Friday, March 2, 2012

အန်အယ်လ်ဒီ အမတ်​လောင်း​တဦး​ကို ​ကော်မရှင်က ပယ်ဖျက်

အေး​နိုင်

ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ စစ်ကိုင်း​တိုင်း​ ကသာခရိုင်က ဝင်အ​ရွေး​ခံမယ့်​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ကိုယ်စား​ပြုစာရင်း​သွင်း​သူ ဦး​စောလှိုင်ကို ​ရွေး​ကောက်ပွဲ​ကော်မရှင်က ကိုယ်စား​လှယ် အမည်pာရင်း​က ပယ်ဖျက်ပြီး​ ဖြစ်တဲ့​အ​ကြောင်း​ ဒီ​နေ့​ အ​ကြောင်း​ကြား​ပါတယ်။

ဦး​စောလှိုင်ဟာ အမျိုး​သား​လွှတ်​တော် အမှတ် ၇ မဲဆန္ဒနယ်ဖြစ်တဲ့​ စစ်ကိုင်း​တိုင်း​ ​ကောလင်း​၊​ ဝန်း​သို၊​ ပင်လယ်ဘူး​၊​ ဗန်း​မောက်မြို့​နယ် ၄ ခုကို ကိုယ်စား​ပြုပြီး​ ဝင်ပြိုင်ဖို့​ စီစဉ်ထား​တာပါ။

ရွေး​ကောက်ပွဲမှာ ဦး​စောလှိုင်ရဲ့​ ကိုယ်စား​လှယ်အဖြစ် ခန့်​ထား​တဲ့​ ဦး​မြင့်​ကြည်က “ဒီ​နေ့​မနက် ၁၀ နာရီ ၂၅ မိနစ်​လောက်မှာ ကသာခရိုင် ​ကော်မရှင်အဖွဲ့​ခွဲကို သွား​ပြီး​တော့​မှ အကျိုး​အ​ကြောင်း​ စုံစမ်း​ပါတယ်။ ခရိုင်​ကော်မရှင် အဖွဲ့​ခွဲ ဥက္ကဋ္ဌနဲ့​ ​တွေ့​ပါတယ်။ သူ့​ပြောကြား​ချက်အရ ဦး​စောလှိုင်ကို ပယ်လိုက်ပါပြီ။ သူသွင်း​ထား​တဲ့​ ​ရွေး​ကောက်ပွဲ ဝင်​ကြေး​ ၅ သိန်း​ကိုလည်း​ ပြန်ထုတ်​ပေး​မှာပါလို့​ ​ပြောပါတယ်။ တရား​ဝင် အ​ကြောင်း​ကြား​ဖို့​ ​မေး​မြန်း​ကြည့်​တော့​ ဒီ​နေ့​မနက်မှ တိုင်း​ဒေသကြီး​ ​ကော်မရှင်အဖွဲ့​ခွဲက​နေ ဖုန်း​နဲ့​ ဝင်လာပြီး​ အ​ကြောင်း​ကြား​တာ ဖြစ်ပါ တယ်။ မတ်လ ၅ ရက်​နေ့​ တနင်္လာ​နေ့​ အ​စောဆုံး​ထား​ပြီး​ စာနဲ့​တကွ ပြန်ကြား​ပေး​ပါမယ်လို့​ ​ပြောပါတယ်။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က လစ်လပ်​နေရာ ၄၈ ​နေရာစလုံး​ ပြိုင်ဖို့​ ကြိုး​ပမ်း​နေတာဖြစ်ပြီး​ အတည်ဖြစ်ရင် ၁ ဦး​လျော့​နည်း​သွား​မှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့​ပတ်သက်လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​ ​ကော်မတီဝင် ဦး​ဉာဏ်ဝင်း​က နိုင်ငံသား​ဖြစ်မှုနဲ့​ ဆက် စပ်တယ်လို့​ ကြား​သိထား​ရတယ်လို့​ ​ပြောပါတယ်။

“သူတို့​ရွေး​ကောက်ပွဲ ဥပ​ဒေမှာ ကိုယ်စား​လှယ်​လောင်း​ ၁ ဦး​ဟာ ​မွေး​ဖွား​တဲ့​ အချိန်မှာ မိမိနှင့်​ တကွ မိဘနှစ်ပါး​အပါအဝင် အား​လုံး​ ၃ ဦး​ နိုင်ငံသား​ဖြစ်ရမယ်ဆိုပြီး​ ပြဌာန်း​ထား​တယ်။ အဲဒါနဲ့​ ငြိစွန်း​တယ်လို့​ ယူဆရပါတယ်။”

ဦး​စောလှိုင်ဟာ အခုအချိန်မှာ အိန္ဒိယနိုင်ငံကို ​ရောက်ရှိ​နေပြီး​ ​ဆေး​ဝါး​ကုသမှု ခံယူ​နေတယ်လို့​ သူ့​ရဲ့​ ကိုယ်စား​လှယ် ဦး​မြင့်​ကြည်က ​ပြော ပါတယ်။

No comments:

Post a Comment