ကော့လီ
အမည် မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ခြိမ်းခြောက်မှု စစ်ဆေးမှုကြောင့် အပြစ်မဲ့ အမျိုးသမီးတစ်ဦး သွေးလန့် သေဆုံးမှု တစ်ရပ် ရှမ်း ပြည်နယ် မြောက်ပိုင်း မူစယ်မြို့နယ်မှာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။
ယမန်နေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၅ နာရီအ ချိန်မှာ မူစယ်မြို့နယ် တိန်းလုံကျေးရွာအုပ်စုဝိန်း နန်းကျေးရွာ အုပ်ချုပ်ရေးမှူး စိုင်းအိုက်ထွန်း ရဲ့နေအိမ်ကို အရပ်ဝတ်လူ ၁၀ ဦးခန့်က ဝင်ရောက်ရှာဖွေစစ်ဆေး ရာမှာ စိုင်းအိုက်ထွန်း (အ သက် ၃၅ နှစ်) ရဲ့ ဇနီး နန်းရွှေခင်ကို သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက် စစ်ဆေးခဲ့ပြီးတဲ့နောက် မွန်းလွဲ ၃ နာရီမှာ နန်းရွှေခင် (အ သက် ၃၃ နှစ်) သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
မနက် လင်းအားကြီး ၅ နာရီလောက်၊ စိုင်းအိုက်ထွန်း အိမ်ကို ဝင်ရှာတယ်၊ တစ်အိမ်လုံးကို နှိုးပြီး စစ်တာ၊ စိုင်းအိုက်ထွန်း မိန်းမက နေမ ကောင်းလို့ မထနိုင်ဘူး၊ ဒါကို သူတို့က သေနတ်နဲ့ချိန် ခြိမ်းခြောက်ပြီး အတင်းထခိုင်း တယ်၊ ဘယ်လို ခြိမ်းခြောက်သလဲတော့ ကျနော်တို့လည်း မပြောတတ် ဘူး၊ အတော်လန့်သွားတယ်ထင်တယ်၊ နေ့လယ်ကျတော့ရွှေခင်သေတာ ပဲ – လို့ မူစယ်မြို့ တစ်ဦးက ကော့လီကို ပြောပြပါတယ်။
ယာမ ဆေးပြားထုပ် တစ်ထုပ်ကို စားပွဲပေါ်တင်ထားပြီး စိုင်းအိုက်ထွန်း တို့ကို မူးယစ်ဆေးဝါး ရောင်း တယ်လို့ စွပ်စွဲရာမှာ စိုင်းအိုက်ထွန်း က မိမိတို့ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း သုံးစွဲခြင်း မရှိပါကြောင်း တောင်းပန်ပြီးနောက် ၎င်းအဖွဲ့က နေအိမ်ကို ရှာဖွေကြပေမယ့် မသင်္ကာစရာ ဘာပစ္စည်းမှလည်း မတွေ့လို့ မနက် ၆ နာရီ လောက်မှာပဲ ပြန်ထွက်သွားကြတယ်လို့ သိရပါ တယ်။
စိုင်းအိုက်ထွန်း တို့ လင်မယား မူးယစ်ဆေးဝါး ရောင်းတယ်လို့ တစ်ခါမှ မကြားဖူးဘူး – လို့လည်း အဆိုပါ မူစယ်မြို့ခံက ပြောပါတယ်။
ဝိန်းနန်း အုပ်ချုပ်ရေးမှူး ဖြစ်တဲ့ စိုင်းအိုက်ထွန်းတို့ မိသားစုဟာ နာမည်ပျက် မရှိခဲ့ဖူးပေမယ့် သူတို့နေအိမ်ဟာ သာမန် ထရံကာအိမ်တစ်လုံးသာ ဖြစ်ပြီး ရပ်ကွက်အတွင်းမှာ ကုန်စုံဆိုင်ဖွင့်လှစ်ခြင်း၊ လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းများ ပိုင်ဆိုင်ခြင်းကြောင့် မသင်္ကာတာ ဖြစ်နိုင်သလို မနာ လိုသူများက မမှန်သတင်းပေးတာလည်း ဖြစ်နိုင်တယ်လို့ မူစယ်မြို့ခံများက သုံးသပ် ကြပါတယ်။
မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီး လာရောက်တာမို့လို့ မြန်မာရဲတပ်ဖွဲ့ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များလား ဟု ယူဆ နေသူ များလည်း ရှိ ကြောင်း သိရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရွှေခင်ကလက်နက်နဲ့ ခုခံနေတဲ့အကြမ်းဖက်သမားမှမဟုတ်ဘဲ၊ အိပ်ရာထဲလဲ နေ တဲ့လူကိုဒီလိုသေနတ်နဲ့ချိန်ပြီးခြိမ်းခြောက် တာမျိုးကို ရဲဆိုရင် မလုပ်သင့်ဘူး၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက အရေးယူ ဆောင် ရွက်ပေးဖို့ ကျားဖြူပါတီက ဆောင်ရွက်လိမ့်မယ် – လို့ မူစယ်မြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ နီးစပ်တဲ့ လူငယ် တစ် ဦးက ပြောပါတယ်။
မူစယ်မြို့နယ်ဟာ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းရဲ့ အဓိကဝင်ပေါက်မြို့ဖြစ်တာနဲ့အညီမူးယစ်ဆေးဝါးသုံးစွဲရောင်း ဝယ် မှုအင်မတန်ကျယ်ပြန့်တဲ့ ဒေသဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

No comments:
Post a Comment