Thursday, March 1, 2012

အ​ခြေခံဥပ​ဒေ​ပြောင်း​လဲရန် စစ်တပ်ပူး​ပေါင်း​ပါဝင်မူလိုဟု ​ဒေါ်​အောင်ဆန်း​ စုကြည်​ပြော

နေသွင်

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင် ဆန်း​စုကြည်ဟာ ရှမ်း​ပြည်နယ်ရှိ တပ်နယ်ဖြစ်တဲ့​ က​လောမြို့​ကို ​ရောက်​နေပြီး​ ​ထောက်ခံသူ ​ထောင်​ပေါင်း​များ​စွာကို မိန့်​ခွန်း​ပြောတဲ့​အခါ မှာ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေကို ​ပြောင်း​လဲဖို့​ တပ်မ​တော်ကလည်း​ ပူး​ပေါင်း​ပါဝင်ဖို့​ လိုအပ်တယ်လို့​ ​ပြော ကြား​ လိုက်ပါ တယ်။

ဒေါ်​အောင်ဆန်း ​စုကြည် က “(ဖွဲ့​စည်း​ပုံ အခြေခံဥပ​ဒေ ကို) မ​ပြောင်း​ လဲဘဲနဲ့​ ဒီမို က​ရေစီ အ​ခြေခံ အ​ဆောက် အဦက မခိုင်မြဲ နိုင်ပါဘူး​။ ဒီလို ​ပြောင်း​လဲတဲ့​ အချက်ကို ​ပြောင်း​လဲတဲ့​ နေရာမှာ တပ်မ​တော် ကလည်း​ ပါဖို့​ လိုတယ် ဆိုတာ အတိ အလင်း​ ​ပြောပါ ရ​စေ။ ဖွဲ့​စည်း​ပုံ အ​ခြေခံ ဥပ​ဒေ ခိုင်မာမှ ကျမတို့​ နိုင်ငံ ခိုင်မြဲ မှာပါ။ ဖွဲ့​စည်း​ပုံ အ​ခြေခံ ဥပ​ဒေကို ​အေး​အေး ​ချမ်း​ချမ်း​ တည်တည် ငြိမ်ငြိမ်နဲ့​ ​ပြောင်း​လဲ ဖို့​ဆို တာ တပ်မ​ တော်ရဲ့​ ပူး​ပေါင်း​ ပါဝင်မှု လိုအပ် တာမို့​လို့​ တပ်မ​တော် ကလည်း​ ကျမတို့​ နဲ့​အ တူတူ ဒီမို က​ရေစီ ပန်း​တိုင်ကို ချီတက်ချင် တယ်ဆို တာကို ပြခြင်း​ အား​ဖြင့်​ တပ်မ​ တော်သား​ အား​လုံး​ အမျိုး​သား ​ဒီမိုက​ရေစီအဖွဲ့​ ချုပ်ကို မဲ​ပေး ​ကြပါ။”လို့​မဲဆွယ် မိန့်​ခွန်း​ ​ပြော ကြား​ ခဲ့​ပါ တယ်။

လွတ်လပ်​ရေး​ကြိုး​ပမ်း​မှုကာလက ပြည်သူနဲ့​ တပ်မ​တော် အပြန်အလှန် ချစ်ခင်မှု၊​ အား​ကိုး​မှု ရှိခဲ့​တဲ့​ အ​ခြေအ​နေမျိုး​ အခုလည်း​ ဖြစ်​စေချင် ပါတယ်လို့​ လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။

တိုင်း​ပြည်မှာ တရား​ဥပ​ဒေ စိုး​မိုး​ရေး​ အ​ရေး​ကြီး​တဲ့​ အ​ကြောင်း​၊​ တရား​ဥပ​ဒေ စိုး​မိုး​ရေး​ဟာ ပြည်သူလူထုကို အ​ကြောက်တရား​က​နေ အ ကာအကွယ် ​ပေး​နိုင်ဖို့​ လိုအပ်တယ်လို့​ ​ဒေါ်​အောင် ဆန်း​စုကြည်က ​ပြောကြား​ခဲ့​ပါတယ်။

No comments:

Post a Comment