သျှမ်းသံတော်ဆင့်
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် တပတ်သာ လိုနေချိန် လက်ရှိအာဏာရပါတီမှ ကောက်ကျစ်နည်းများ ပိုမိုအသုံးပြု လာနေကြောင်း ဒေသခံနိုင်ငံရေးပါတီများက ပြောပါသည်။
“ကျနော်တို့ အိမ်ဆို မိသားစု ၇ ယောက်ရှိတယ်။ ၄ ယောက်ပဲ မဲစာရင်းထဲပါတယ်။ ကျန်တဲ့သုံးယောက် ကို ထပ် ထည့် ပေးဖို့ သွားပြော ထားတယ်။ သေတဲ့သူစာရင်းက မဖြုတ်၊ မနှစ် တစ်နှစ်က အသက်ပြည့်တဲ့သူ ရဲ့ စာရင်းကျတော့မပါ၊ အထက်ပိုင်းတော့ တရား သယောင် လုပ်တယ်။ အောက်ပိုင်းကျတော့ ညစ်ညစ် လာနေတာတွေ့ရတယ်” - ဟု လားရှိုး မြို့နယ် ကျားဖြူပါတီ ဥက္ကဌ စိုင်းအောင်ကြီးက ပြောပါ သည်။
အမျိုးသားလွှတ်တော် လစ်လပ်နေရာ သျှမ်းပြည်မြောက်ပိုင်း အမှတ် ၃ မဲဆန္ဒနယ် အတွင်း၌ လားရှိုးမြို့အနီး အချို့ ကျေးရွာများမှာ မဲ ထည့်ရန် နာမည်စာရင်းလုံးဝ မပါကြောင်း၊ လားရှိုးမြို့ခံ မဲဆန္ဒရှင်အများစုမှာလည်း မိမိ အ မည် မပါကြောင်း၊ ယခုလ လယ်ပိုင်း က ရပ် ကွက် ဆိုင်ရာ အာဏာပိုင် များထံ သွားရောက် သတိပေး အကြောင်း ကြားသော်လည်း ယနေ့တိုင် အမည် စာရင်း မတွေ့ ရသေး ကြောင်း၊ ‘ပြည်ခိုင်ဖြိုး ပါတီ ကိုသာ မဲထည့် ပေးပါမယ်’ ဟု သွားပြောသူများမှာမူ နှစ်ရက်သုံးရက်အတွင်းနာမည်ပြန်ပါလာ ကြောင်း လား ရှိုး ဒေသခံများက ပြောပါသည်။
“ကျနော်တို့မနေ့က လားရှိုးမြို့ဆင်ခြေဖုံးကျေးရွာတွေကို သွားတယ်။ တချို့ရွာတွေက မဲစာရင်းလုံးဝပါဘူး၊ မဲထည့်မယ့် လူဦးရေ စာရင်း လဲလာကပ်တာ မတွေ့ရဘူး၊ မဲထည့်ဖို့လည်း ဘာမှ မသိကြဘူး ” - ဟု NLD မှ လူငယ်တဦးက ပြောပါ သည်။
သျှမ်းပြည်မြောက်ပိုင်း အမှတ် ၃ မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်း စိုင်းမြင့်မောင် က မဲစာရင်းမှန်ကန်ဖို့ခက်ခဲကြောင်း ဤကဲ့သို့ ပြောပြပါသည်။
“ကျနော်တို့ ကြားရတာက အမျိုးမျိုးဘဲ၊ ရွေးကောက်ပွဲ နီးလေလေ ညစ်ဖို့ ပြင်ဆင်ဆောင်ရွက်လာလေလေတွေ့ ရတယ် ဗျာ့။ တချို့ဆိုလို့ရှိရင် ဘာပြောလဲဆိုတော့ NLD ဘက်ကို နည်းနည်းစောင်းတဲ့ နေရာတွေဆိုရင် ကြံ့ခိုင် ရေးက ပုဂ္ဂိုလ် တွေက ခင်ဗျားတို့ NLD ကို ကြိုက် တယ်မဟုတ်လား၊ အမှန်ခြစ်လိုက်ပေါ့၊ ကျနော်တို့ ပြည် ခိုင်ဖြိုးကို မကြိုက် ဘူး မဟုတ်လား ကြက်ခြေခတ်လိုက်ပေါ့။ စသဖြင့်ပေါ့။ ပယ် မဲဖြစ်သွားအောင်လုပ်တာလေ” - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း စိုင်းမြင့်မောင်က ပြောပါသည်။
သျှမ်းပြည်မြောက်ပိုင်း အမှတ် ၃ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် လားရှိုး၊ သိန္နီ၊ ကွန်လုံ၊ မိုင်းရယ်၊ တန့် ယန်းမြို့နယ် တွင် ပြည်ခိုင်ဖြိုး ပါတီက ဒေါက်တာနန်းကိန်ဖေါင်းတစ်၊ NLD က စိုင်းမြင့်မောင်၊ ကိုးကန့်ပါတီ က လော်ရှင်းကွမ်း၊ ကျားဖြူပါတီ စိုင်းစံမင်းနှင့် လား ဟူပါ တီမှ ဦးယောသပ်တို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပါသည်။
No comments:
Post a Comment