Monday, March 5, 2012

ကော့​သောင်း​က ​ကျောက်မီး​သွေး​ဓာတ်အား​ပေး​စက်ရုံ ကန့်​ကွက်ခံ​နေရ

အေး​နိုင်

တနင်္သာ ရီတိုင်း​ ​ကော့​သောင်း​ မြို့​က လူ​နေ ရပ် ကွက် နှစ်ခု အကြား​က (ရှစ်) မီဂါဝပ် ​ကျောက်မီး​သွေး​ ဓာတ်အား ​ပေး​စက်ရုံ လည်ပတ်မယ့်​ အ​ရေး​ကို ​ဒေသ ခံ​တွေ စိုး​ရိမ် ထိတ်လန့်​နေ ကြပါ တယ်။

လျှပ်စစ် ထုတ်လုပ်မယ့်​ ဒီစက် ရုံဟာ ကိုး​ဆယ် ရာခိုင် နှုန်း​လောက် ပြီး​စီး ​နေပြီး​ သန်း​ဖြိုး​သူ ကုမ္ပဏီက ပိုင်ပြီး​ ဒီလဆန်း​ ၁ ရက်​နေ့​မှာ လျှပ် စစ်ဖြန့်​ ဖြူး​မယ့်​ အ​ကြောင်း​ ရပ်ကွက်​နေ ပြည်သူ​ တွေကို စက်ရုံ မန်​နေဂျာနဲ့​ ရပ်​ကျေး​ အုပ်ချုပ်​ ရေး​မှူး​တွေ လိုက်လံ ရှင်း​လင်း​ခဲ့​ပါ တယ်။

ဒီရှင်း​လင်း​ပွဲ​တွေမှာ ဘုရင့်​နောင်ရပ်ကွက်နဲ့​ အဏ်ဏဝါရပ်ကွက်​တွေမှာ ဆန့်​ကျင်မှု​တွေ ကြုံခဲ့​ရတယ်လို့​ ဆိုပါတယ်။

ကျောက်မီး​သွေး​ ဓာတ်အား​ပေး​ စက်ရုံ​တွေက ​ဘေး​ထွက် ဆိုး​ကျိုး​ တွေ​ကြောင့်​ လူ​နေ ရပ်ကွက်တွင်း​ လည်ပတ် မှာကို စိုး​ရိမ် တာပါလို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

“​ကျောက်မီး​သွေး​စက်ရုံက ဒီမှာ မတပ်ဆင်ခင် ထိုင်း​နိုင်ငံမှာ ပကျွတ်မှာ တပ်ဆင်ထား​တဲ့​ စက်လို့​သိရတယ်ဗျ။ ထိုင်း​နိုင်ငံမှာ ဆန္ဒပြ လိုက် တဲ့​အတွက် စက်ရုံကို ရပ်နား​လိုက်ရပြီး​ အဲဒီကစက်ကို ဒီ​ကော့​သောင်း​ကို ယူပြီး​ တပ်ဆင်ထား​တဲ့​စက်လို့​ ​တော်​တော်များ​များ​ မြို့​ခံ​တွေက သိ​နေ​တော့​ ဒီအ​ပေါ်မှာလည်း​ သူတို့​ စိုး​ရိမ်ကြတာ​ပေါ့​။ အခု မီဒီယာ​တွေမှာ ပါတာက ​ကျောက်မီး​သွေး​ စက်ရုံရဲ့​ သုံး​စွဲပြီး​ ထွက်လာမယ့်​ ကာဗွန်ဒိုင်​အောက်ဆိုက်တို့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေကို ​တော်​တော်များ​များ​က စိုး​ရိမ်စိတ်​တွေ ဖြစ်ကြတာပါ။”

အဲဒီစက်ရုံဟာ ​အေး​ရိပ်ငြိမ်ရပ်ကွက်နဲ့​ ​ရွှေပြည်သာရပ်ကွက်​နေ ပြည်သူ​တွေ လက်ခံမှ ဝန်ကြီး​ဌာနက ဖြန့်​ဖြူး​ခွင့်​ရမယ့်​ အ​ခြေအ​နေ ဖြစ် တယ်လို့​ ဆိုပါတယ်။

