Thursday, March 1, 2012

မြန်မာ့​နိုင်ငံ​ရေး​ပြောင်း​လဲမှုကို စစ်တပ်က ​ထောက်ခံဟု သမ္မတအကြံ​ပေး​ ​ပြောကြား

ဒီဗွီဘီ

မြန်မာ တပ်မ​ တော်ဟာ မြန်မာ ပြည်က နိုင်ငံ​ရေး ​ပြုပြင်​ ပြောင်း​လဲ မှု​တွေ အ​ပေါ်မှာ အပြည့်​ အဝ ​ထောက်ခံမှု ရှိတယ်လို့​ သမ္မတရဲ့​ နိုင်ငံ​ရေး​ အကြံ​ပေး​ လည်း​ဖြစ်၊​ အစိုး​ရ အဖွဲ့​ရဲ့​ အတွင်း​ လူလို့​ သိကြတဲ့​ ဦး​ကိုကိုလှိုင်က ​ပြောလိုက် ပါတယ်။

ထိုင်း​ သတင်း​စာ တ​စောင် ဖြစ်တဲ့​ ​နေရှင်း​ သတင်း​ စာရဲ့​ အယ်ဒီတာ ချုပ်နဲ့​ ​မေး​မြန်း​ တဲ့​အခါမှာ ဦး​ကိုကိုလှိုင်က ​ပြောလိုက် တာပါ။ အရင် စစ် အစိုး​ရ အဖွဲ့​ရဲ့​ အကြီး​ အကဲ ဗိုလ်ချုပ် မှူး​ကြီး​ သန်း​ရွှေ ကလည်း​ လက်ရှိ နိုင်ငံ​ရေး​ အ​ခြေ အ​နေ သစ်​တွေကို ​နောက်ကွယ် က​နေ ကြိုး​ကိုင် ညွန်ကြား​ တာမျိုး​ မရှိဘဲ၊​ လုံး​ဝ အနား​ယူ သွား​ပြီလို့​ ဦးကိုကိုလှိုင်က ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ နှစ်​ပေါင်း​များ​စွာ ​နေအိမ် အကျယ်ချုပ်ချခံခဲ့​ရသူ ဖြစ်တဲ့​အတွက် စစ်တပ်အ​ပေါ်မှာ အပြည့်​အဝ ယုံကြည်မှု မရှိ​သေး​တာကလည်း​ သဘာဝကျတယ်လို့​ အငြိမ်း​စား​ စစ်တပ်အရာရှိလည်း​ ဖြစ်တဲ့​ ဦး​ကိုကိုလှိုင်က ​ပြောပါတယ်။

လက်နက်ကိုင် သူပုန်ထမှု​တွေ သက်တမ်း​ရှည်ကြာ​နေတဲ့​ မြန်မာ့​နိုင်ငံမှာစစ်တပ်ရဲ့​ အခန်း​ကဏ္ဍဟာ အ​ရေး​ကြီး​တယ်လို့​လည်း​ သမ္မတရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​ ဦး​ကိုကိုလှိုင်က ​ပြောကြား​ခဲ့​ပါတယ်။

No comments:

Post a Comment