Wednesday, March 21, 2012

ပဲခူး​တိုင်း​မှာ ​ရွေး​ကောက်ပွဲဆိုင်ရာ ပြဿနာ​တွေ ​ပေါ်​ပေါက်

နေသွင်

ကြား​ဖြတ်​ ရွေး​ကောက်ပွဲ ကျင်း​ပဖို့​ ရက်ပိုင်း ​လောက်ပဲ လို​တော့​တဲ့​ အချိန်မှာ ပဲခူး​တိုင်း​ က၀ မြို့နယ် အတွင်း​က ​ကျေး​ရွာ​ တွေမှာ မဲစာရင်း​ ကွာဟမှု​ တွေရှိ​နေ တယ်လို့​ အဲဒီ မဲ ဆန္ဒနယ် အမှတ် ၂ တိုင်း​ ဒေသကြီး​ လွှတ်​တော်​ နေရာ အတွက် ဝင်ပြိုင်မယ့်​ အန်အယ်လ် ဒီပါတီ လွှတ်​တော် ကိုယ်စား လှယ်လောင်း​ ဦး​မျိုး ​ခိုင်က ​ပြောပါ တယ်။

“မဲစာ ရင်း​တွေ ကွာဟ ချက်​ပေါ့​။ ဘာ​တွေ​ တွေ့​ရ လည်း​ ဆို​တော့​ ထပ်​နေ တာ​တွေ လည်း​ ​တွေ့​ရတယ်။ မပါတာ ​တွေလည်း​ ​တွေ့​ရ တယ်။ ၁၈ နှစ်ပြည့်​ပြီး​ မဲ​ပေး​နိုင် တဲ့​သူ မဲစာ ရင်း​ထဲ မပါဘူး​။ အဲဒါ​ တွေကို ​ကော် မရှင် နဲ့​တွေ့​ ပြီး​ ​တော့​ မပါတဲ့​ သူ​တွေကို ရပ်/​ကျေး​ကော်မရှင်​ တွေမှာ ပြန်သွင်း ​ခိုင်း​တယ်။ တချို့​ဆို အ​ယောက် ၃၀၊​ ၄၀ ​လောက်ထိ မပါတာ ​တွေ့​ရတယ်။ တချို့​ဆို ၂၀ ​လောက်​ပေါ့​။ ၄ – ၅ – ၁၀ ​ယောက် က​တော့​ ရွာ တိုင်း​နီး​ ပါး​ပဲ ကွာတယ်။ မဲရုံ​ ပေါင်း​ ၈၅ ခု၊​ ရပ်/​ကျေး​မဲ ရုံမှူး​ တွေ ​အောင်နိုင်​ရေး​ အဖွဲ့​ တွေကို ချ​ပေး​ပြီး​ စိစစ် ခိုင်း​ပြီး​ ရပ်/​ကျေး​ ​ကော်မရှင်မှာ ၁၈ နှစ် ပြည့်​ပြီး​ မပါတဲ့​ စာရင်း​ကို ထပ်တိုး​ ခိုင်း​ထား​ တယ်။” လို့​ပြော ပါတယ်။

ကျေး​ရွာတချို့​မှာ အခုလို မဲစာရင်း​ကွာဟမှု​တွေရှိ​နေလို့​ မြို့​နယ် ​ကော်မရှင်ထံကို တင်ပြ​နေချိန်မှာပဲ၊​ ပြည်ခိုင်ဖြိုး​ပါတီဝင်လို့​ဆိုပြီး​ အန်အယ် လ်ဒီပါတီဝင်တချို့​ကို ခြိမ်း​ခြောက်တာ​တွေလည် ​အောက်​ခြေမှာ ဖြစ်​နေ တယ်လို့​ ကဝမြို့​နယ် ခနာ​ကျေး​ရွာက ပါတီဝင်​တွေက ​ပြောပါ တယ်။

