Thursday, August 9, 2012

အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ထုတ်ဖေါ်ကြေညာရေးအဆို ရှုံးနိမ့်

မျိုးသန့် | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၈ ရက် ၂၀၁၂

အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုကို ထုတ်ဖေါ်ကြေညာပြီး လွှတ်တော်မှ မှတ်တမ်းတင်ထားရန် အဆိုကို ဗုဒ္ဓဟူးနေ့ ပြည်သူ့လွှတ်တော်အ တွင်း မဲခွဲဆုံးဖြတ်ရာ မဲအရေအတွက် ၂၀၀ ကျော်အကွာဖြင့် ရှုံးနိမ့် ခဲ့သည်ဟု အဆိုရှင် ပုသိမ် လွှတ်တော်အမတ် ဦးဝင်းမြင့် က မဇ္ဈိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လွှတ်တော်အမတ်ဖြစ်သူ ဦးဝင်းမြင့်၏ အဆိုကို ထောက်ခံမဲ ၆၈ မဲနှင့် ကြားနေမဲ ၁၅ မဲ ရရှိပြီး ကန့်ကွက်မဲ ၂၇၁ မဲဖြင့် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်၏ အစောပိုင်း အစီအစဉ်အရ ၎င်းအဆိုကို ဆွေးနွေးမည့်သူ ဦးစိန်ဝင်း (မအူပင်)၊ ဦးကျော်မင်း (လက်ပံတန်း)၊ ဒေါ်ဖြူ ဖြူ သင်း (မင်္ဂလာတောင်ညွန့်)၊ ဦးကျော်မြင့် (မြန်အောင်)၊ ဦးရဲထွန်း (သီပေါ)၊ ဒေါ်မြင့်မြင့်စန်း (ဝါးခယ်မ)၊ ဒေါက်တာဇော်မြင့်မောင် (ကျောက် ပန်းတောင်း)၊ ဒေါက်တာမျိုးအောင် (ဒဂုံ ဆိပ်ကမ်း)တို့ ရှစ်ဦးကဆွေးနွေးရန် ရှိခဲ့သည်။

သို့သော် လွှတ်တော်စတင်ပြီးနောက် ဦးဝင်းမြင့်၏ အဆိုကို ဆွေးနွေးလိုသူ ငါးဦး ထပ်မံ ပေါ်ပေါက်လာပြီးတပ်မတော်သားလွှတ်တော် အ မတ် နှစ်ဦးလည်း ပါဝင် ဆွေးနွေးခဲ့သည်ဟု ဦးဝင်းမြင့် က ပြောသည်။

တပ်မတော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် အခြေခံဥပဒေ ပုဒ်မ ၆၈ နှင့် မညီကြောင်း အဆိုကို ကန့်ကွက်ဆွေးနွေးသွားကြ သည် ဟု ဦးဝင်းမြင့် က ပြန်ပြောပြသည်။

အဆိုပါ ပုဒ်မ ၆၈ တွင် “နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစီးပွား တည်းသောဖြစ်သောမိသားစုပိုင်မြေ၊အိမ်၊ အဆောက်အအုံ၊ စီးပွားရေး လုပ်ငန်း၊ စုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီး အမှူးထံ ပေးပို့ရမည်” ဟု ပြဋ္ဌာန်းပါရှိသည်။

“ဟိုက (ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၆၈) သမ္မတနဲ့ ဒုသမ္မတ ကိစ္စ နှစ်ခုပဲပြောတာကိုး ကျနော် တင်တာကပြည်ထောင်စု အစိုးရအဖွဲ့ကော ပြည်နယ်တိုင်း အစိုးရ အဖွဲ့ကိုကော ပြောတာ။ ကျနော့်အမြင်ကတော့ ညီပါတယ်။ ဘာမှ ဆန့်ကျင်တာ မရှိဘူး။” ဟု ဦးဝင်းမြင့် က ဆိုသည်။

ဦးဝင်းမြင့်၏ အဆိုတွင် “Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean Governme nt (သန့်ရှင်းသော အစိုးရ) ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များအား၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရ သူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုး စီးပွားများကို ထုတ်ဖော် ကြေညာပြီး မှတ်တမ်း တင်ထားရန်” ဟု ပါရှိသည်။

အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို စာရင်းပြုစု၍ ယခုလ ၁ ရက်နေ့တွင် သမ္မတထံ တင်ပြရန်လည်း ဇူလိုင်လ ၂၆ ရက်နေ့က သမ္မတရုံးမှ ညွှန်ကြားထားသည်။ အစိုးရ အဖွဲ့ဝင်အချို့၏ ပိုင်ဆိုင်မှုစာရင်းများ သမ္မတရုံးသို့ လာရောက် စာရင်းပေးပို့နေကြပြီ ဟုလည်း သမ္မတရုံး အကြီး တန်းအရာရှိတဦးက မဇ္ဈိမကိုပြောသည်။ မည်သူများ စာရင်းပေးအပ် သည်ကိုမူ ၎င်းအရာရှိက ဖြေကြားခြင်းမရှိပါ။

သမ္မတရုံး၏ အဆိုပါ ညွှန်ကြားစာတွင် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော်ချုပ် တရားသူကြီး များ၊ နိုင်ငံတော်ဖွဲ့စည်း ပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ် ချုပ်၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ တရားသူကြီး ချုပ် များတရားသူကြီးများ စသည့် ပုဂ္ဂိုလ် ၇ မျိုး တို့၏ ပိုင်ဆိုင်မှုစာရင်းများ ပြုစုတင်ပြရန် ညွှန်ကြားထားသည်။

No comments:

Post a Comment