မကြာ သေးခင် ကမှ အပစ် အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ထားတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့နဲ့ အစိုးရ တပ်တွေ အကြား တိုက်ပွဲ တွေ ထပ် ဖြစ် နေပြီး ရှမ်းပြည် တပ်မတော် တပ်စခန်း တခုကို အစိုးရ တပ်ဘက်က သိမ်းပိုက် လိုက်တယ်လို့ ရှမ်းပြည် တပ်မတော် စစ်ဘက် ဆိုင် ရာ အရာရှိ တဦးက ပြောကြား လိုက် ပါတယ်။ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်း မြို့နယ် မိုင်းလိုင် တိုက်နယ် ထဲမှာ ရှိတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မ တော် ရဲ့ တပ်စခန်း တခု ကို အစိုးရ တပ်ရင်း တခုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်က ၀င်တိုက်ပြီး သိမ်းပိုက် ခဲ့တာပါ။
ဒီတိုက် ပွဲနဲ့ ပတ်သက်ပြီး ရှမ်းပြည် တပ်မတော် ကျိုင်းတုံ စစ်ဒေ သမှူး ဒု – ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်က “မတ် ၁၈ ရက်နေ့ မနက် ၇ နာရီ ကျော် လောက်မှာ အစိုး ရတပ် ခမရ ၅၃၇ က အုပ်စု ၃ဖွဲ့ ခွဲပြီး လွယ်လန်း ဖာ့ဟင်ချို ဒေသမှာ ရှိတဲ့ ကျနော်တို့ စခန်းကို ၀င်တိုက် တယ်။ မိနစ် ၄၀ လောက် တိုက်ပွဲ ဖြစ်ပြီး အင်အား မမျှတော့ ကျနော်တို့ ဆုတ်ခွာ တာနဲ့ သူတို့ ၀င်သိမ်း လိုက် တာ ဖြစ်တယ်။” လို့ပြော ပါတယ်။
ပြီးခဲ့တဲ့အပတ် မတ် ၁၁ ရက်နေ့ မနက်ကလည်း အစိုးရတပ် ခမရ ၅၃၇ ဟာ ကျိုင်းတုံခရိုင် မိုင်း ယောင်းမြို့နယ်ထဲမှာ လှုပ်ရှားနေတဲ့ ရှမ်း ပြည်တပ်မတော် တပ်ရင်း ၁၀၈ အဖွဲ့ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ဒု – ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်ကတော့ အစိုးရတပ်ရင်းဘက်က ရှမ်းပြည်တပ်မတော်ကို ထိုင်း နယ်စပ်ဘက် ဆုတ်ခွာဖို့နဲ့ နယ်မြေ ကျဉ်းလာ အောင် ဖိအားပေးရင်း ထိုးစစ် ဆင်နေတာ ဖြစ်တဲ့ အကြောင်းနဲ့ ရှမ်းပြည်တပ်မတော် ဘက်ကတော့ ခုခံစစ်နဲ့ ပြန်တိုက်နေရတာ လို့ ပြောပါတယ်။
၂၀၁၂ ဖေဖော်ဝါရီနဲ့ မတ်လ ထဲမှာ ကျိုင်းတုံနဲ့ တာချီလိတ် ခရိုင်ထဲမှာ ရှိတဲ့ ရှမ်းပြည်တပ်မတော်ရဲ့ တပ်စခန်း ၅ ခုလောက် ဆုတ်ပေး ခဲ့ရတယ် လို့ သိရပါတယ်။
အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးထားပြီး တိုက်ပွဲတွေ ဖြစ်နေတဲ့ ကိစ္စ ရှမ်းပြည်တပ်မတော် ဘက်က ဖြေရှင်းပေးဖို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းဆီ စာရေးပို့ခဲပြီး အဲဒီ့ စာအရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းဘက်က ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၂၇ ရက် နေ့တုန်းက ထိုင်းနယ်စပ် တနေရာမှာ တွေ့ဆုံ ဆွေးနွေးခဲ့ ပါသေး တယ်။
ဒီဆွေးနွေးပွဲမှာ အစိုးရ ကိုယ်စားလှယ်ဘက်က တိုက်ပွဲ မဖြစ်ပွားရေး တာဝန်ယူပေးမယ် လို့ ပြောသွားပေမယ့်လည်း တိုက်ပွဲတွေ နောက် ထပ် ဖြစ်ပွားနေဆဲပဲ လို့  ရှမ်းပြည်တပ်မတော်က ပြောပါတယ်။
No comments:
Post a Comment