Thursday, March 22, 2012

မိုး​ပြာ​ရောင်ဘုန်း​ကြီး​ မတရား​သဖြင့်​ ​ထောင်ဒဏ်ချမှတ်ခံ​နေရ

မင်းလွင်

မိုး​ပြာ​ရောင် ဆရာ​ တော်လို့​ လူသိ များ​တဲ့​ ပစ္စုန် ပန်ကမ္မ ဝါဒ ဘုန်း​ကြီး​ ဦး​ဉာဏကို ကချင် ပြည်နယ် မြစ်ကြီး​ နား​ထောင်မှာ ​ထောင်ဒဏ် အနှစ် (၂၀) ချမှတ် ခံရ တာဟာ ဘာသာ​ရေး​ လွတ်လပ်ခွင့်​ မရှိမှုနဲ့​ လွတ်လပ် စွာ အသင်း​ အဖွဲ့​ ဖွဲ့​စည်း​ခွင့်​ မရှိဖြစ်​ နေတယ်လို့​ အာရှ လူအခွင့်​ အ​ရေး​ကော်မ ရှင်က ဒီ​နေ့​မှာ ထုတ်​ဖော် ​ပြောဆို ပါတယ်။

မိုး​ပြာ​ရောင် ဦး​ဉာဏဟာ မန္တ​လေး​တိုင်း​ ပုသိမ်ကြီး​ မြို့​နယ်က အနု ပါဒါ ယဉ်​ကျေး​မှု တရား ​ဌာနမှာ သီး​တင်း​ သုံး​နေ စဉ်မှာ ၂၀၁၀ ​ဖေ​ဖော် ဝါရီ ၁၂ ရက်​ နေ့​မှာ ဖမ်း​ဆီး​ ခံခဲ့​ ရပြီး​ ဘာသာ​ရေး​ ပုဒ်မ​ တွေနဲ့​ တရား​စွဲ ဆိုပြီး​ ​ထောင်ဒဏ် အနှစ် ၂၀ ချမှတ် ခံထား ​ရတာပါ။

မိုး​ပြာ​ရောင် ဦး​ဉာဏဟာ ပစ္စုပန် ကမ္မဝါဒ ဗုဒ္ဒ ဘာသာကို တည်​ထောင် ခဲ့​သူ ဖြစ်ပြီး​ ၁၉၈၃ ခုနှစ် ကတည်း​ ​ထေရဝါဒ ဗုဒ္ဓ ဘာသာကို စွန့်​လွှတ် ထား​သူ လည်း​ ဖြစ်ပါတယ်။ ပစ္စုပန် ကံမဝါဒ ဗုဒ္ဓ ဘာသာဟာ ​ထေရာ ဝါဒနဲ့​ မတူတဲ့​ သီး​ခြား​ ဗုဒ္ဓ ဘာသာ တခုဖြစ် တယ်လို့​ မိုး​ပြာ​ရောင် ဦး​ဉာဏ တပည့်​ သာဝါက​ တွေက ​ပြောပါ တယ်။

မိုး​ပြာ​ရောင် ဦး​ဉာဏဟာ ၁၉၈၃ ကလည်း​ သာသနာ​တော်ကို ညှိုး​နွှမ်း​စေမှုနဲ့​ အပြစ်​ပေး​ခံပြီး​ ​နောက် တခါ ဒီအမှုနဲ့​ပဲ ပြန်ပြီး​ တရား​စွဲအပြစ်​ပေး​တာဟာ အမှုတစ်ခုကို နှစ်ခါအပြစ်​ပေး​ခံရတာဖြစ်လို့​ တရား​မျှတမှုမရှိဘူး​လို့​ ဥပ​ဒေ အကျိုး​ဆောင် ဦး​အောင်သိန်း​ကလည်း​ ဒီဗွီဘီကို ​ပြောပါတယ်။

“ကျ​နော်တို့​က သူ့​ကို ဘာသာ​ရေး​ ယုံကြည်ချက် အကျဉ်း​သား​လို ဖြစ်​နေတာ အမှန်ပဲ။ ဗုဒ္ဓဘာသာက သူ့​ဘာသာသူ လမ်း​ခွဲထွက်ပြီး​တော့​ အပြာဝတ်ပြီး​ ရပ်တည်​နေတဲ့​သ​ဘော​ပေါ့​။ သူ့​အစီအစဉ်က တမျိုး​ပေါ့​။ ကျ​နော် သူ့​အစီအစဉ်ကို မ​ပြောလိုဘူး​။ ကျ​နော် ​ပြောတာက ဥပ​ဒေ ဆိုင်ရာကိစ္စကို ​ပြောတာပါ။ ဥပ​ဒေက ချပြီး​သား​ အမှု​တွေကို ထပ်ပြီး​ချတယ်ဗျာ။ ”

မိုး​ပြာ​ရောင်ဂိုဏ်း​ဝင် ဦး​ဉာဏရဲ့​ တပည့်​သာဝက​တွေကလည်း​ သမ္မတဦး​သိန်း​စိန်နဲ့​ အမျိုး​သား​ လူအခွင့်​အ​ရေး​ကော်မရှင်ဆီကို စာတင် အ​ကြောင်း​ကြား​ထား​တယ်လို့​လည်း​ ​ပြောပါတယ်။

No comments:

Post a Comment