Thursday, February 23, 2012

ထိုက်သင့် လစာ ဝင်ငွေ ရရှိရန် အရေးကြီး လိုအပ်ဟု FTUB ပြော

မင်းသုတ

နိုင်ငံ့ ဝန်ထမ်း အလုပ် သမားများ အနေဖြင့် ထိုက်သင့် သည့် လစာ ဝင်ငွေ ရရှိ ရေးသည် အရေးကြီး လိုအပ်ချက် တရပ်ဖြစ် သည့်အတွက် မဖြစ် မနေလုပ်ဆောင် ပေးရမည့် လုပ် ငန်း တရပ်ဖြစ် ကြောင်း မြန်မာ နိုင်ငံ အလုပ် သမားများ အဖွဲ့ချုပ် FTUB က ယနေ့တွင် ပြောကြား လိုက်သည်။

ဖေဖော်ဝါရီလ ရ ရက် နေ့တွင် ကျင်းပသည့် ပထမ အကြိမ်ပြည်ထောင်စု လွှတ်တော် တတိယ ပုံမှန် အစည်း အဝေးတွင် ပြည်သူ့လွှတ် တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ ဝန်ထမ်း လစာ တိုးမြှင့်ရေး အဆို တင်သွင်း ချက်ကို ဘဏ်ဏ္ဍာ ရေးဝန်ကြီး ဦးလှထွန်းက ငြင်းပယ် လိုက် ခြင်း အပေါ် FTUB မှ ကြေညာချက် ထုတ်ပြန်ပြီး ထိုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။

“အောက်ခြေနဲ့ အလယ် အလတ် ဝန်ထမ်း တွေကို သင့်တော်တဲ့ အချိုး အစားနဲ့ တိုးပေး ဖို့ပါ၊ အထက်ပိုင်း အရာ အရှိ တွေဖြစ်ကြ တဲ့ ညွှန်ကြား ရေးမှူးတို့ ဗိုလ်ကြီး တို့ကို တိုးပေးဖို့ အရေး တကြီး မလို အပ်ပါ ဘူးလို့ မြင်တယ်၊ ဦးရွှေမန်း ကတောင် နေပြည်တော်က အ လုပ်ကြမ်း သမားတွေ တနေ့ သုံးထောင် တလ ကိုးသောင်း တစ်သိန်း နီးပါးရ နေတယ် ဆိုတော့ ဝန်ထမ်း တွေရဲ့ လစာဟာ အနိမ့်ဆုံး ကျပ်တစ်သိန်း ဖြစ်သင့် တယ်လို့ ဆိုထားတယ်” ဟု FTUB ၏ အကြီးတန်း သုတေ သနမှူး ဦးအောင်သင်းက ပြောသည်။

လက်ရှိမြန်မာနိုင်ငံ အနိမ့်ဆုံးဝန်ထမ်းတစ်ဦး၏လစာမှာ ကျပ်သုံးသောင်းခွဲ (၃၅၀၀၀ိ) သာရရှိနေပြီး အမြင့်ဆုံးဖြစ်သော သမ္မတမှာ လစာ ကျပ်သိန်း ၅၀ ရရှိ၍ ကား ၆ စီးနှင့် ယာဉ်မောင်း ၆ ဦးပါဝင်ကာ နိုင်ငံရပ်ခြားသို့ အခမဲ့သွားရောက် ဆေးကုခွင့်နှင့် အခြားခံစားခွင့်များ ရရှိ နေသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်စားသောက်နိုင်ရန်နှင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး အမှန်တကယ်ဖြစ်ပေါ်ရန် နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ရေးအဆို တင်သွင်းခဲ့သော်လည်း လက်ရှိ ဘဏ်ဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ဝန်ထမ်းများအားလစာတိုးပေးမည်ဆိုလျှင် လာမည့်ဘဏ်ဏ္ဍာရေးနှစ်တွင် တိုင်းပြည် စီးပွားရေး တိုးတက်မှု နှေးကွေး သွား မည်ဟု ထောက်ပြ ပယ်ချခဲ့သည်။

တဖန်ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ ဝန်ထမ်းလစာကျပ်တစ်သိန်းအထိတိုးပေးရန် အချက် (၁၅) ချက်ပါ သဝဏ်လွှာ တစ် စောင် ကို ပြည်ထောင်စုလွှတ်တော်နာယကထံ ယနေ့တွင်ပေးပို့သွားမည်ဟု သတင်းဌာနများက ရေးသားဖေါ်ပြသည်။

ဦးအောင်သင်းက “တိုင်းပြည်ကအကြွေးတင်နေလို့ ဝန်ထမ်းတွေလစာမတိုးပေးသင့်ဘူးဆိုတာလည်း မဖြစ်သင့်ဘူး၊ ဝန်ထမ်းတွေက တိုင်းပြည်ဖွံဖြိုးရေးအတွက် အစစအရာရာအနစ်နာခံလုပ်ပေးရသူတွေပါ၊ အကြွေးတင်တာက ဦးလှထွန်းဘဏ်ဏ္ဍာရေး ဝန်ကြီးဖြစ် လာ ကတည်းက အကြွေးတွေပါပဲ”

ဦးသန်းရွှေစစ်အစိုးရလက်ထက်မှ ဦးလှထွန်း ဘဏ်ဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့ပြီး ဝန်ထမ်းလစာ (၅) ကြိမ်တိုးပေးခဲ့ရာ လက်ရှိကာလတွင် တိုင်းပြည်အနေဖြင့် ဒေါ်လာ ၁၁ ဘီလီယံ (သန်းတစ်သောင်းတစ်ထောင်) အကြွေးတင်ရှိနသည်ဟု လွှတ်တော်၌ တင်ပြခဲ့သည်။

မြန်မာနိုင်ငံ၏ကြွေးမြီများတင်ရှိခြင်းနှင့် ဘတ်ဂျက်လိုငွေပြမှုကိစ္စများသည် (၁၉၈၈-နောက်ပိုင်း) ဦးသန်းရွှေ၊ ဦးသိန်းစိန် စစ်အစိုးရ လက် ထက်တွင် မလိုလားအပ်သည့်စစ်လက်နက်များဝယ်ယူခြင်း၊ နြူးကလီးယားစက်ရုံတည်ဆောက်ခြင်း၊ တိုင်းရင်းသား ဒေသများ တွင်ထိုး စစ် ဆင်နွှဲခြင်း၊ ငွေကြေးအမြောက်အများကုန်ကျခံကာ နိုင်ငံခြားသို့စစ်ပညာသင်ကြားသင်ကြားခြင်းနှင့် မလိုလားအပ်သည့် အခွင့် ထူးခံ အသုံးစားရိတ်များရယူခံစားနေခြင်းကြောင့်ဟု FTUB ကြေညာချက်တွင် ထောက်ပြထားသည်။

ပြည်ပအခြေစိုက် မြန်မာနိုင်ငံအလုပ်သမားများအဖွဲ့ချုပ် FTUB ကို ၁၉၉၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသားများအတွက် ဒီမို ကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုရရှိရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့သည့်


No comments:

Post a Comment