Thursday, March 1, 2012

နမ့်ခမ်းမြို့ မူးယစ် ရဲထံမှ ဘိန်းဖြူ ၈ ကီလို ဖမ်းမိ

သျှမ်းသံတော်ဆင့်


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသည့် သူများအား ဆိုင်ရာ အာဏာပိုင်များက လိုက်လံ ဖမ်းဆီးရာ မူးယစ်ဝန်ထမ်းဟောင်းထံမှ ဘိန်းဖြူများဖမ်းဆီးရမိကြောင်း ဒေသခံ များက ပြောပြပါသည်။

“ရဲတွေက ကြိုပြီး အကြောင်းကြားထားလို့ပေါ့၊ နို့မဟုတ်ရင်တော့ အများကြီးဖမ်းမိမှာ။ သူတို့ကို မပေးမကျွေး တဲ့လူတွေ ကိုဘဲ လိုက်ဖမ်း တော့ မူးယစ်ရဲ ဝန်ထမ်းဟောင်း ဦးမောင်မြင့် ဆီမှာဘိန်းဖြူ ၈ ကီလိုဖမ်းမိတယ်။ နောက် နှစ်ယောက်က ဘိန်းစား။ အလုပ်အကိုင်မရှိ ။ ဘ၀ပျက်နေတဲ့ ခြေတလုံးအိမ်တိုင်ဘိန်းစားတွေ” - ဟု အောင်ချမ်းသာ ရပ်ကွက်သားတဦးက ပြောပါသည်။

တရက်ထက်တရက် မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ် ဦးရေ များပြားလာသောကြောင့် ဆိုင်ရာ အာဏာ ပိုင် များ ဝိုင်းဝန်း တိုက်ဖျက် ပေးရန် တိုင်တန်းချက်ရရှိသဖြင့် ရဲ၊ မူးယစ်၊ မြို့မ ပြည်သူ့စစ်တို့လိုက်လံ ဖမ်းဆီးရ ခြင်းဖြစ်ကြောင်း၊ အချို့ ရဲတပ်ဖွဲ့ ဝင်များပင်လျှင် မူး ယစ်ဆေးသုံးစွဲနေကြကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောပါသည်။

“မကြာခင်နောက်တခေါက်ထပ်ဖမ်းမယ်ကြားတယ်။ ရဲက ကြိုတင် သတင်းသွားပေးလို့ အခုဖမ်းတဲ့တခေါက် သုံးယောက်ဘဲမိတယ်။ နောက်တခေါက်ကျရင် ရဲတွေကို အသိမပေးဘဲ မူးယစ်ရဲတွေဘဲတိုက်ရိုက်သွားဖမ်း မယ်လို့ပြောတယ်” - ဟု နမ့်ခမ်းမြို့ခံတဦးက ပြောပါ သည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရန် ကျားဖြူပါတီ၏ တိုင်တန်းချက်ကြောင့် ဒေသခံလူထုက မြို့မ ပြည်သူ့စစ် အဖွဲ့ခေါင်းဆောင် (ပန်း ဆေး ပြည်သူ့စစ်တပ်ဖွဲ့ဝင်) ဦးဖိုးမောင် အား မူးယစ်နှိမ်နင်းရေးကော်မတီ ဉက္ကဌ အဖြစ်တင်မြှောက်ကာ (၁) မူးယစ်ရောင်း ဝယ်ဖေါက် ကား သုံးစွဲခြင်းမရှိစေရန်၊ (၂) မူးယစ်ရဲများနှင့်ပူးပေါင်း နှိမ်နင်းသွားရန်၊ (၃) မြို့နယ် အုပ်ချုပ် ရေးမှူးထံ် တင်ပြသွားရန် စသဖြင့် ဆောင် ပုဒ် ရေးဆွဲထားကြောင်း ဒေသခံများက ပြောပါသည်။

ပစ်မှတ်ထားသည့်နယ်မြေများမှာမူ - နမ့်ခမ်းမြို့ မြောက်ရပ်ကွက်(ပေါက်နေ)၊ မင်္ဂလာရပ်ကွက်၊ ကုန်းသာ ရပ် ကွက်၊ ကုန်းကုလား ရပ် ကွက် တို့ဖြစ်ကြကြောင်း၊ ပန်းဆေးကျော်မြင့်ထိန်းချုပ်ဒေသကိုမူ ထည့်သွင်းထား ခြင်း မရှိကြောင်း ပြောပါသည်။

မူးယစ်ဆေးဝါးသုံးစွဲသည့် ဒေသခံလူငယ်များမှာ၊ နမ့်ခမ်းမြို့ပေါ် ရပ်ကွက်များအပြင် နောင်ခိုရွာ နှင့် တာ့ဇန့် ကျေးရွာ (တရွာလျှင်ပျှမ်းမျှ အိမ်ခြေ ၅၀ ကျော်) ၊ နမ့်ခမ်း မြို့နယ်နှင့်ကပ်လျက် တရုတ်နယ်က သျှမ်းရွာ များဖြစ်သော ဟန်းဆာ၊ တာ့ပေးရွာများမှ လူငယ် အများ အပြား ယာဘ၊ ဘိန်းဖြူ၊ ဘိန်းမည်း၊ ခါ့ခူး နှင့် ရွှေ (ခမ်း) ခေါ် ဖင်ဆီဒိုင်း များ သုံးစွဲကြကြောင်း ခေတ်ပညာတတ် လူငယ် တဦးက ပြော ပါသည်။

No comments:

Post a Comment