Monday, July 30, 2012

နေဗီဆိပ်ကျေးရွာမှ ရခိုင်အမျိုးသားတစ်ဦး (၂) ရက်ခန့် ပျောက်ဆုံးနေပြီး အလောင်း ကိုသာ တွေ့ရှိ

ဒေါင်းမြရင်

ရခိုင်ပြည်နယ်၊ ရ သေ့တောင်မြို့နယ်၊ နေဗီဆိပ်ကျေးရွာမှ ဦးသာမောင် သည် ယခုလ၂၅ ရက်နေ့ က ပျေက်ဆုံးသွားရာမှ ၂၇ နေ့ တွင် ညောင် ပင်လှကျေး ရွာ ဘုတ်ဆိပ်တွင် အလောင်းကို တွေ့ရှိရာ ဒေသ ဆိုင်ရာ အာဏာပိုင်များက တစ်စုံတစ်ရာ စစ်ဆေးမှု မပြုလုပ်ဘဲ သင်္ဂြိုလ်လိုက် ကြောင်း သတင်းရရှိသည်။


ဦးသာမောင် အလောင်းကို တွေ့ရှိသဖြင့် သက်ဆိုင်ရာ ရဲသားများကို ရွာ သားများက ချက်ချင်း အ ကြောင်းကြားသော်လည်း ရောက်ရှိမ လာဘဲ နောက်ပိုင်းတွင် သေဆုံးမှုအပေါ်စစ်ဆေးမှု တစုံတရာ မပြုလုပ်ဘဲ အ လောင်းကို မြှုပ်နှံ သင်္ဂြိုလ်လိုက်ကြောင်း သတင်းရရှိသည်။


ဦးသာမောင် မှာ အသက် ၅၀ ရှိပြီး နွားကျောင်းသွားရာမှ အိမ်သို့ပြန်မရောက်သည့်အတွက် ၂၅ ရက်နေ့က ရွာ သားများ၎င်းသွားနိုင် သည့် နေရာနှင့် ရွာပတ်ဝန်းကျင်နေရာအနှံ့ လိုက်လံရှာဖွေသော်လည်း မတွေ့ရှိဘဲ ၂၇ ရက်နေ့မှ အလောင်းကိုတွေ့ရှိခြင်းဖြစ်သည်။

ဦးသာမောင် အလောင်းအားတွေ့ရှိရာတွင် လက်တဘက်မှာ လက်မောင်းရင်းက လှုပ်နေပြီး မျက် လုံးတဘက်တွင်လည်း ဒဏ်ရာ ရရှိကာ သွေး ထွက်နေကာ ပုံမှန်ရေနစ်သေဆုံးသည့် လက္ခဏာ အနေအထားမျိုးမဟုတ်ကြောင်း ရွာ သားတစ်ဦးက ပြောသည်။

ဦးသာမောင်မှာ သွေးရိုးသားရိုး သေဆုံးခြင်းမျိုးမဟုတ်ဘဲ လူပျောက်၊ သေဆုံးမှုဖြစ်ရာ အဆိုပါ အလောင်းအား တစ်စုံတရာ စုံစမ်းစစ် ဆေးမှု မပြုလုပ်ဘဲ မြုပ်နှံ့သင်္ဂြိုလ်ခြင်းကြောင့် နေဗီဆိပ် ကျေးရွာသား တစ်ချို့နှင့် ပတ်ဝန်ကျင်ရွာသားတစ်ချို့မှာ မခံမရပ်နိုင်ဖြစ်နေပြီး အမှုမှန်ပေါ် အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နေဗီဆိပ်ကျေးရွာ အနီးတ၀ိုက်တွင် ဘင်္ဂလီမူဆလင်များ နေထိုင်သော ရွာများရှိရာ ရခိုင်တိုင်းရင်းသား များ၏ လယ်မြေနှင့် ဘင်္ဂလီမူဆ လင် များ၏ လယ်မြေများမှာလည်း ထိစပ်နေကာ လယ်ထွန်၊ နွားကျောင်း၊ ဟင်းရှာကအစ အတူတကွသွားလာ လှုပ်နေကြကြောင်း သိရ သည်။

နေဗီဆိပ်ကျေးရွာနှင့် အနီးတ၀ိုက်တွင် ပြိုင်းတောင် ဘင်္ဂါလီမူလင်ရွာတွင် လူဦးရေ ၁၈၃၅ ယောက်ခန့်ရှိပြီး နှင့် ဘဲလာမီ ဘင်္ဂါလီ ကုလား ရွာ တွင် လူဦးရေ ၈၉၅ ယောက်ခန့်ရှိရာ ဘင်္ဂလီမူဆလင်ဦးရေမှာ ရခိုင်ဦးရေထက်များပြားရာ ဘင်္ဂလီမူလင်-ရခိုင်အထိကရုန်း ဖြစ်နေ သောကာ လအတွင်းတွင်လည်း ရခိုင်များအပေါ်တွင် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment