ပီတာအောင်
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်ထဲက ပဋိပက္ခတွေဖြစ်ပွားနေတဲ့ နယ်မြေထဲကို ကုလသမဂ္ဂရဲ့ အရေးပေါ် လူသားချင်းစာနာမှု အ ကူအညီပေးရေး ယာဉ်တန်းရောက်ရှိသွားပြီဖြစ်တယ်လို့ IRIN ခေါ် ကုလသမဂ္ဂလူမှု အကူအညီပေးရေး သတင်းဌာနက သတင်းထုတ် ပြန်ပါတယ်။
ကုန်တင်ကား ၄ စီးနဲ့ ကုလသမဂ္ဂယာဉ် ၂ စီးပါဝင်တဲ့ ယာဉ်တန်းဟာ မြစ်ကြီးနားမြို့ကနေ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ထိမ်းချုပ် နယ်မြေထဲကို မတ်လ၂၄ ရက်မှာ ရောက်ရှိသွားတာလို့ ဆိုပါတယ်။
အကူအညီပေးရေး ပစ္စည်းတွေ အဖြစ် လူ ၁ ထောင်စာလောက် အတွက် ၁ လစာ စားသုံးနိုင်မယ့် အစားအစာတွေနဲ့ စားစရာမဟုတ်တဲ့ ကယ်ဆယ်ရေး ပစ္စည်းမျိုးစုံလည်း ပါသွားတယ်လို့သတင်းမှာ ရေးပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း အကူအညီပေးရေးအဖွဲ့တွေကို ကေအိုင်အို နယ်မြေထဲ မြန်မာအစိုးရက ဝင်ရောက်ခွင့်ပေးခဲ့ပြီး ဒါဟာ ဒုတိ ယအကြိမ်ပါ။ ကချင်ပြည်နယ်တိုက်ပွဲတွေအတွင်း လူပေါင်း ၆ သောင်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားတာပါ။ ဒီထဲမှာ မြန်မာအစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ လူ ၂ သောင်းလောက်နဲ့ ကေအိုင်အို နယ်မြေထဲမှာတော့ လူ ၄ သောင်းလောက် ဒုက္ခရောက်နေတယ်လို့ ဆိုပါတယ်။
ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော်ကတော့ မြန်မာအစိုးရနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူသို့ အသိပေးကြေ ညာချက်တခု စနေနေ့မတ်လ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာ ထားပါတယ်။
ဒီကြေညာချက်မှာ ကေအိုင်အေနဲ့ မြန်မာအစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ပွဲဟာ ၂၀၁၁ ဇွန်လကစပြီး ခုချိန်ထိ ၁၀ လကြာသွားပြီဖြစ်တဲ့အကြောင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေနဲ့ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ဒါပေမယ့် ခုချိန်ထိ နှစ်ဖက်နိုင်ငံရေးအရ ဆွေးနွေးနိုင်တဲ့ အဆင့်ထိ မရောက်သေးဘဲ စစ်ရေးအရှိန်သာ ပိုလို့တိုးလာနေကြောင်း ဖော်ပြထားပါတယ်။
No comments:
Post a Comment