Wednesday, August 22, 2012

အစိုးရစစ်ကြောင်း တက်လာသောကြာင့် ဖါးကန့် ဒေသခံများ ထွက်ပြေးနေရ

KNG

ကချင်ပြည်နယ်ကျောက်စိမ်းထွက်ရာဖားကန့်မြို့နယ် မော်မောဘွမ် (Mawmaw Bum) သို့ မြန်မာအစိုးရ စစ်ကြောင်းတခုသည် သြဂုတ် ၁၈ ရက်တွင် စစ်အင်အားများဖြင့် ထိုးစစ်ဆင်လာသောကြောင့် ရွာသား များကြောက်လန့်၍ လုံခြုံရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေ ရကြောင်း သိရသည်။

မြန်မာအစိုးရတပ်များသည် ၎င်းသို့ဝင်ရောက်သောကျေးရွာများတွင် လုယက်မှုများ ညှင်းပန်းနှိပ် စက်မှုများ ပြုလုပ်မည်ကိုစိုးရိမ်သော ကြောင့် မောမော်ဘွမ်ရှိရွာသား၅၀၀ ကျော်နှင့် ကျောက်စိမ်းတူးသမားများသည် ဖားကန့်နှစ်ခြင်းအ သင်းတော်နှင့် ကက်သလိတ် RC ဘု ရားကျောင်း ဝင်းသို့ သြဂုတ်လ၁၉ ရက် နေ့တွင် ထွက်ပြေးခိုလှုံလာခဲ့ကြောင်း စစ်ဘေးကူညီသူတ ဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

မြန်မာအစိုးရတပ်များသည် စစ်အင်အား ၁၀၀ ကျော်ဖြင့် မောမော်ဘွမ်အနီးရှိ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်ရင်း(၆) ကိုထိုး စစ် ဆင် တိုက်ခိုက်ရန် ၎င်းနေရာသို့ ရုတ်တရက် စစ်ဆင်ဝင်ရောက် လာခြင်း ဖြစ်ကြောင်း သိရသည်။

မောမော်ဘွမ်သည် KIA ၏ အရေးပါသောနေရာတစ်ခုဖြစ်ကြောင်းသိရသည်။

၆ လနီးပါးတိုက်ပွဲများမရှိပဲ ငြိမ်နေသည့် ဖားကန့်ဒေသအတွင်းမြန်မာအစိုးရစစ်တပ်သည် ပြီးခဲ့ သည့် အပတ် မှ စတင်၍ စစ်အင်အားများပြန် လည် တိုးချဲ့လာခြင်းဖြစ်သည်။

ဖားကန့်ဒေသအတွင်းအစိုးရနှင့် KIO ကြား တိုက်ပွဲများပြင်းထန်မှုမရှိသော်လည်း ပြီးခဲ့သည့် မေလ ၃၁ နေ့တွင် မြန်မာအစိုးရတပ် ခလရ အ မှတ် (၁၆)သည် ဆိုင်းတောင်ကျေးရွာ (Seng Tawng mare) သို့ လက် နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံတဦးသေဆုံးပြီး ၆ ဦးဒဏ် ရာကာလူနေအိမ် အဆောက်အဦး တချို့ ပျက်စီးခဲ့သည်။

ဖားကန့်ဒေသသည် ကမ္ဘာတွင် အကောင်းဆုံးကျောက်စိမ်းထွက်ရှိရာနေရာဖြစ်ပြီး ၁၉၉၄ ခုနှစ်မှ ၂ ၀၁၁ ခုနှစ်အတွင်း မြန်မာအစိုးရနှင့် ကချင် လွတ်မြောက်ရေးအဖွဲ့ တို့ အပစ်ခတ်ရဲစဲရေးသဘောတူပြီးနောက် မြန် မာအစိုးရသည် ဖားကန့်ဒေသကိုစီမံခန့်ခွဲအုပ်ချုပ်ခဲ့သော ကြာင့် နှစ်စဉ် ဝင်ငွေသန်းချီရရှိသည့် နေရာ လည်း ဖြစ်ကြောင်းသိရသည်။

ယမန်နှစ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရတပ်ဖွဲ့ နှစ်ဖက်တိုက်ပွဲများစတင်လာချိန်မှ ဖားကန့်ဒေသကို KIO မှ အခွန် ငွေ များ ပြန်လည်ကောက်ခံကာ အစိုးအကျိုးတူ ဧရာမကျောက်စိမ်း ကုမ္ပ ဏီများလည်း ရပ်ဆိုင်းထားရခြင်းဖြစ်သည်။

No comments:

Post a Comment