဲ့​ ကျ​နော်တို့​ကမ္ဘာကြီး​၊​ ​ဆော်လမွန်ငါး​များ​ ပြန်နိုင်ပါ​တော့​မလား

ဒေါက်တာညို

နွေရာသီ​ ကျောင်း​ပိတ် ရက်တ ​နေ့​ပါ။ အဲဒီ​ နေ့​က အ​မေ ဘုန်း​ကြီး​ကျောင်း​ ဥပုသ် သွား​စောင့်​ တယ်။ အ​ဖေနဲ့​ ကျ​နော်တို့​ ခြံထဲ ဆင်း​ပြီး​ အလုပ် လုပ်ကြ တယ်။

တကယ်​တော့​ ကျ​နော်က ဘာမှ သိပ်မလုပ် ပါဘူး​။ အ​ဖေ ကသာ အဓိက ခြံရှင်း​လင်း​ ရေး​တွေ လုပ်တယ်။ သစ်ပင်​ အောက်က သစ်ရွက်​တွေကို ကျ​နော် လှဲ တယ်။ အ​ဖေက သစ်ကိုင်း ​ခြောက်​တွေကို စုတယ်။ ​နောက် အ​ဖေက တွင်း​တခု တူး​ပြီး​ သစ်ရွက်​တွေ၊​ မြက်​ခြောက်​တွေ၊​ သစ်ကိုင်း​ ခြောက်​တွေကို ပုံပြီး ​ထည့်​တယ်။

“အ​ဖေ မီး​မရှို့​ ဘူး​လား​။” “ဟင့်​အင်း​၊​ သစ်​ဆွေး​ တွေဟာလည်း​ ​မြေဩဇာ လုပ်လို့​ ရတာ ပဲ။”

ကျ​နော်တို့​ မွန်ပြည် နယ်က လူ​တွေဟာ သစ်​ဆွေး​ တွေကို ​မြေကြီး ​နဲ့​အတူ မီး​ရှို့​ကာ ​မြေကျက် လုပ်ကြ တယ်။ ​မြေကျက် ဆိုတာ ​မြေဩ ဇာပဲလို့​ သူတို့​ ဆိုကြ တယ်။ တကယ်လည်း​ ​မြေကျက် ဆိုတာ အရွက်​ တွေကို မီး​ရှို့​တဲ့​ အတွက် အဲဒီ သစ်ရွက်​ တွေက ​လောင်ကျွမ်း​ပြီး​ ထွက်လာ တဲ့​ ပြာအ များ​စုဟာ Mineral (သတ္တု​ အောက်ဆိုဒ်) ​တွေ ဖြစ်တယ်။ သစ်ပင် အတွက် အသုံး​ ဝင်တယ်။ နောက်တ ခုက အပင် ကိုဖျက်တဲ့​ ပိုး​တွေ၊​ ခြ​တွေဟာ ​မြေကြီး​ မီး​ဖုတ် လိုက်ရင် ​သေကုန်တယ်။ ဒါ​ကြောင့်​ ​မြေကျက်ကို မွန်​ ဒေသက လူ​တွေ ကြိုက်ကြ တယ်။

သို့​သော် ဒီ​မြေကျက်ဖုတ်တဲ့​အခါ ​မြေဆီလွှာ​တွေပျက်တယ်။ နိုက်ထရိုဂျင် ဒြပ်​ပေါင်း​တွေ ပျက်စီး​တယ်။ နိုက်ထရိုဂျင်ထုတ်​ပေး​တဲ့​ ဘက်တီး​ရီး​ယား​တွေလည်း​ ​သေတယ်။ ​မြေကြီး​ကိုပွ​စေတဲ့​ တီ​ကောင်​တွေ တီဥ​တွေလည်း​ ​သေကြတယ်တဲ့​။ ဒီ​တော့​ သဘာဝ ​မြေ​ဆွေး​ လုပ်တဲ့​နည်း​ကို သ​ဘောကျတယ်လို့​ အ​ဖေက ​ပြောတယ်။

