ကိုပေါက် | တနင်္လာနေ့၊ မတ်လ ၂၆ ရက် ၂၀၁၂
ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းတွင် မီးလောင်မှုတခု ဖြစ်ပွားနေသည်ဟု ရန်ကုန်တိုင်း ဗဟိုမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြော သည်။
“ဟုတ်ကဲ့။ စတင်လောင်တဲ့အချိန် မသိရသေးဘူးခင်ဗျ။ ကျောက်တန်း သီလဝါဆိပ်ကမ်းမှာပါခင်ဗျ။ ခုလက်ရှိတော့ ကျနော်တို့ဌာနကနေ မီးသတ်ယာဉ် အစီး ၂၀၊ အုပ်ချုပ်မှုယာဉ် ၄ စီးအပြင် စည်ပင်က ရေဂါလံကားတွေ ၄ စီး ထပ်လွှတ်ထားပါတယ်။ လက်ရှိ ငြှိမ်းသတ် နေ ဆဲပါပဲခင်ဗျ” ဟု မဇ္ဈိမကို ပြောသည်။
မီးငြှိမ်းသတ်မှုနှင့် စီမံခန့်ခွဲမှုတို့ကို ဗဟိုမီးသတ်ဦးစီးဌာနမှ ကွပ်ကဲလျက်ရှိပြီး မီး စတင်လောင်ရသည့် အကြောင်းအရင်း ကိုမူ မသိရ သေး ကြောင်း အဆိုပါအရာရှိက မဇ္ဈိမကို ပြောသည်။
No comments:
Post a Comment