Friday, August 3, 2012

အစိုးရတပ်မှ KIO နှင့် မသင်္ကာမှုဖြင့် ဖမ်းဆီးသွားခဲ့သော ဦးမရန်ယောဟန် အား ပေါ်တာအဖြစ် အသုံးပြု

KNG

ရှမ်းပြည်နယ်မြောက်ပိုင်း မုန်ကိုးမြို့နယ် နမ်ဆူကျေးရွာ (Namsu)မှ ဇူလိုင်လ ၂၄ ရက်နေ့က ကချင်လွပ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် မတ ရား အသင်းဆက်သွယ်မှု မသင်္ကာမှုဖြင့် အစိုးရစစ်တပ် ဖမ်းဆီးခံခဲ့ရသော ဦးမရန်ယောဟန် (Slg. Maran Yaw Han) ကို စစ်တပ်မှ ပေါ် တာ ထမ်းခိုင်းနေကြောင်း သိရသည်။

အစိုးရစစ်တပ်များမှ KIA နှင့်ပတ်သက်ဆက်နွယ်ကြောင်းရှိမရှိ မေးမြန်းကာ မပတ်သက်ကြောင်းဖြေဆိုခဲ့ရာတွင် ရိုက်နှက်နှိပ်စက်ခဲ့ ကြောင်း ဦးမရန်ယောဟန် (Slg. Maran Yaw Han)နှင့်အတူ ဖမ်းဆီးခံရပြီး ပေါ်တာထမ်းရာမှ လွှတ်မြောက်လာသူ နမ်ဆူကျေးရွာမှ တရုတ်အမျိုးသား ဟုန်စီ (Hong Si)မှ သိရသည်။

၎င်း တရုတ်အမျိုးသားနှင့် မေးမြန်းခဲ့သူ ဒေသခံတစ်ဦးက “သူတို့နှစ်ယောက်ကို KIA နဲ့ ဆက်သွယ် သလားလို့ မေးတယ်တဲ့။ မဆက်သွယ်ဘူး ပြောတော့ ရိုက်နက်နှိပ်စက်တယ်တဲ့။ အဲလိုနဲ့ သူတို့ကို (အစိုးရစစ်တပ်)ရဲ့ ပစ္စည်းတွေကို ထမ်း ခိုင်းတယ်တဲ့။ ဟုန်စီက ကြာလာတော့ ဒဏ် ရာတွေကြောင့် လမ်းမလျှောက်နိုင်တော့ လမ်းမှာထားထားခဲ့တယ်တဲ့။ အဲဒါနဲ့သူကပြန် လွတ် လာတယ်။ ဦးယောဟန်ကိုတော့ ဆက်ပြီးခေါ် သွားတယ်တဲ့” ဟုပြောသည်။

မြန်မာအစိုးရစစ်တပ် ခလရ(၁၂၅)မှ ဦးမရန်ယောဟန် နေအိမ်တွင် ၀င်ရောက်ကာ သေနတ်ရှာဖွေခဲ့စဉ် တစ်စုံတစ်ရာမတွေ့ရှိခဲ့သော် လည်း ဇ နီးသည်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဇနီးဖြစ်သူအား ၎င်းကျေးရွာရှိ တရုတ်နေအိမ် တစ်အိမ်တွင် ဘယ်မှသွားခွင့်မပြုရန် အပ်ထားခဲ့ရာ နမ်ဆူကျေးရွာ ခရစ်ယာန် လူကြီးတစ် ဦး (သင်းထောက်)မှ အာမခံချက်ကြောင့် လွတ်ပေးခဲ့ခြင်းဖြစ်သည် ဟု ဒေသခံများပြောသည်။

ဦးမရန်ယောဟန်ကို အစိုးရတပ်များ ခေါ်ဆောင်သွားခဲ့ရာပြီးနောက် ပေါ်တာအဖြစ်ခိုင်းစေနေကြောင်း တရုတ်အမျိုးသား ဟုန်စီပြန်လာ ချိန်မှ သိရခြင်းဖြစ်ပြီး ယခုချိန်ထိ ထပ်မံ သတင်းများမကြားသောကြောင့် မိသားစုများစိုးရိမ်ပူပန်နေကြောင်း ဇနီးဖြစ်သူ လဘန်ဘောက် ခေါန် (Labang Bawk Hkawn) ပြောသည်။

ဦးလမရန်ယောဟန်နှင့် တရုတ်အမျိုးသား ဟုန်စီး တို့နှစ်ဦးအား စစ်ဆေးမေးမြန်းသူများသည် မုန်ကိုး (Mongkoe) အခြေစိုက် ထန်စီ (Htang Si) ပြည်သူ့စစ်နှင့် ယန်ဂွေဒုန် (Yang Goi Dung) ပြည်သူ့စစ်တပ်ဖွဲ့များဖြစ်ကြောင်း သိရသည်။

မြန်မာအစိုးရစစ်တပ်များသည် ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့တွင်လည်း ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်)မြို့နယ် ယိခူးကျေးရွာမှ ဦးဂ လောင်းဘောမ်ယော် (Slg. Galau Bawm Yaw) အား ကချင်လွပ်မြောက်ရေးအဖွဲ့ KIO နှင့် မသင်္ကာသူအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားကာ ရိုက်နှက်စစ်ဆေး၍ နှိပ်စက်မှု အမျိုးမျိုးပြုလုပ်ခဲ့ပြီး ရွာအနီးစစ်တပ်ဟောင်း တစ်နေရာတွင် မြုပ်ထားခဲ့သည်ကို ဒေသခံများ အ လောင်းရှာ ဖွေ တွေ့ရှိခဲ့သည်။

No comments:

Post a Comment