အ​ဖေရဲ့​ညီ (ကျ​နော်တို့​ ဦး​လေး​) ဟာ စိုက်ပျိုး​ရေး​အရာရှိပါ။ အ​ဖေက ဦး​လေး​ကို ​လေး​စား​ပါတယ်။ ဦး​လေး​က ရန်ကုန်ရုံး​ချုပ်မှာ ရုံး​ထိုင် တယ်။ အ​ဖေက ဦး​လေး​ ဘီလူး​ကျွန်း​ကိုလာရင် စိုက်ပျိုး​ရေး​နဲ့​ ပတ်သက်ပြီး​ ​ဆွေး​နွေး​တတ်တယ်။ ဦး​လေး​က သစ်​တောပြုန်း​တီး​တဲ့​အ​ကြောင်း​ကို ​ပြောတယ်။ ​တောမီး​တွေ​ကြောင့်​ သဘာဝ​တွေ ပျက်တယ်​ပြော​တော့​ အ​ဖေက ရယ်တယ်။

အ​ဖေက “​တောမီး​လောင်တာဟာ သဘာဝပဲ” လို့​ ​ပြော​တော့​ ဦး​လေး​ ​ခေါင်း​ညိတ်တယ်။

“အရင်က​တော့​ ဟုတ်ပါတယ်။ တို့​မသိတာ​တွေ အများ​ကြီး​ပဲကွ။ မြစ်​ရေကြီး​တာလည်း​ ချိန်ခွင်ညှာထား​တဲ့​ သဘာဝပဲ” အဲဒီတုန်း​က အ​ဖေ တို့​ပြောတာကို ကျ​နော် ဘာမှ သိပ်ပြီး​ နား​မလည်ပါ။ အ​ဖေ့​ကို သဘာဝအ​ကြောင်း​မေး​တော့​ “သဘာဝဆိုတာ တို့​နေ့​စဉ် ​တွေ့​နေကြုံ​နေရ တာ​တွေကို ချိန်ခွင်လိုညှိထား​တာ​တွေကွ” လို့​ ​ပြောပြတတ်တယ်။

အ​ဖေ့​ကို “​တောမီး​လောင်တာ သဘာဝပဲ” ဆိုတာကို ပြန်ရှင်း​ခိုင်း​တယ်။

ရှေး​အခါက သစ်​တော​တွေထဲမှာ အပင်​တွေများ​လာတယ်။ ​နောက်ထပ် တိုး​ပွား​လာမယ့်​ သစ်ပင်ငယ်​လေး​တွေအတွက် ​နေရာမရှိ​တော့​ဘူး​။ တပင်နဲ့​ တပင် ပွတ်တိုက်တယ်။ ပွတ်တိုက်တဲ့​အခါ အပူ​တွေ ထွက်လာတယ်။ မီး​တွေပွင့်​ပြီး​ အပင်​တွေဟာ မီး​လောင်လာတယ်။ ဒီ​တော့​ တခါတခါမှာ ​တောတ​တောလုံး​ ကုန်သွား​တဲ့​အထိ ​လောင်သွား​တယ်”

“ဆိုး​တယ်​နော်အ​ဖေ။ သစ်ပင်​တွေအား​လုံး​ ကုန်သွား​ရင် ​တောကြီး​ မဖြစ်လာ​တော့​ဘူး​ပေါ့​။” “သစ်ပင်အား​လုံး​ ကုန်မသွား​ဘူး​ သား​ရဲ့​။ တချို့​တော့​ အသက်ရှင်ရပ်တည် ကျန်ရစ်တာပဲ။”

ကျ​နော် ​ခေါင်း​ညိတ်ပါတယ်။ ​ကျောင်း​မှာ ကျ​နော်တို့​ ဇီဝ​ဗေဒဆရာက သဘာဝ မှာ ​ရွေး​ချယ်တတ်တဲ့​ တရား​ရှိတယ်လို့​ ရှင်း​ပြခဲ့​တယ်။ အ သန်စွမ်း​ဆုံး​သာလျှင် အသက်ရှင်ရပ်တည်မယ့်​သ​ဘောကို ​ပြောတာပါပဲ။