အဲဒီအစည်း​အ​ဝေး​ကို တက်ခဲ့​တဲ့​ ​ရွှေပြည်သာရပ်ကွက်သား​ ကိုတိုး​တိုး​က သူ့​အိမ်ဟာ စက်ရုံနဲ့​ ​ပေ ၁၅၀ အကွာမှာပဲရှိပြီး​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေ ဖြစ်လာမှာ၊​ အ​ရေပြား​ယား​ယံမှု​တွေ ဖြစ်လာမှာကို စိုး​ရိမ်တဲ့​အ​ကြောင်း​ စက်ရုံတာဝန်ရှိသူ​တွေနဲ့​ ​တွေ့​တုန်း​ ​မေး​ခဲ့​ပါတယ်။

ကိုတိုး​က ဒီစက်ကို တရုတ်ကဝယ်တယ်လို့​ ​ပြော​ပေမယ့်​ ဂျာနယ်​တွေမှာ ထိုင်း​နိုင်ငံ ပကျွတ်ခရိုင်က ဆန္ဒပြလို့​ မတည်တဲ့​စက်ကို ဝယ်တာ မဟုတ်လား​လို့​ ​မေး​တဲ့​အ​ပေါ် ဂျာနယ်ပါ အ​ကြောင်း​အရာ​တွေဟာ ဗဟုသုတအတွက် သုံး​သင့်​သလို တချို့​ကို မသုံး​သင့်​ဘူး​လို့​ ​ဖြေဆို တယ်လို့​ သူကပြန်​ပြောပြပါတယ်။

စက်ရုံတာဝန်ရှိသူ​တွေက ဝန်ကြီး​ဌာနထံက ခွင့်​ပြုချက်ရပြီး​ပြီလား​ ဆိုတဲ့​မေး​ခွန်း​နဲ့​ ​ဘေး​ထွက်ဆိုး​ကျိုး​တွေ မရှိဘူး​ဆိုရင် အာမခံသလား​ဆိုတဲ့​ ​မေး​ခွန်း​ ၂ ခုကို​တော့​ မ​ဖြေဘူး​လို့​ ကိုတိုး​တိုး​က ​ဖြေဆိုပါတယ်။

ဒါ​ပေမယ့်​ စက်ရုံတာဝန်ရှိသူနဲ့​ အုပ်ချုပ်​ရေး​မှူး​တွေဟာ ရပ်ကွက်​တွေမှာ မီတာတယူနစ်ကို ကျပ်​ငွေ ၂၀၀ နဲ့​ ဖြန့်​မှာဖြစ်ပြီး​ မီတာတပ်ဆင်ခ ကျပ်​ငွေ (တသိန်း​ခွဲ) နှုန်း​နဲ့​ စာရင်း​လိုက်​ကောက်​နေပါတယ်။

ကျောက်မီး​သွေး​စက်ရုံနဲ့​ ​ရေနံဓာတုစက်ရုံ အမျိုး​အစား​တွေဟာ ​လေထုကို ညစ်ညမ်း​စေတာ​ကြောင့်​ စက်ရုံ​တွေကို အများ​ပြည်သူ​နေထိုင် တဲ့​ ​နေရာ​တွေနဲ့​ ​ဝေး​ဝေး​မှာ လုပ်ကိုင်​စေရတဲ့​ အမျိုး​အစား​တွေ ဖြစ်ပါတယ်။

လွန်ခဲ့​တဲ့​နှစ်ပိုင်း​က​တော့​ ထိုင်း​နိုင်ငံ​တောင်ပိုင်း​မှာ ဒီစက်ရုံအမျိုး​အစား​တွေကို လူထုက ဆန္ဒပြခဲ့​ကြတဲ့​အတွက် ရပ်နား​ခဲ့​ကြရဖူး​ပါတယ်။

No comments:

Post a Comment