Tuesday, March 27, 2012

တာချီလိတ် ဗုံးပေါက်ကွဲမှု မိမိတို့နှင့်မသက်ဆိုင်ကြောင်း RCSS ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

သျှမ်းသံတော်ဆင့်


သျှမ်းပြည်အရှေ့ပိုင်း ဗုံးပေါက်ကွဲမှု အကြိမ်အရေအတွက်နှင့်ဖြစ်စဉ် ယနေ့တိုင် ပဟေဠိဖြစ်နေဆဲဖြစ်ပြီး သျှမ်းပြည် တပ်မတော် RCS S/SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်ကမူ မိမိတို့နှင့် မသက်ဆိုင်ကြောင်းပြောပါသည်။

“ ကျနော်တို့အနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ ဒီအရေးကြီးတဲ့ ကျနော် တို့ ရည်မှန်း ချက်ကို ဗုံးဖောက်ခွဲပြီး အပျက်စီးခံမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီကိစ္စ ကျနော်တို့လက်ချက်မဟုတ်ဘူးလို့ အတည်ပြုပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းပြည်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ကြီး ၄ ခု ( ဝ၊ မိုင်းလား၊ သျှမ်း(တောင်)၊ သျှမ်း(မြောက်)) ရှိရာ အပစ်ရပ် ငြိမ်းချမ်း ရေးဆွေးနွေး ကြပြီဖြစ်သဖြင့်ဗုံးဖောက်ခွဲမှုမှာ ၎င်းတို့လက်ချက်မဖြစ်နိုင်ကြောင်း၊ မူးယစ်ဆေးသို့မဟုတ်အစိုးရ အာဏာပိုင် များ အတွင်း မကျေနပ်မှု ကြောင့် ဖောက်ခွဲခြင်းလည်း ဖြစ်နိုင်ကြောင်း နယ်စပ်ထိုင်းလုံခြုံရေးအရာရှိတဦး၏ ပြောစကား ကိုကိုးကား၍ နိုင်ငံရေး၊ စစ်ရေး လေ့လာ သည့် နယ်စပ်နေ ပုဂ္ဂိုလ်တဦး ကပြောသည်။

“ အာဏာပိုင်တွေအထဲမှာလဲ အထက်လူကြီးက အစစအရာရာ သာနေပြီး အောက်ခြေဝန်ထမ်းတွေက လစာကအစ မလုံ မလောက်ဖြစ် နေတဲ့အတွက်ကြောင့် သူတို့အချင်းချင်း မကျေနပ်တာတွေရှိတယ်လို့ မကြာခဏ ကြားရတယ်။ နောက်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ရေးမှာလဲ အဲလိုဘဲ။ အာဏာပိုင်တွေနဲ့ ကုန်သည်တွေနဲ့က ဝင်ထွက်ရင်းနှီးကြတယ်။ လက်လီ အရောင်းသမားတွေကိုကျတော့ ဖမ်းတယ် အဲ့ထဲမှာလည်း မကျေနပ်မှုတွေရှိနေကြတယ်ဆိုတော့ အဲတာလဲ ဖြစ်နိုင်တယ်” ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။

၂၄ ရက်နေ့က ဗုံးပေါက်ကွဲမှု အပြီး မြို့တွင်း ဓါတ်တိုင်ကို ဝင်တိုက်သော မော်တော်ကားတစီးပါ လူ ၂ ယောက်ကို မသင်္ကာ မှုဖြင့် အာ ဏာ ပိုင်များ ဖမ်းဆီးထားကြောင်း၊ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ ၂ ဦးမှာ ဆေးရုံ၌ ကုသမှုခံယူနေကြောင်း၊ ထို့အပြင် နမ့်ဆိုင် နယ် စပ် ချောင်းအနီး၌ မော်တော်ကားတစီးကိုလည်း ဖမ်းဆီးထားကြောင်း၊ ကားမောင်းသမားမှာ လက် သည်ဖြစ်နိုင်ဖွယ်ရှိပြီး ထိုင်းဖက်ခြမ်း သို့ထွက်ပြေးသွားဖွယ်ရှိသည်ဟု မြန်မာရဲများ ယူဆ ကြောင်း ထိုင်းအာဏာပိုင်များ အသိုင်းအဝိုင်းကလည်း ပြောသည်။

ပြီးခဲ့သည့်စနေနေ့ မတ်ခ်ျလ ၂၄ ရက်နေ့က ထိုင်းနယ်စပ် တာချီလိတ်မြို့ ဂေါက်ကွင်း၌ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ၃ ကြိမ် ပေါက်ကွဲ သည် ဟုဆိုသူများ ရှိသကဲ့သို့ ၁၀ ကြိမ်ကျော်ပေါက်ကွဲသည်ဟု ပြောသူများလည်းရှိသည်။ သို့သော် အနီးအနား၌ နေထိုင်သူများမှာမူ ပေါက်ကွဲ သံမကြားရ ဟုဆို၏။

ထိခိုက်ဒဏ်ရာရသူအရေအတွက်ကိုလည်း ဂေါက်ရိုက် အာဏာပိုင် တယောက်၊ အိတ်အထမ်းသမားတယောက်၊ လုံခြုံ ရေး တယောက် စုစုပေါင်း ၃ ယောက်ဟုဆိုသကဲ့သို့ တချို့လဲ ၂ ယောက် သာဒဏ်ရာရသည်ဟုပြောကြောင်း၊ ရဲအသိုင်း အဝိုင်း ကမူ ဗုံး ၇ လုံး ပေါက် ကွဲရန်ရှိသည်ဟုပြောကြောင်း ရဲအာဏာပိုင်များနှင့်နီးစပ်သည့် ဆိုင်ကယ်သမား တဦးက ပြောပါ သည်။

No comments:

Post a Comment