အ​ဖေက ဆက်ရှင်း​ပြတယ်။ သစ်​တော​တွေ မီး​လောင်တဲ့​အခါ အချို့​အပင်​တွေက ပိုပြီး​ သန်စွမ်း​လာတယ်ကွ။ သူတို့​ဟာ လွတ်လွတ် လပ် လပ် ကြီး​ထွား​သန်စွမ်း​ခွင့်​ ရလာတယ်။ ​မြေဩဇာ​တွေလည်း​ အပိုင်ရရှိပြီး​ ​ကောင်း​ကောင်း​ သုံး​လာနိုင်တယ်။

“အ​ဖေ​ပြောသလို မဟုတ်ဘဲ မီး​ဟာ ​တောက်​လျှောက်မရပ်ဘဲ ​လောင်တာမျိုး​ မရှိဘူး​လား​။”

“ရှိတာ​ပေါ့​။ ဒါ​ပေမယ့်​ တ​တောလုံး​တော့​ ​ပြောင်​လေ့​မရှိပါဘူး​။ ဒီလို ​တောမီး​လောင်ရင် ပတ်ဝန်း​ကျင်မှာ မီး​ခိုး​တွေနဲ့​ လူ​တွေ​ရော၊​ တိရစ္ဆာန်​တွေပါ ဒုက္ခ​ရောက်တယ်”

“သဘာဝက ထူး​ဆန်း​တယ်​နော်”

“​အေး​ကွ။ သဘာဝဆိုတာ သတ္တဝါတမျိုး​၊​ အပင်တမျိုး​အတွက် မဟုတ်ဘူး​ကွ။ အား​လုံး​အတွက်ဘဲ။ မသင့်​တော်တဲ့​ သူ​တွေ ကမ္ဘာကြီး​က​နေ ​ပျောက်သွား​တာပဲ။”

“ဦး​လေး​နဲ့​ အ​ဖေတို့​ပြောသွား​တဲ့​ စကား​တခုကို သတိရ​နေတယ်။ ​ရေကြီး​တာ သဘာဝတရား​ဆိုတာ ကျ​နော် သ​ဘော​ပေါက်ပါတယ်။ ဒါ​ပေမယ့်​ ဘယ်လိုမျိုး​ ချိန်ခွင်ညှာက ညှိထား​တာလဲ။ ကျ​နော် ရုပ်ရှင်​တွေထဲမှာ ​တွေ့​ဖူး​တယ်။ မြစ်​ရေကြီး​လာလို့​ ကမ်း​နား​က အိမ်​တွေ ပြို ကျတယ်။ သစ်ပင်​တွေ မြစ်ထဲပါသွား​တယ်။ လူ​တွေ၊​ တိရစ္ဆာန်​တွေလည်း​ ​သေတာပဲမဟုတ်လား​။

အေး​၊​ ဟုတ်တယ်​လေ။ လူ​တွေက မြစ်ကမ်း​က​နေ ​ဝေး​ဝေး​သွား​ကြရတယ်။ သူတို့​ဟာ မြစ်ကမ်း​တွေ မပြို​အောင် ​ကျောက်​တွေ ချတယ်။ သဲအိတ်​တွေနဲ့​ ကာကွယ်ကြတယ်​ပေါ့​။ ဒါ​ပေမယ့်​ မြစ်​ရေ တကယ်တမ်း​တိုး​လာရင် မတတ်နိုင်ကြဘူး​။ ကမ်း​တွေပြိုတယ်၊​ ​ရေ​တွေလျှံ​တော့​ တာပဲကွ။ ဥပမာ – အီဂျစ်က နိုင်း​မြစ်ဆိုပါ​တော့​။ နှစ်စဉ်လိုလို ​ရေကြီး​တယ်။ ဒီ​တော့​ဘာဖြစ်လဲ။ နိုင်း​မြစ်ကမ်း​ဟာ ​မြေဩဇာ အင်မတန် ​ကောင်း​တယ်။ စိုက်ပျိုး​ရေး​အတွက် အင်မတန် အ​ရေး​ကြီး​တယ်ကွ။

