Saturday, August 25, 2012

ရခိုင်အရေး တည်ငြိမ် အေးချမ်း သွားပြီ ဖြစ်ကြောင်း မြန်မာ သံအမတ်က ဘင်္ဂလာ ဒေခ်ျ့ ၀န်ကြီးချုပ်ကို ပြောကြား

နိရဉ္စရာ

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခမှာ တည်ငြိမ်အေးဆေးသွားပြီ ဖြစ် ကြောင်း ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ဦးမျိုးမြင့်သန်းက ဘင်္ဂ လာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာကို ပြောကြားလိုက်သည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် ယမန်နေ့က သူမ၏ ရုံးခန်းတွင် သွားရောက် တွေ့ဆုံစဉ် မြန်မာ သံအမတ် ဦးမျိုးမြင့်သန်း က ထိုသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

မြန်မာ သံအမတ်က ယခုအခါ ရခိုင်အရေးမှာ မြန်မာ အစိုးရ၏ ကြိုပမ်းဆောင် ရွက်ချက်ကြောင့် အေးဆေး တည်ငြိမ်သွားပြီ ဖြစ်ကြောင်း၊ မြန်မာ သမ္မတမှ ရခိုင် အရေးကို စုံစမ်း စစ်ဆေးနိုင်ရန် လွတ်လပ်သော ၂၇ ဦးပါ စုံစမ်း စစ်ဆေး ရေး ကော်မရှင် တစ်ရပ်ကိုလည်း ဖွဲ့စည်းထားပြီး လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ် ကြောင်း ပြောကြားသည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်မှလည်း မြန်မာ အစိုးရ၏ ဆောင်ရွက်ချက်များကို ကြားသိရသဖြင့် ၀မ်းမြောက် ချီးကျူးပါကြောင်း၊ မြန်မာနိုင် ငံတွင် စီး ပွားရေး ဖွံ့ဖြိုးတိုးတက်မူနှင့် နိုင်ငံသားများ အားလုံး ညီမျှသောအခွင့်အရေးများရရှိခြင်းဖြင့်ငြိမ်းချမ်းရေးကိုတည်တံ့နိုင်မည်ဖြစ် ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက်ပိုင်းတွင် မြန်မာ သံအမတ်နှင့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်တို့သည့် အကျိုးတူ နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြ သည် ဟု ဆိုသည်။

ဆွေးနွေးသည့်အထဲတွင် ရခိုင်နှင့် ချင်းပြည်နယ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်း များမှာဓါတ်အား ၀ယ်ယူရေး ကိစ္စ၊ ကော့စ် ဘဇား ခရိုင် ဒုက္ခသည် စခန်း (၂) ခုမှ ဒုက္ခသည်များကို ပြန်ယူရေး ကိစ္စ၊ ရန်ကုန်- ဒက္ကား- စစ် တကောင်း လေကြောင်းလိုင်း ပျံသန်းရေး စာ ချုပ် လက်မှတ်ရေးထိုးရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

No comments:

Post a Comment