Wednesday, March 21, 2012

မြန်မာစစ်တပ် ညှဉ်းပန်းမှုတွေ ကျူးလွန်ဟု HRW စွပ်စွဲ

ကို​ထွေး

ကချင် ပြည်နယ် မြောက်ပိုင်း မှာ၂ဝ၁၁ ဇွန်လ ကတည်းက ဖြစ်ပွား နေတဲ့ စစ်ပွဲ တွေကြောင့် ပြည်တွင်း မှာ နေရာမဲ့ ဖြစ်နေတဲ့ သောင်းနဲ့ ချီတဲ့ ပြည် သူ လူထု များ အပေါ် မြန်မာ အစိုး ရက ဆိုးရွားတဲ့ ညှဉ်းပန်း နှိပ်စက် မှု တွေ ကျူးလွန်ပြီး ကူညီ ထောက်ပံ့ တာတွေ ပိတ်ပင် ထားတယ်လို့ လူ့အ ခွင့်အရေး စောင့် ကြည့် လေ့လာရေး အဖွဲ့ (HRW) က စွပ်စွဲ ပြောကြား လိုက်ပါ တယ်။

နယူးယောက် အခြေစိုက် လူ့အခွင့် အရေး လေ့လာ စောင့်ကြည့် ရေး အဖွဲ့ က ‘ဒုက္ခ ပင်လယ် ဝေခြင်း’ – မြန်မာ နိုင်ငံ ကချင် ပြည်နယ် စစ်ပွဲ ကာ လ အတွင်း မတရား ညှဉ်းပန်းမှု များနှင့် စစ်ကြောင့် အိုးအိမ် မဲ့ဖြစ် ရခြင်းများ” လို့ အမည် ပေးထားတဲ့ အစီရင် ခံစာ ထုတ်ပြန် ပြီး ခုလို စွပ်စွဲ လိုက်တာ ပါ။

စာမျက်နှာ ၈၀ ကျော်ပါ ဒီ အစီရင် ခံစာမှာ မြန်မာ စစ်တပ်က ကချင် ရွာတွေကို တိုက်ခိုက် ဖျက်ဆီးခဲ့ တာတွေ၊ ပိုင်ဆိုင်မှု တွေကို ခိုးယူ လုယက် တာတွေ သောင်းနှင့် ချီတဲ့ ပြည်သူတွေ နေအိမ် ကနေ စွန့်ခွာသွား နေရ တာတွေကို အထောက် အထား တွေနဲ့  တကွ ရေးသား ထားပါ တယ်။

စစ်ပွဲကြောင့် ခန့်မှန်းခြေ ၇၅၀၀၀ ၀န်းကျင် ရှိတဲ့ ကချင် တိုင်းရင်းသားများနဲ့ ဒုက္ခသည်တွေဟာ အစားအစာ၊ ဆေးဝါးနဲ့  ခိုလှုံရာ နေရာ များ အလွန်လိုအပ်လျက် ရှိတယ်လို့ HRW အဖွဲ့က ဒေးဗစ် မက်သီဆန် ပြောပြပါတယ်။

“ကချင်ပြည်နယ်မှာ မြန်မာ့ တပ်မတော်က အရပ်သားတွေကို မတော်မတရား လုပ်တာတွေ၊ စစ်တပ် အတွင်းမှာ ခိုင်းစေတာတွေ၊ ကလေး စစ်သား အသုံပြုတာတွေ၊ ပိုင်ဆိုင်တဲ့ ပစ္စည်း ဖျက်ဆီးတာတွေနဲ့ ကချင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန် တာ တွေကို HRW ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာ ပြုစု ထားပါတယ်။ ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) က ကလေး စစ်သား အသုံးပြုတာ၊ မြေမြုပ်မိုင်း အသုံးပြုတာ၊ မတော်မတရား လုပ်တာတွေကလည်း နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်နေသလို ပါပဲ။”

စစ်သားများက သတင်းရရှိဖို့ စစ်ဆေး မေးမြန်းတဲ့ အခါမှာ အရပ်သားတွေကို ညှဉ်းပန်း နှိပ်စက် ခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့သလို အ မျိုး သမီးတွေကိုလည်း အဓမ္မပြုကျင့်ခဲ့တဲ့ သက်သေ အထောက်အထားများကို လည်း HRWအဖွဲ့က တွေ့ရှိခဲ့တယ် လို့ အစီရင်ခံစာ မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာအစိုးရက ဖွဲ့စည်း တည်ထောင်ထားတဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဟာ ကချင်ပြည် နယ်ရှိ ညှဉ်းပန်းမှုတွေကို ကြီးကြပ်ရာမှာ ထိထိရောက်ရောက် လုပ်ဆောင်တာ မရှိဘူးလို့ HRWအဖွဲ့က ဝေဖန်ပါတယ်။

HRWအဖွဲ့ ဟာ ၂၀၁၁ မှာ ကချင်ပြည်နယ်ကို ၂ ကြိမ် သွားရောက်ခဲ့ပြီး ပြုလုပ် ခဲ့တဲ့ တွေ့ဆုံမေးမြန်းချက် ၁၀၀ လောက် ပေါ်မှာ အခြေ ခံပြီး အစီရင်ခံစာကို ရေးသား ထားပါတယ်။

မြန်မာ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကတော့ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ လဆန်းက ကချင်ပြည်နယ်ကို ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ စေ လွှတ်ကာ စုံစမ်း စစ်ဆေး မှုတွေ ပြုလုပ်ခဲ့ပြီး ဒုက္ခသည်တွေကို လူမှု အကူအညီပေးရေး ကိစ္စတွေမှာ ပါဝင် ဆောင်ရွက်မယ် လို့ ကြေညာ ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ရော ကေအိုင်အေ တပ်ဖွဲ့တွေပါ နှစ်ဘက်စလုံး ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့လည်း တိုက်တွန်း ထားပါတယ်။

No comments:

Post a Comment