အဲဒီတုန်း​ကတည်း​က အ​ဖေ​ပြောတဲ့​ နိုင်း​မြစ်ကို ကျ​နော် ကြား​ဖူး​ခဲ့​ပါတယ်။ သဲကန္တာရထဲမှာ ဖြတ်စီး​သွား​တဲ့​ မြစ်ပတ်ဝန်း​ကျင်ဟာ စိုက်ပျိုး​ဖြစ်ထွန်း​တဲ့​ဒေသကြီး​ ဖြစ်ခဲ့​တယ်။

ကျ​နော်တို့​ မြန်မာနိုင်ငံရဲ့​ ဧရာဝတီမြစ်၊​ ချင်း​တွင်း​မြစ်၊​ သံလွင်မြစ်၊​ မဲ​ခေါင်မြစ်တို့​ဟာ ကျ​နော်တို့​ နိုင်ငံကို စိုက်ပျိုး​ရေး​ နိုင်ငံဖြစ်​စေတဲ့​ အ ချက်တခုပဲလို့​ သ​ဘော​ပေါက်ပါတယ်။

ဥပမာ – မဲ​ခေါင်မြစ်ဆိုပါ​တော့​။ နိုင်ငံငါး​နိုင်ငံကို ဖြတ်စီး​သွား​တယ်။

အဲဒီမြစ်ကို အမှီပြု​နေသူ​တွေဟာ ၆၄ သန်း​ကျော်ရှိတယ်။ ကျ​နော်တို့​ နိုင်ငံ လူဦး​ရေ​လောက်ပဲ ဖြစ်တယ်။ သူတို့​ဟာ မြစ်တခိုသာ မှီပြီး​နေ ထိုင်ကြတယ်။ ဒါ​ကြောင့်​လည်း​ အရင်​ခေတ်က ​ရေကြည်ရာ မြက်နုရာ သွား​ရောက် ​ပြောင်း​ရွှေ့​နေထိုင်ကြတယ်လို့​ ဆိုကြတာပဲ။ ကျ​နော်တို့​ ရဲ့​ ဘိုး​ဘွား​ဘီဘင်​တွေ ဒီလို ​နေကြတာပါပဲ။

အ​ဖေ​ရေ . . . အီဂျစ်နိုင်ငံ နိုင်း​မြစ်ဝှမ်း​မှာ ​ရေကာတာ ​ဆောက်လိုက်တာကို​ရော သိလား​။”

အ​ဖေက “သိတာ​ပေါ့​ . . . သား​ရယ်။ အာဆွမ်ဒမ်လို့​ ​ခေါ်တယ်။ ကမ္ဘာ့​ဘဏ်က ​ချေး​ငွေ ​ဒေါ်လာဘီလီယံ​ပေါင်း​များ​စွာ ထုတ်ယူပြီး​ ​ဆောက်တာပဲ။ ကျွမ်း​ကျင်သူ ပါရဂူများ​က ​ထောက်ခံပြီး​ အ​ကောင်း​ဆုံး​ ​ဆောင်ရွက်ခဲ့​တာပဲ သား​။ အဲဒီဆည်ဟာ ကန္တာရအလယ်က အို​အေစစ်လို အကြီး​ကြီး​ပေါ့​ သား​။” အ​ဖေ မဆုံး​မီ​လေး​တင် အ​ဖေ့​ကို ကျ​နော် ​မေး​ဖူး​တာပါ။

