Monday, March 19, 2012

ကချင်ပြည်နယ်တွင်း တိုက်ပွဲများနေ့ စဉ်ရက်ဆက်ဖြစ်ပွား

နန်းမြနဒီ

ကချင် လွတ်လပ်ရေး တပ်မတော် (ကေ အိုင်အေ)နဲ့ အစိုးရ စစ်တပ်တွေ အကြား ခုရက် ပိုင်းတွေ အတွင်း တိုက်ပွဲတွေ နေ့စဉ် ရက်ဆက် ဆိုသလို ဖြစ်ပွား နေရာ ဆဲဘဲလို့ ကေ အိုင် အေအဖွဲ့ ကပြော ပါတယ်။

ကေအိုင်အေ ထိန်းချုပ် နယ်မြေ တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နယ်မြေတွေ ထဲမှာ မနေ့က တနေ့ တည်းတင် တိုက်ပွဲ ပေါင်း ၅ ကြိမ် ဖြစ် ပွား ခဲ့ပြီး ပြီးခဲ့တဲ့ စနေနေ့ တုန်းက လည်း ၂ ကြိမ် ဖြစ်ပွား ခဲ့တယ်လို့ ကေအိုင်အေ ပြောရေး ဆိုခွင့် ရှိသူ ဦးလနန်းက ပြောပါ တယ်။

“တိုက်ပွဲ ကတော့ ရှိတယ်။ နေ့တိုင်းက ၂ကြိမ် ၃ကြိမ်ပေါ့။ နေရာ အနှံ့ မှာပဲ။ အဓိက ကတော့ ဗဟို ဒေသ နေရာလို့ ပြောလို့ ရတယ်။ မြို့နယ် အနေနဲ့ ပြော ဖို့ ကတော့ ခက်တယ်။ ကေအိုင်အို နယ်မြေနဲ့ အစိုးရ သတ်မှတ်ထား တဲ့ နယ်မြေက မတူ ဘူးဗျ။ မနေ့က ဖြစ်တဲ့ တိုက်ပွဲ က တော့ ၀ိုင်းမော် မြို့ နယ်နဲ့ ဒေါ့ဖုံး ယန် မြို့နယ်။ ကျနော်တို့ ကေအိုင်အို တပ်မဟာ ၃ နဲ့ မံစီမြို့ နယ်ဘက်မှာ မနေ့က ဖြစ်တယ်။”

အခုတလော ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နယ်မြေထဲကို အစိုးရတပ်က ထိုးစစ်ဆင် ၀င် ရောက်လာတာ ဖြစ်တဲ့ အတွက် ကေအိုင်အေကနေ ပြန် ခုခံနေရတဲ့ တိုက်ပွဲတွေ ဖြစ်တယ်။ ဒီတိုက်ပွဲတွေအတွင်း နှစ်ဘက် ထိခိုက် သေ ဆုံးမှု အရေအတွက် ဘယ်လောက်ရှိ သလဲ ဆိုတာကိုတော့ အတိအကျတော့ မသိရသေးပါဘူး။

ကေအိုင်အိုဟာ မြန်မာအစိုးရဘက်က ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ၅ ကြိမ်ထက် မနည်း အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမယ့် လည်း တိုက်ပွဲတွေဆက် ဖြစ်နေရတဲ့ အပေါ်မှာ ဦးလနန်းက ခုလို သုံးသပ်ပြောပါတယ်။

“အခုအချိန်မှာ အားလုံး ထင်သာမြင်သာ ဖြစ်နေတာကလည်း တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတာလည်း အားလုံး တွေ့နေ မြင်နေတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့မှာ တိုင်းမှူးအဆင့်တွေလည်း ဆွေးနွေးမှု စာရင်းထဲမှာတော့ နာမည်တွေ့ရတယ်။ အမှန် တကယ် လာတဲ့အခါမှာ တိုင်းမှူးအဆင့်တွေ ပါလာတာ မရှိဘူး။ ဒါကြောင့် ဆွေးနွေးမှုတွေမှာ ရှေ့ကို ထင်သာမြင်သာ ဖြစ်ဖို့ ဆိုရင်တော့ တိုက်ပွဲဆိုင်ရာ ကိစ္စရပ်တွေမှာ တပ်ပိုင်းဆိုင်ရာ ဆုံးဖြတ်နိုင်တဲ့ အဆင်မြင့်ပုဂ္ဂိုလ်တွေ ပါလာရင်တော့ ပိုကောင်းမယ်။”

No comments:

Post a Comment