ပြည်ခိုင်ဖြိုး​ ပါတီဝတ်စုံဝတ်ထား​တဲ့​ တရွာတည်း​သား​ ကို​အောင်​ကျော်ဦး​ဟာ အန်အယ်လ်ဒီပါတီ ဝင်​တွေကို ခြိမ်း​ခြောက် ​နေတဲ့​အပြင်၊​ ည ဘက်အစည်း​အ​ဝေး​ လုပ်​နေတုန်း​မှာလည်း​ ​လေး​ခွနဲ့​ ပစ်ခတ်သွား​ တယ်လို့​ ခနာရွာက အဖွဲ့​ချုပ်ဝင် ဦး​တင်ထူး​က ​ပြောပါတယ်။

“ကျ​နော်တို့​ရွာမှာ ပြည်ခိုင်ဖြိုး​က အမည်တပ်ထား​တဲ့​ ဝတ်စုံ​တွေဝတ်ပြီး​တော့​ ကျ​နော်တို့​ အန်အယ်လ်ဒီပါတီကို ဒီရုံး​ကို ဖျက်ဆီး​ပစ်မယ်၊​ သူ့​ကို ဘာ​ကောင်မှတ်​နေလဲ၊​ သူက ပြည်ခိုင်ဖြိုး​ဆိုပြီး​ ပြည်ခိုင်ဖြိုး​ အဝတ်အစား​တွေ ဝတ်ထား​ပြီး​ အန်အယ်လ်ဒီပါတီက ဘာအရာ​ရောက် မှာလဲ၊​ ဘာ ​ကောင်မို့​လည်း​ပေါ့​ ပုံစံမျိုး​နဲ့​ ကြိမ်း​ဝါး​တယ်။ ရွာထဲမှာလည်း​ တအိမ်တက် တအိမ်ဆင်း​နဲ့​ သူ​လျှောက် ​ပြောသွား​ ယ်။ ကို​ဌေး​ကိုလည်း​ ဝတ်စုံ​တွေဝတ်ပြီး​တော့​ ဓါး​နဲ့​ထိုး​သတ်လို့​ရတယ်။ ​နေ့​လည်မှာကြိမ်း​မောင်း​ပြီး​ ညဖက်မှာ ​လေး​ဂွနဲ့​လာပစ်သွား​တယ်။”

ခုလို ပြည်ခိုင်ဖြိုး​ပါတီဝင်က အန်အယ်လ်ဒီပါတီဝင်​တွေ ခြိမ်း​ခြောက်ခံ​နေရတာကို ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ကလည်း​ ကြား​က ​ဖြေရှင်း​မ​ပေး​ရဲတာ​ကြောင့်​ ကဝမြို့​နယ် အုပ်ချုပ်​ရေး​မှူး​ကို တိုင်ကြား​ထား​ တယ်လို့​ သိရပါတယ်။

တိုင်း​ဒေသကြီး​လွှတ်​တော် ကဝမြို့​နယ် မဲဆန္ဒနယ်အမှတ် (၂)မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကိုယ်စား​လှယ်​လောင်း​ ဦး​မျိုး​ခိုင်နဲ့​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နှင့်​ ဖွံ့​ဖြိုး​ရေး​ပါတီက ကိုယ်စား​လှယ်​လောင်း​ ဦး​အေး​ဝင်း​တို့​ အဓိက ယှဉ်ပြိုင်ရမှာပါ။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဗဟိုက​တော့​ စစ်ကိုင်း​တိုင်း​၊​ တနင်္သာရီတိုင်း​၊​ မန္တ​လေး​တိုင်း​အတွင်း​မှာ ​ရွေး​ကောက်ပွဲ မသမာမှု​တွေကို မဲစာ ရင်း​ကွာဟမှု​တွေ ကျယ်ကျယ်ပြန့်​ပြန့်​ရှိ​နေတယ်လို့​ သတင်း​ ထုတ်ပြန်ထား​ပါတယ်။

No comments:

Post a Comment