အဲဒီဆည်အ​ကြောင်း​ ကျ​နော် ​ပြောချင်လို့​ပါ။ “ပညာရှင် (Experts) ​တွေ မှား​သွား​တာ အ​ဖေသိလား​။” “ဟုတ်လား​ . . . သား​။ ဘယ်လိုဖြစ် တာလဲ” “အ​ဖေ​ပြောသလို မြစ်အ​ပေါ်က ဆည်​ဆောက်လိုက်​တော့​ မြစ်​ရေ​တွေ နည်း​သွား​တယ်။ ​ရေမလျှံ​တော့​ နိုင်း​မြစ်ဝှမ်း​မှာ သီး​နှံ ​ကောင်း​ကောင်း​ မစိုက်နိုင်ကြဘူး​။ ​ရေဟာလည်း​ လိုသ​လောက် မတက်လာ​တော့​ ​ရေ​ပေး​ဝေမှု​တွေ ​နှောင့်​နှေး​ရတယ်။ မြစ်ထဲက ငါး​တွေ လည်း​ ဥမချနိုင်ကြဘူး​။”

အ​ဖေ့​ကို နိုင်း​မြစ်က ​ဆော်လမွန်ငါး​တွေအ​ကြောင်း​ ​ပြောပြခဲ့​ပါတယ်။

“​ဆော်လမွန်ငါး​တွေ မြစ်ညာတက် ဥချလို့​ မရ​တော့​ဘူး​ပေါ့​ အ​ဖေရယ်။ သူတို့​ပြန်စရာ ဘယ်ရှိမလဲ။”

အ​ဖေပြုံး​တယ်။

“မင်း​က ခင်ဝမ်း​ရဲ့​ပရိသတ်ပဲကိုး​။” အ​ဖေ့​ကို ကျွန်​တော်​ခေါင်း​ညိတ် ပြလိုက်ပါတယ်။

အ​ဖေ​ရေ ​လောကကြီး​မှာ တခါတခါ မှား​တာ​တွေရှိတယ်။ ဒါ​ပေမယ့်​ သဘာဝနဲ့​ ပတ်သက်ပြီး​ မှား​တာဆိုရင်​တော့​ ပြုပြင်ရခက်တယ်။ ယ​နေ့​ အ​ဖေမရှိ​တော့​ပြီ။

အ​ဖေမရှိ​တော့​ပေမယ့်​ အ​ဖေ​ပေး​တဲ့​ သဘာဝအသိ​တွေ ကျ​နော့်​ကို ဖမ်း​စား​နေဆဲပါပဲ။

ကျိုတို​ဆွေး​နွေး​ပွဲ သ​ဘောတူညီချက် . . .

ကိုပင်​ဟေဂင် ​ဆွေး​နွေး​ပွဲ . . .

နောက်ကင်ကွန်း​ ​ဆွေး​နွေး​ပွဲ ..အ​ဖြေရှာညှိနှိုင်း​ဖို့​အတွက် အချိန်သိပ်မရှိ​တော့​ဘူး​လေ။

တကယ်​တော့​ အ​ဖေတို့​လက်ထက်က သဘာဝနဲ့​ ယ​နေ့​ သဘာဝ . . . ဘယ်​လောက် ကွာခြား​နေပါသလဲ။ အား​လုံး​သိကြပါတယ်။ ကာဗွန်​ခြေရာ ခံ​နေကြတယ်လို့​ ဆိုတာပါပဲ။ ဒါ​ပေမယ့်​ ​လေ​အေး​စက်​တွေဖွင့်​ကာ စဉ်း​စား​နေကြတဲ့​ အစည်း​အ​ဝေး​ခန်း​မ​တွေက သဘာဝပတ်ဝန်း​ကျင် အ​ဖြေ​တွေ ထိ​ရောက်ပါ့​မလား​။

အင်ဒိုနီး​ရှား​မှာ ​တောမီး​တွေ ​လောင်​နေဆဲပါပဲ။

ကမ္ဘာကြီး​ပူ​နွေး​လို့​ မဲ​ခေါင်မြစ်လည်း​ ​ရေနည်း​လာသတဲ့​။

ဆော်လမွန်ငါး​များ​ ပြန်နိုင်ပါ​တော့​မလား​။

No comments:

Post a Comment